Headlines

ကူကီးလူမျိုးတို့ရဲ့ဘိုးဘွားပိုင်နယ်မြေတွေကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းတောင်းဆိုနေမှုအပေါ် ကန့်ကွက်

ဇွန်လ ၉ ရက်။ ကူကီးလူမျိုးတို့ရဲ့ သမိုင်းဝင် ဘိုးဘွားပိုင်နယ်မြေတွေကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းတောင်းဆိုနေမှုအပေါ် ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ (UKSC) က ဇွန်လ ၇ ရက်မှာ ကြေညာချက်ထုတ်ပြီး ကန့်ကွက်လိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နေပြည်တော်မှာ အာဏာသိမ်းစစ်ကော််မရှင်နဲ့ ရှမ်းနီအဖွဲ့တို့ ဆွေးနွေးရာမှာ ဟုမ္မလင်း၊ ခန္တီး၊ ကလေးနဲ့ တမူး ဒေသတွေကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးဖို့ ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း၊အဆိုပါဒေသတွေမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ ကူကီးလူမျိုးတွေရဲ့ သမိုင်းဝင်နယ်မြေတွေကို တခြားလူမျိုးတမျိုးရဲ့ ပိုင်နက်အောက် အတင်းအဓမ္မ ထည့်သွင်းတာကို လုံးဝလက်ခံမှာမဟုတ်ကြောင်း ကူကီးပြည်သွေးစည်းညီညွတ်ရေးကောင်စီ (UKSC)က ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ UKSC ရဲ့ ထုတ်ပြန်ချက်မှာ ကိုလိုနီခေတ် “သွေးခွဲအုပ်ချုပ်ခြင်း” မူဝါဒတွေကြောင့် ကူကီးနယ်မြေတွေ အစိတ်စိတ်အမြွှာမြွှာ ခွဲခြားခံခဲ့ရသလို၊ ၁၉၆၇ ခုနှစ်ကလည်း “ခါတော်မီစစ်ဆင်ရေး” ကြောင့်…

Read More

ကလေး – တမူး စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်နဲ့ချီ အိန္ဒိယဘက်နဲ့ကလေးမြို့ကို စစ်ဘေးတိမ်းရှောင်နေရ

ဇွန်လ ၈ ရက်။ အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူးကားလမ်းကို စစ်ကောင်စီက နှစ်ဘက်ညှပ် ထိုးစစ်ဆင်လာတာကြောင့် တမူးခရိုင် ၊ တမူးမြို့နယ် ကနန်ကျေးရွာနဲ့ ခမ်းပတ်မြို့နေ ဒေသခံပြည်သူအများစုဟာ အိန္ဒိယနဲ့ကလေးမြို့ဘက်ကို တိမ်းရှောင်နေကြရပြီး ကလေးမြို့ဘက်က ထွက်ပြေးတိမ်းရှောင်လာသူတွေ အိမ်ဌားစရာ မရှိဖြစ်နေကြရတယ်လို့လည်း ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်တွေကပြောပါတယ်။ ကနန်ဒေသခံတစ်ဦးက “ ကျမတို့က ကာနန်ဘက်ကကနေ စစ်ရှောင်လာတာ မနေ့တနေ့လောက်ကနေ စပြေးလာတာ ဟိုတနေ့ လေယာဉ်ကနေ ဗုံးကြဲတဲ့ချိန်လောက်ကနေ စလို့ ခမ်းပတ်ဘက်သူတွေ တော်တော်များများလည်း ထွက်ပြေးတိမ်းရှောင်ကြတယ် ဒီနေ့ဆို ရာဇဂြိုလ်ဘက်ကနေ လမ်းတွေလည်း ပိတ်ကုန်ပြီ ကျမတို့နေရာက တမူး – ကလေးကနေ နှစ်ဘက်ညှပ် စစ်ကြောင်းထိုးခံရတာဖြစ်လို့ ခမ်းပတ်၊ ကနန် ဘက်က ဒေသခံအများစု စစ်ဘေးရှောင်နေရတယ်…

Read More

ခမ်းပတ်မြို့ အနီးအနားဝန်းကျင်တွေကို စစ်ကောင်စီက ဒီကနေ့မနက်ပိုင်းက ဗုံးအလုံးရေအမြောက်အများနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့

ဇွန်လ ၄ ရက်။ အာဏာသိမ်း သမ္မတဦးမင်းအောင်လှိုင် အိန္ဒိယ ခရီးစဉ်ပြီးတဲ့နောက်ပိုင်း အိန္ဒိယ – မြန်မာနယ်စပ်လမ်းကြောင်းတခုဖြစ်တဲ့ ကလေး – ခမ်းပတ် – တမူး လမ်းမ ပြန်ဖွင့်နိုင်ဖို့ ကြိုးစားလာတာရှိပြီး ဒီကနေ့ ဇွန်လ ၄ ရက်နေ့ မနက်အစောပိုင်းကလည်း ခမ်းပတ်မြို့အနီးနားတဝိုက်ကို စစ်ကောင်စီတပ်က ဗုံးအလုံးရေအမြောက်အများနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO / CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။ အိန္ဒိယ – မြန်မာနယ်စပ် လမ်းမပေါ်မှာရှိပြီး ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်က ဒီကနေ့ မနက်ပိုင်း ၁ နာရီဝန်းကျင်လောက်မှာ Y – 12 နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနိုင်တဲ့…

Read More

သြစတြေးလျသံရုံးက ကယ်ဆယ်ထားတဲ့ အောက်ချင်းငှက် မိသားစု တိုးပွါးလာကြောင်းထုတ်ပြန်

မေလ ၁၄ ရက်။ လွန်ခဲ့သည့် ၃ နှစ်က မိုခါမုန်တိုင်းတိုက်ခတ်စဉ်အတွင်း ရန်ကုန်မြို့ရှိ ဩစတေးလျသံရုံးဝန်ထမ်းများ၏ ခြံဝန်းထဲသို့ လာရောက်ခိုလှုံခဲ့သည့် အောက်ချင်းငှက်နှစ်ကောင်ကို ကယ်ဆယ်ခဲ့သည်မှာ ၃ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ကာ ထူးခြားသည့်အမှတ်တရအဖြစ် အဆိုပါအောက်ချင်းငှက်မိသားစု တိုးပွါးလာကြောင်း မေလ ၁၄ ရက်မှာ ရန်ကုန်မြို့ရှိမြန်မာနိုင်ငံဆိုင်ရာသြစတြေးလျသံရုံးက ထုတ်ပြန်ပါတယ်။ အဆိုပါ အောက်ချင်းငှက်ဇနီးမောင်နှံသည် ထိုအချိန်မှစ၍ သံရုံးဝန်းအတွင်း၌ပင် နေထိုင်လာခဲ့ကြပြီး၊ ယခုအခါတွင် မိသားစုဝင် အောက်ချင်းငှက်ကလေးတစ်ကောင်ပါ ထပ်မံတိုးပွားလာပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ယနေ့ကျရောက်သည့် မိုခါမုန်တိုင်း ၃ နှစ်ပြည့် အမှတ်တရနေ့တွင် ဘေးဒဏ်သင့်ပြည်သူများကို ပြန်လည်သတိရခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ်ကြားမှ လွတ်မြောက်လာသည့် အောက်ချင်းငှက်မိသားစုလေး၏ သတင်းကောင်းကလည်း စိတ်မကောင်းစရာများကြားမှ ကြည်နူးစရာ မှတ်တမ်းတစ်ခုအဖြစ် ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း ကာလများတွင် သြစတြေးလျအစိုးရအနေဖြင့် ဘေးဒဏ်သင့်ဒေသများသို့ လူသားချင်းစာနာမှုဆိုင်ရာ…

Read More

ချင်းပြည်နယ်အပါအဝင် တိုင်း/ ပြည်နယ် (၇) ခုက ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက်၂ နှစ်အောက်ကလေးတွေကို ငွေကြေးထောက်ပံ့မယ်လို့ စစ်ကောင်စီထုတ်ပြန်

မေလ ၁၂ ရက်။ စစ်ဘေးဒဏ်သင့်နေတဲ့ ချင်းပြည်နယ်အပါအဝင် တိုင်းဒေသကြီး / ပြည်နယ် (၇) ခုက ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၎င်းတို့မှမွေးလာတဲ့ အသက် (၂) နှစ်အောက် ကလေးသူငယ်တွေကို ငွေကြေးထောက်ပံ့မှာဖြစ်တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် MRTV က ဒီကနေ့ မေလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ၂၀၂၆ ခုနှစ် ၊ မေလ ၂၆ ရက်နေ့ အထိ ကိုယ်ဝန်ဆောင်အဖြစ်ရှိနေသူတွေအနေဖြင့် MCCT အစီအစဉ်မှာ အကျိုးခံစားခွင့်ရရှိရန် အတွက် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး (သို့) နီးစပ်ရာ လူမှုဝန်ထမ်းရုံးတွေမှာ မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းသွင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အကျိုးခံစားခွင့်ရှိသူတွေကို…

Read More

မြန်မာသတင်းမီဒီယာတွေမှာ အမျိုးသမီးပါဝင်မှုနှုန်း မြင့်တက်လာပေမဲ့ သတင်းလွတ်လပ်ခွင့်နဲ့ လုံခြုံရေးကတော့ စိုးရိမ်ရဆဲဖြစ်

မေလ ၉ ရက် ကမ္ဘာလုံးဆိုင်ရာ မီဒီယာစောင့်ကြည့်ရေးအစီအစဉ် (GMMP) က ထုတ်ပြန်လိုက်တဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ မြန်မာ့သတင်းမီဒီယာတွေမှာ အမျိုးသမီးတွေကို သတင်းရင်းမြစ်အဖြစ် အသုံးပြုတာဟာ အရင်ကထက် သိသိသာသာ မြင့်တက်လာပေမဲ့ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသမားတွေရဲ့ ဘေးကင်းလုံခြုံရေးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာပဲ ရှိနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အစီရင်ခံစာပါ အချက်အလက်တွေအရ သတင်းတွေမှာ အမျိုးသမီးတွေရဲ့ အသံကို သတင်းရင်းမြစ်အဖြစ် အသုံးပြုမှုဟာ ၂၀၁၇ ခုနှစ်မှာ ၁၇ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်မှာ ၁၈ ရာခိုင်နှုန်းပဲ ရှိခဲ့ရာကနေ အခု ၂၀၂၅ ခုနှစ်မှာတော့ ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်လာတာပါ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့ (MWJS) ရဲ့ အလုပ်အမှုဆောင် မစိုးစံထိုက်က “ဒေတာတွေအရ သတင်းတွေထဲမှာ အမျိုးသမီးတွေကို…

Read More

စစ်ကော်မရှင်က အရပ်သားအစိုးရအသွင် ဖန်တီးနေသော်လည်း မီဒီယာများနှင့် သတင်းသမားများကို ဆက်လက်ခြိမ်းခြောက်နေကြောင်း IPCM ထုတ်ပြန်

မေလ ၄ ရက်။ စစ်ကော်မရှင်က အရပ်သားအစိုးရအသွင်ဖန်တီးနေသော်လည်း လက်တွေ့မှာတော့ လွတ်လပ်တဲ့ မီဒီယာတွေနဲ့ သတင်းထောက်တွေဟာ အမြဲတမ်း ခြိမ်းခြောက်မှုတွေအောက်မှာ ရှိနေဆဲဖြစ်တယ်လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ထုတ်ပြန်လိုက်ပါတယ်။ မေလ (၃) ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ IPCM က ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ အဲဒီထဲမှာ ပြီးခဲ့တဲ့ ဧပြီလ (၂၄) ရက်နေ့ကမှ လိုင်စင်ရုပ်သိမ်းခံခဲ့ရတဲ့ ချင်းဝေါလ် (Chin World)၊ ခိုနူမ်းသုန် (Khonumthung News) နဲ့ Now a days သတင်းဌာနတွေရဲ့ အခြေအနေကို မီးမောင်းထိုးပြထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ရွှေဖီမြေသတင်းဌာနရဲ့ လိုင်စင်ကို ပယ်ဖျက်ခဲ့ပြီးနောက်မှာ ထပ်မံလုပ်ဆောင်လာတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ်…

Read More

ကလေးမြို့အကျဉ်းထောင်ကနေ အကျဉ်းသား ၃ ဦးလွတ်လာပြီး နိုင်ငံရေးအကျဉ်းသူ/သား မပါဘူးလို့ သိရ

ဧပြီလ ၃၀ ရက်။ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေး နဲ့ လူသားချင်းစာနာထောက်ထားမှု အားဖြင့် ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့မှာ နိုင်ငံတဝန်းက အကျဉ်းသား / သူ ၁၅၀၈ ဦး ပြန်လွတ်ငြိမ်းပေးတဲ့အထဲ ကလေးမြို့ မော်လိုက်အကျဉ်းထောင်ကနေ အကျဉ်းသား ၃ ယောက်လွတ်လာတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသားအရေးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက “ ကလေးမြို့မော်လိုက်အကျဉ်းထောင်ကနေ ၃ ယောက်လွတ်လာတယ် ၊ လွတ်လာတဲ့ထဲ နိုင်ငံရေးအကျဉ်းသူ / အကျဉ်းသားတော့ မပါဘူး” လို့ ပြောပါတယ်။ လူသားချင်းစာနာထောက်ထားမှုကို အလေးထားတဲ့အနေဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်နိုင်စေရန် တို့အတွက် အကျဉ်းထောင်၊ အချုပ်ထောင် ၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား/…

Read More

ချင်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်တချို့မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခိုက်ခံရနိုင်ချေ ရှိတယ်လို့ သတိပေးထုတ်ပြန်

ဧပြီလ ၂၈ ရက်။ ချင်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်တချို့မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခိုက်တာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်သတိပြုကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုးဦးစီးဌာနက ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ချင်းပြည်နယ်အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ ဆိုပါတယ်။ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရလည်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊…

Read More

ကပစ -၁၄ ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဘက်က ဗိုလ်အဆင့်ရှိသူအပါအဝင် ၃ ဦးသေဆုံး ၊ ၁၃ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ထုတ်ပြန်

ဧပြီလ ၂၃ ရက်။ မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ အခြေစိုက်ထားတဲ့ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ ( ကပစ -၁၄) ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ဗိုလ်အဆင့်ရှိသူတွေအပါအဝင် စုစုပေါင်း ၃ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို(CDF-Asho)က ဧပြီလ ၂၂ ရက်နေ့က ထုတ်ပြန်ပါတယ်။ ချင်းကာကွယ်ရေးတပ် – အရှို တပ်ဖွဲ့က ငဖဲမြို့နယ်၊ ရှောက်တောင်ကျေးရွာအနီးက စစ်ကော်မရှင်တပ်ရဲ့ အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ ( ကပစ – ၁၄) ကို ရှော့တိုက်ဒုန်းဖြင့် ဧပြီလ ၂၀ ရက်နေ့ နေ့လည်လောက်မှာ လူ့ဘောင်သစ်တပ်မတော် ( NSA) နဲ့…

Read More