ကလေးမြို့ရှိ ဝယ်စလီဆေးရုံကြီးအား ၅ ထပ် အဆောက်အအုံသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်

ဩဂုတ်လ ၃၁ ရက်။ ကလေးမြို့ တာဟန်းရပ်ကွက် ရှိ ဝယ်စလီ ပုဂ္ဂလိက ဆေးရုံကြီးကို လက်ပံချောင်းလမ်းဟု လူသိများ​သော ကလေး-ရာဇဂြိုလ် လမ်းမ အနီးမှာ ဆောက်လုပ်ထားတဲ့ ငါးထပ် ရှိတဲ့ ဆေးရုံအဆောက်အဦးသစ် သို့ ပြောင်းရွှေ့ ဖွင့်လှစ် လိုက်ပြီ ဖြစ်ပြီး လူမှုကူညီရေး အသင်းများမှ သြဂုတ် ၂၉ ရက်နေ့မှာ ဆေးရုံရှိ လူနာများ ကူညီ ရွေ့ပြောင်း ပေးကြတယ် လို့ ဒေသခံများ ထံမှသိရှိရ ပါတယ်။ “သောကြာနေ့ ညနေ အလုပ်က ပြန်လာတော့ လက်ပန်ချောင်း လမ်းခွဲ တချို့ လမ်းထောင့် တွေမှာ ဝယ်စလီ ဆေးရုံ သစ်သို့ ဆိုတဲ့ လမ်းညွှန် ဆိုင်းဘုတ် အသစ်တွေ စိုက်ထားတာ တွေ့ရတယ်။…

Read More

တစ်ကိုယ်တော်ပြပွဲလုပ်မယ့် ပန်းချီကားတွေကို ကျောင်းစရိတ်အတွက် ချင်းလူငယ် ပန်းချီဆရာ ဆလိုင်းနံရံ အွန်လိုင်းကနေ ရောင်းချ

ဩဂုတ်လ ၃၀ ရက်။ ချင်းလူငယ် ပန်းချီအနုပညာရှင် ဆလိုင်းနံရံဟာ သူကိုယ်တိုင် ရေးဆွဲထားပြီး တစ်ကိုယ်တော် ပန်းချီပြပွဲအတွက် စုစည်းထားတဲ့ “Chin Lady” ပန်းချီစီးရီးကို ကျောင်းစရိတ်အတွက် ရည်ရွယ်ပြီး ဩဂုတ်လ ၂၈ ရက်နေ့မှာ လူမှုကွန်ရက်ကတစ်ဆင့် ရောင်းချခဲ့ပါတယ်။ “အဆင်ပြေတဲ့ အချိန်ကျရင် တစ်ကိုယ်တော် ပြပွဲလုပ်ဖို့ စုထားတဲ့ ပန်းချီကားတွေပါ။ ကျွန်တော့်ရဲ့ “Chin Lady” စီးရီးထဲက ပန်းချီကား ၁၃ ကားစလုံးကို ရောင်းချတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမှာ စိတ်ပညာ (Psychology) နဲ့ မဟာတန်းတက်ဖို့ ပြင်ဆင်နေပြီး တက်ရောက်ခွင့်လည်း ရရှိထားပါပြီ။ ပထမနှစ်ဝက် စတက်တော့မှာမို့ ကျောင်းစရိတ် လိုအပ်လာတာကြောင့် အခုလို ရောင်းချရတာပါ” လို့ သူက Chin World…

Read More

Chinland FC ရဲ့ကစားသမား Pa Lung အား ပြန်လည်တွေ့ရှိကြောင်း၊မိခင်ဆီအရေးပေါ်ပြန်သွားလို့အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်

ဩဂုတ်လ ၂၉ ရက်။ Chinland FC ရဲ့ကစားသမား Pa Lung ကို ၇ ရက်အကြာ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီးနောက် ယခုအခါ ဘေးကင်းစွာ ပြန်လည်တွေ့ရှိခဲ့ပြီး အသင်းနှင့်လည်း ပြန်လည်ပူးပေါင်းနေပြီဖြစ်ကြောင်း Chinland FC မှ ဝမ်းမြောက်စွာဖြင့် အများပြည်သူသို့ အသိပေးအပ်ပါတယ်လို့ ဒီနေ့ဩဂုတ်လ ၂၉ ရက်မှာ Chinland FC ကသတင်းထုတ်ပြန်ပါတယ်။ Myanmar League-1 မှာ ယှဉ်ပြိုင်နေတဲ့ Chinland FC ဘောလုံးအသင်းရဲ့သတင်းထုတ်ပြန်ချက်မှာ”Pa Lung သည် မိခင်ဖြစ်သူ၏ ကျန်းမာရေး အထူးအရေးပေါ်အခြေအနေကြောင့် အသင်းထံ အကြောင်းကြားနိုင်ခြင်းမရှိဘဲ နေရပ်သို့ အရေးပေါ်ပြန်သွားခဲ့ရခြင်းဖြစ်ပါသည်။ ခရီးလမ်းတွင် ဖုန်းအားကုန်သွားခြင်းနှင့် အခြားဆက်သွယ်ရေးအခက်အခဲများကြောင့် အသင်းနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း၊ယခုအချိန်တွင် Pa Lung နှင့် အဆက်အသွယ်ပြန်လည်ရရှိပြီး အသင်းသို့လည်း…

Read More

Chinland FC ဘောလုံးအသင်းမှ ကစားသမား Pa Lung ပျောက်ဆုံးနေ

ဩဂုတ်လ ၂၇ ရက်။ ဒီနှစ် Myanmar League -1 မှာ ယှဉ်ပြိုင်မယ့် ရန်ကုန်မြို့အခြေစိုက် Chinland FC ဘောလုံးအသင်းမှ ကစားသမား Pa Lung ပျောက်ဆုံးနေကြောင်း Chinland FC ဘောလုံးအသင်းမှ ဒီနေ့ ဩဂုတ်လ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ Chinland FC ဘောလုံးအသင်းမှ “ကျွန်တော်တို့ Chinland FC ဘောလုံးအသင်းမှ ကစားသမား၊ Myanmar League တွင် ကစားနေသူ၊ မတူပီမြို့နယ်သား အသက် (၂၂) နှစ်အရွယ် Pa Lung (Chinland FC ကျောနံပါတ် ၅) သည် ပျောက်ဆုံးနေပါသည်။ ပြီးခဲ့သည့် စနေနေ့က ဖူဆယ်ပွဲကြည့်ပြီး လိုင်းကားဖြင့် ပြန်လာကာ ၇/၈…

Read More

ကလေးမြို့မှာ စစ်ကောင်စီရဲ့ စစ်ကြောရေးအတွင်း သေဆုံးသူချင်းလူငယ်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ သဂြိုလ်

ဩဂုတ်လ ၂၇ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အဌားယာဉ်မောင်းလိုက်နေတဲ့ အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian Mang ဟာ စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် စစ်ကြောရေးမှာ သေဆုံးခဲ့ကာ သူ့ရဲ့ရုပ်အလောင်းကို ဒီကနေ့ သြဂုတ်လ ၂၇ ရက်နေ့မှာ သဂြိုလ်ခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ သူတွေဆီကနေသိရပါတယ်။ အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian Mang ဟာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ၊ Heilei ကျးရွာဇာတိကဖြစ်ပြီး ကလေးမြို့တွင် အဌားယာဉ်မောင်းလိုက် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး သြဂုတ်လ ၂၅ ရက်နေ့ မနက်ပိုင်းတွင် အဌားယာဉ်မောင်းလိုက်နေစဉ် ၎င်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်း…

Read More

တရုတ်နိုင်ငံရဲ့သတိပေးမှုနဲ့ မှားယွင်းသည့် သွန်သင်မှုမျိုးရှိလို့ ဝ ဒေသမှာ ခရစ်ယာန်ဘုရားကျောင်းတချို့ကိုယာယီပိတ်ပင်တာဖြစ်တယ်လို့ UWSA ဖြေရှင်း

ဩဂုတ်လ ၁၅ ရက်။ တရုတ်နိုင်ငံရဲ့သတိပေးမှုနဲ့ မှားယွင်းသည့် သွန်သင်မှုမျိုးရှိလို့ ဝ ဒေသမှာ ခရစ်ယာန်ဘုရားကျောင်းတချို့ကိုယာယီပိတ်ပင်တာဖြစ်တယ်လို့မြန်မာနိုင်ငံရဲ့အင်အားအကြီးဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့”ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် – UWSA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက သူ့ရဲ့ Facebook စာမျက်နှာမှာ ဖြေရှင်းထားပါတယ်။ UWSA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက “ခုရက်ပိုင်း၌မိမိတို့”ဝ”ပြည်နယ် အတွင်း ခရစ္စယာန် ဘုရားကျောင်းအချို့ယာယီပိတ်သိမ်းမှု နှင့်ပါတ်သက်ပြီး မီဒီယာမိတ်ဆွေများအတော် စိတ်ဝင်စား ဖုန်းဆက် message ပို့ မေးလာမှုနှင့်ပါတ်သက်ပြီး ၁။ မိမိတို့”ဝ”ပြည်နယ် အတွင်း၌ စည်းကမ်းရှိသည့် ဘာသာရေးလွပ်လပ်ခွင့် ဥပဒေပြု ပြဌာန်းထားရှိပါသည်။ ၂။ တဖက်နိုင်ငံ၏သတိပေးလာမှုနှင့် “ဝ”ပြည်၌ အစွန်းရောက်သည့်ဘာသာရေး စည်းရုံးလှုံ့ ဆော်သူအချို့စိပ့်ဝင်နေကြောင်း ဖျားနာလျှင် ဆေးသောက် /အလုပ် လုပ်စရာမလို ဘုရားမှကောင်းစေမည်ဆိုပြီး မှားယွင်းသည့် သွန်သင်မှုမျိုးရှိလို့ခရစ်ယာန်ဘုရားကျောင်းတချို့ကိုယာယီပိတ်ပင်တာဖြစ်။ ၃။ “ဝ”ပြည်ပြင်ပမှ…

Read More

ကလေးမြို့မှာ လူငယ်တွေကို စစ်မှုထမ်းဖို့ဖမ်းဆီးသူ အုပ်ကြီးဟောင်း ဦးစိုင်းမောင်ကြည်ကို ဓားဖြင့် ထိုးခဲ့တဲ့ တရားခံအပြင် အမှုနဲ့ မသက်ဆိုင်တဲ့ သားဖြစ်သူကိုပါ ဖမ်းဆီးထားတယ်လို့ သိရ

ဩဂုတ်လ ၁၀ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးရာမှာ နာမည်ကြီးသူ မြို့သာ ရပ် ကွက်အုပ်ချုပ်ရေးမှုးဟောင်း ဦးစိုင်းမောင်ကြည်ကို ဓားဖြင့်ထိုးခဲ့တဲ့ တရားခံအပြင် တရားခံ၏ သားကိုပါ ကလေးမြို့မရဲစခန်းမှာ မတရားဖမ်းဆီးထားတယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ မြို့သာ ရပ် ကွက်အုပ်ချုပ်ရေးမှုးဟောင်း ဦးစိုင်းမောင်ကြည်ဟာ ဩဂုတ်လ (၃) ရက်နေ့ညပိုင်းက ဓားထိုးခံအိမ်သို့ ကွမ်းယာသွားရောက် တောင်းစားခဲ့ပြီး တရားခံ၏ သားဖြစ်သူမှ အိမ်တွင် ကွမ်းယာမရှိကြောင်း နဲ့ မိမိ၏ အရီးအိမ်တွင် ရှိကြောင်းပြောပြီး သွားရောက် သွားရောက် ကွမ်းယာနေစဉ် ဖြစ်ပွားခဲ့တဲ့ ပြဿဖြစ်ပြီး ဖြစ်စဉ်အပြီး ဦးစိုင်းမောင်ကြည်သာဟာ သူရဲ့ နေအိမ်သို့ပြေးကာ ခြံတံခါး အိမ်တံခါးတွေ ပိတ်ပြီး ရဲစခန်းကို တိုင်တန်းခဲ့ပြီး တရားခံမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့လို့…

Read More

စစ်ကောင်စီထိန်းချုပ်ပြီဖြစ်တဲ့ ကလေး – တမူးလမ်းပေါ်က ခမ်းပတ်မြို့နဲ့ကျေးရွာတချို့က ဒေသခံ အများစု နေရပ်မပြန်ရဲ

ဩဂုတ်လ ၃ ရက်။ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက် ကလေး – တမူးလမ်းကြောင်းပေါ်က ခမ်းပတ်မြို့အပါအဝင် ကျေးရွာတချို့က ဒေသခံ အများစုဟာ နေရပ်မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ သတင်းရင်းမြစ်တစ်ဦးက “အုပ်ချုပ်ရေးပိုင်းက ဝန်ထမ်းတွေနဲ့ မြို့ခံတချို့လောက်ဘဲ ပြန်ကြတာရှိတယ် အများစုကတော့ မပြန်ရဲကြသေးဘူး အဓိကတော့ တိုက်ပွဲတွေ ပြန်ဖြစ်လာမှာ စိုးရိမ်ကြတာရှိသလို နောက်ဆက်တွဲ လုံခြုံရေးပိုင်ရာ အကြောင်းတွေကြောင့် မပြန်ရဲကြသေးဘူး၊ စော်ဘွားရေရှင်၊ ဖက်ယားရေရှင်၊ ကျွန်းတောရေရှင် ရွာခံအချို့ဆို ခမ်းပတ်တိုက်ပွဲဖြစ်ကတည်းက ပြန်ဝင်သွားကြတာလည်းရှိတယ်” လို့ပြောပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ရဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ၂ နှစ်ကျော် ထိန်းချုပ်လာတဲ့ အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူး လမ်းကို ဇူလိုင်လ ၃၁ ရက်နေ့မှာ အပြည့်အဝ…

Read More

ကလေး – တမူးလမ်းကြောင်းကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီထုတ်ပြန်

သြဂုတ်လ ၁ ရက်။ အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ရဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ၂ နှစ်ကျော် ထိန်းချုပ်လာတဲ့ အိန္ဒိယ – မြန်မာနယ်စပ် ကလေး – တမူးလမ်းကို ဇူလိုင်လ ၃၁ ရက်နေ့မှာ အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီက ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့မှာထုတ်ပြန်ပါတယ်။ အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကလေး – တမူးလမ်းကြောင်းကို စစ်ကောင်စီတပ်ဖွဲ့ဘက်က အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ဖို့ အတွက် ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ကစလို့ တမူး နဲ့ ကလေးမြို့ဘက်ကနေ စစ်ကြောင်း ၂ ကြောင်းဖြင့် နှစ်ဖက်ညှပ်ပြီး မြေပြင်သာလွန်အင်အားအပြင် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီ စစ်ကြောင်းထိုးတိုက်ခိုက်လာလို့…

Read More

၂၀၂၇ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကို နိုင်သူအကုန်ယူစနစ်ဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမယ်

ဇူလိုင်လ ၃၁ ရက်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပပြီးစီးခဲ့သော ပါတီစုံရွေးကောက်ပွဲရဲ့နောက်ဆက်တွဲအဖြစ် ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ၂၀၂၇ ခုနှစ်အတွင်း နိုင်သူအကုန်ယူစနစ်ဖြင့် မြို့နယ် ၁၀၂ မြို့နယ်မှာ ကျင်းပမည်ဖြစ်ကြောင်း ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ အစိုးရ ရက် ၁၀၀ ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ အာဏာသိမ်းစစ်ခေါင်းဆောင်၊သမ္မတဦးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရဖွဲ့စည်းအပြီး လစ်လပ်သွားသည့်နေရာများနှင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သော နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ တွင် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၈၉ နယ်၊ အမျိုးသားလွှတ်တော် ၁၅ နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၆၈ နယ်၊ စုစုပေါင်း…

Read More