အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်
အောက်တိုဘာလ ၇ ရက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုတိယဥက္ကဋ္ဌ (၂ )နဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ၂၀၁၆ ကနေ ၂၀၂၁ ထိ ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ အသက် ၇၃ နှစ်အရွယ်မှာ ဒီနေ့ အောက်တိုဘာလ ၇ ရက်မနက်ပိုင်းမှာမန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီရဲ့ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာ ၇ ရက်နေ့ နံနက်က ကွယ်လွန်သွားပြီလို့ ဇနီးဖြစ်သူ ဒေါ်ယုယုမေက သူ၏လူမှုကွန်ရက်ကနေ ရေးသားထားပါတယ်။ မန္တလေးဇာတိ ဒေါက်တာဇော်မြင့်မောင်ဟာ စိန့်ပီတာအထက်တန်းကျောင်းနဲ့ မန္တလေးဆေးတက္ကသိုလ်မှာ ပညာသင်ယူခဲ့ပြီး ၁၉၇၉ မှာ ဆရာဝန်ဘွဲ့ရရှိခဲ့ပါတယ်။၁၉၈၈ အရေးအခင်းအပြီးမှာ နိုင်ငံရေးလောကထဲ ဝင်လာခဲ့ပါတယ်။ ၁၉၉၀ မှာ NLD အမတ်အဖြစ် အမရပူရမြို့နယ်က အမတ်အရွေးခံရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉၀ မှာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရပြီး…