အိန္ဒိယ – မြန်မာနယ်စပ်အနီးမှာတည်ရှိတဲ့ တီးတိန်မြို့နယ်ထဲက ကျေးရွာတစ်ရွာကို စစ်အုပ်စုက လေကြောင်းကနေ တိုက်ခိုက်
ဧပြီလ ၃၀ ရက်။ အိန္ဒိယ – မြန်မာနယ်စပ် မီဇိုရမ်နယ်စပ်ကနေ ကီလိုမီတာ ၂၀ ဝန်းကျင်သာကွာဝေးတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Heilei ကျေးရွာ နှင့်Tuichirh ကျေးရွာတို့ကြားရှိ khuaimual ကျေးရွာကို စစ်အုပ်စုက ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့ မနက်ပိုင်း ၇ နာရီခန့်လောက်မှာလေကြောင်းတိုက်ခိုက်ခဲ့လို့ အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိမိတာမျိုးတော့ မရှိဘူးလို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ တီးတိန်မြို့နယ်က Heilei ကျေးရွာ နှင့် Tuichirh ကျေးရွာတို့ကြားရှိ khuaimual ကျေးရွာကို ဒီကနေ့မနက်ပိုင်း ၇ နာရီ ၄ မိနစ် နှင့် ၇ နာရီ ၈ မိနစ်ခန့်တွင် တံတားဦးလေတပ်ကနေ တက်လာတဲ့ စစ်အုပ်စုရဲ့ Yak-130 ဂျက်ဖိုက်တာ…

