Headlines

ရန်ကုန်မှာ အထက်တန်းကျောင်းသား ချင်းလူငယ်တစ်ဦး ပျောက်ဆုံးနေပြီး မိသားစုက အကူအညီတောင်းခံ

နိုဝင်ဘာလ ၁၀ ရက်။ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဥဿလင်းဝကျေးရွာဇာတိဖြစ်သူ ခူမီး(ချင်း)လူငယ်တစ်ဦးဖြစ်တဲ့ အသက် (၁၈) နှစ်အရွယ် အထက်တန်းကျောင်းသား မောင်ညီညီမောင် ဟာ နိုဝင်ဘာလ (၇) ရက်နေ့က ပျောက်ဆုံးခဲ့ပြီး ဒီကနေ့ချိန်ထိ အဆက်အသွယ်မရလို့ မိသားစုဝင်တွေက စိတ်ပူနေကြကာ၊တွေ့ရှိရင် ဆက်သွယ်ပေးဖို့ အကူအညီတောင်းခံထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ မိသားစုနဲ့ နီးစပ်သူတစ်ဦးက“ သူ့အမေက ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုံမှာ အလုပ်လုပ်တယ် အခုပျောက်သွားတဲ့ သူ့သားကလည်း အထက်တန်းကျောင်းသား ၁၁ တန်း တက်နေတာ ဒီသီတင်းကျွတ် ကျောင်းပိတ်တဲ့ချိန်ကစလို့ ကျောင်းနားပြီး အလုပ်လုပ်ချင်တယ်ဆိုလို့ သူ့အမေအလုပ်လုပ်တဲ့ သာဓုကန်စက်မှုဇုံမှာ အလုပ်လျှောက်ဖို့ သွားခဲ့တယ် သူ့အမေက အပြင်ကနေ စောင့်ဖို့ပြောပြီး သူက အလုပ်ဆက်လုပ်တယ် အဲဒီနေ့လည်ပိုင်းလောက်ကနေစပြီး ပျောက်သွားတာ…

Read More

တီးတိန်မြို့ကနေ သိုင်းငင်းရွာဘက်ကို ချီတက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ CDF-CDM-Siyin တပ်ဖွဲ့တို့ လေထန်ကုန်းမှာ ထိတွေ့ တိုက်ပွဲ ဖြစ်

နိုဝင်ဘာလ ၈ ရက်။ နိုဝင်ဘာလ ၇ ရက်နေ့ နေလည် ၁ နာရီခန့်မှာ တီးတိန်မြို့နယ် အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့ တခု ဖြစ်တဲ့ CDF-CDM-Siyin နှင့် တီးတိန်မြို့ ကနေ သိုင်းငင်းဘက်ကို ဦးတည် ချီတက် စစ်ကြောင်း ထိုးလာတဲ့ အင်အား ၃၀၀ ကျော် ရှိတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တို့ လေထန်ကုန်းခေါ် ဖို့ဝှိုက်မှာ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ် လို့  စစ်ရေး သတင်း အရင်းအမြစ်တစ်ဦးဆီကနေ သိရှိရပါတယ်။ “အခု ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ရတာက တီးတိန်မြို့ ရှိ ၂၆၉ တပ်ရင်း ကနေ အောက်တိုဘာလ ၂၉ ရက်နေ့က သိုင်းငင်းရွက်ဘက်ကို ဦးတည်  ထွက်လာတဲ့ စကမ စစ်သားတွေ…

Read More

တီးတိန်မြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့က လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသမီး ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၁၄ ဦးကိုကယ်တင်နိုင်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ထုတ်ပြန်

နိုဝင်ဘာလ ၇ ရက်။ တီးတိန်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး အဓမ္မပြုကျင့်ခဲ့တဲ့အမျိုးသမီး ၁ ဦး အပါအဝင် ဒေသခံပြည်သူ ၁၄ ဦးကို ချင်းညီနောင်တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးထားကြောင်း ချင်းလက်နက်ကိုင် ၆ ဖွဲ့စုစည်းထားတဲ့ ချင်းညီနောင်အဖွဲ့က ဒီကနေ့ နိုဝင်ဘာလ (၇) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့ကစလို့ စစ်ကော်မရှင်တပ်ဖွဲ့ဟာ စစ်အင်အားအလုံးအရင်း (၄၀၀) ခန့်က ဒေသခံပြည်သူတစ်ချို့ကို ဖမ်ဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ပြီး တီးတိန်မြို့ကနေ ကလေးလမ်းပိုင်း သိုင်းငင်းဖက်ကို ဦးတည် စစ်ကြောင်းထိုးခဲ့ကြောင်း၊နိုဝင်ဘာလ ၃ ရက်နေ့မှာ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး ထိုးစစ်ဆင်လာပြီး တီးတိန် – ကလေးလမ်း ဆွောမ်းပီး…

Read More

စစ်ကော်မရှင်တပ်အင်အားရာချီ ဖလမ်းမြို့ဖက်ကို ဆက် ဦးတည် စစ်ကြောင်းထိုးလာနေတယ်လို့ သိရ

နိုဝင်ဘာလ ၇ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါ ကားလမ်းကနေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ အင်အားရာချီတဲ့ အာဏာသိမ်းစစ်ကော်မရှင်တပ်ဖွဲ့ဟာ ကလေး – နတ်ချောင်း – နတ်မြောင်း – ချောင်းခွ – ဟားခါးလေး – ရေစို – ဝေဘူလမြို့တွေကို ကျော် ဖြတ်လာပြီး ဖလမ်းမြို့ဖက်ကို ဆက် ဦးတည် စစ်ကြောင်းထိုးနေသလို လမ်းတလျှောက်က ကျေးရွာတချို့က ဒေသခံတွေဟာလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “စစ်ကြောင်းတွေက နတ်ချောင်းကနေ ဝေဘူလကို အကုန်တက်တာ အင်အားလည်းအရမ်းများတယ်လို့ သိရတယ် အခု ဝေဘူလဘက်ကနေ ဖလမ်းဘက်ကို ဆက်တက်နေတာရှိတယ်” လို့ပြောပါတယ်။ ကလေးမြို့နယ် တောင်ပိုင်း နည်းပညာတက္ကသိုလ်ကနေ ကလေး –…

Read More

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့်သူတွေနဲ့ပတ်သက်ပြီး တားမြစ်ချက် (၈) ချက် ချင်းပြည် (Chinland) ကောင်စီထုတ်ပြန်

နိုဝင်ဘာလ ၆ ရက်။ ချင်းပြည်နယ်အတွင်း အာဏာသိမ်း စစ်ကော်မရှင်ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် သူတွေနဲ့ ပတ်သက်ပြီး တားမြစ်ချက် ၈ ချက်ကို ချင်းပြည် (Chinland) ကောင်စီက ဒီကနေ့ နိုဝင်ဘာလ (၆) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ တားမြစ်ချက်တွေထဲမှာ စစ်ကော်မရှင်ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ချင်းလူမျိုးအမည်ခံ နိုင်ငံရေးပါတီ တည်ထောင်တာ ၊ ချင်းပြည် (Chinland)အတွင်း ပါတီရုံးဖွင့်တာတွေ မပြုလုပ်ဖို့နဲ့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားရင်လည်း ချင်းပြည် (Chinland) ရဲ့ လုပ်ထုံးလုပ်နည်း ကြေညာတဲ့နေ့ကစလို့ နိုင်ငံရေးပါတီဖြစ်ခြင်းမှ အလိုအလျောက် ပျယ်ပြယ်တယ်လို့ မှတ်ယူရမယ်လို့ ဖော်ပြထားပါတယ်။ စစ်ကော်မရှင်တပ်က ကျင်းပတော့မယ့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ချင်းပြည်နယ်မှ ကိုယ်စာလှယ်လောင်းတွေအနေနဲ့ ချင်းပြည်သူလူထုအတွက်…

Read More

ဟားခါးမြို့နယ်က CDF -Hakha ရဲ့လုံခြုံရေးဂိတ်ကို စစ်ကော်မရှင်တပ်အလစ်ငိုက်ဝင်တိုက်ခိုက်ခဲ့လို့ CDF -Hakha တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ သိရ

နိုဝင်ဘာလ ၆ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့ကနေ ၉ မိုင်ခန့်အကွာ Loklung ကျေးရွာအနီးရှိ CDF -Hakha တပ်ဖွဲ့ရဲ့ လုံခြုံရေးဂိတ်တစ်ခုကို မနေ့ နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲလောက်မှာ စစ်ကော်မရှင်တပ်ဖွဲ့က အလစ်ငိုက်ဝင်တိုက်ခိုက်ခဲ့လို့ CDF –Hakha တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ဟားခါးဒေသခံတစ်ဦးဆီကသိရပါတယ်။ အခြေနေသိရှိသူတစ်ဦးက “ စစ်ကော်မရှင်ဘက်က ထိခိုက်၊ သေဆုံးတာမျိုးတော့ မကြားမိဘူး ၊ CDF – Hakha ဘက်က တစ်ဦးကျတယ်လို့ သိရတယ် နှစ်ဖက်ပစ်ခတ်မှုတွေလည်း သိပ်မကြာလိုက်ဘူးလို့ သိရတယ်” လို့ပြောတယ်။ ဟားခါး – မတူပီလမ်းပိုင်းမှာတည်ရှိတဲ့ Loklung ကျေးရွာအနီးက CDF – Hakha တပ်ဖွဲ့ရဲ့ လုံခြုံရေးဂိတ်တစ်ခုကို ဟားခါးမြို့…

Read More

ကလေး – ဂန့်ဂေါ လမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်က ဖလမ်းမြို့နယ် ၊ ဝေဘူလမြို့ကို ဝင်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ သိရ

နိုဝင်ဘာလ ၄ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေး – ဂန့်ဂေါ လမ်းတလျောက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် မွလ်ဇောလ်ရွာကို မနေ့ နိုဝင်ဘာလ ၃ ရက်နေ့က ဝင်ရောက်ခဲ့ပြီး ဝေဘူလမြို့ကို ဝင်ရောက်နိုင်ဖို့ ကြိုးစားလာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “စစ်ကော်မရှင်တပ်ဖွဲ့တွေ မနေ့နေ့လည် ၁၂ ဝန်းကျင်လောက်မှာ မွာလ်ဇောလ် ရွာထဲ ဝင်ရောက်ခဲ့ကြတယ် ဝေဘူလဘက်ကိုလည်း မကြာခင်အတောအတွင်း ဝင်ရောက်နိုင်တဲ့ အနေထားမှာရှိကြတယ် ကလေး – နတ်ချောင်းကနေ ချင်းပြည်နယ်ထဲ ဆက်သွယ်ထားတဲ့ ဝေဘူလလမ်းပိုင်းကို ထိန်းချုပ်ချင်တာလည်းဖြစ်မယ်” လို့ပြောပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ကလေးမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့လောက်ကစလို့ စစ်ထောက်ပို့လေယာဉ်တွေနဲ့ စစ်အင်အားအများအပြားကို ပို့ဆောင်ထားပြီး ကလေး…

Read More

Junta troops torch houses in Harkharlay Village during operations on Kale-Gangaw Road

Photo credit – CJ Junta troops conducting operations along the highway linking Kale (Kalay) in Sagaing Region and Gangaw in Magway Region have advanced into neighboring Chin State and carried out arson attacks in Harkharlay Village, Falam Township. Junta troops advancing along the Kale-Gangaw Road to retake resistance-held areas captured Natchaung and Chaunggwa villages in…

Read More

ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ နိုဝင်ဘာ ၆ ရက်နေ့အထိ မိုးဆက်ကြီးနိုင်တယ်လို့ ထုတ်ပြန်

နိုဝင်ဘာလ ၃ ရက်။ ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ နိုဝင်ဘာလ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ ဒေသလိုက်နှင့် နေရာကွက်ပြီး မိုးကြီးခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အောက်တိုဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းထွာချက်အရ အရှေ့ဘက်က ရွေ့လျားလာသော လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့်လည်းကောင်း၊ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနှင့် ဆက်စပ်လျက်ရှိတဲ့ မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသအနီးမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့်လည်းကောင်း၊ အထက်ပင့်တက် လေအားကောင်းရာမှ ဒေါင်လိုက်တိမ်ဖြစ်ထွန်းမှုအားကောင်းတဲ့အတွက် တိုင်းနဲ့ပြည်နယ်တချို့မှာ မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက် နဲ့ နေရာကွက်ပြီး မိုးကြီးခြင်းတွေဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊…

Read More