
နေပြည်တော်မှာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာ အိန္ဒိယနိုင်ငံ ကိုယ်စားလှယ် အဖြစ် ချင်း(ဇို)မျိုးနွယ်စုဝင် ပညာရှင်တစ်ဦး ပါဝင်တက်ရောက်ခဲ့
ဇွန်လ ၃၀ ရက်။ ဇွန်လ ၂၅ ရက်ကနေ ၂၇ရက်နေ့ အထိ နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ဖိုရမ် (Peace Forum 2025) မှာပါဝင်တက်ရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ် ၄ ဦးထဲမှာ အိန္ဒိယဖွားချင်း(ဇို)မျိုးနွယ်စုဝင် ပညာရှင် တစ်ဦးဖြစ်တဲ့ Professor Dr Kham Khan Suan Hausing လည်း ပါဝင် တက်ရောက်ခဲ့တယ် လို့ သိရပါတယ်။ Professor Kham Khan Suan Hausing ဟာ အိန္ဒိယ နိုင်ငံ ဟိုက်ဒရာဘတ် တက္ကသိုလ် (UoH) ရှိ နိုင်ငံရေးသိပ္ပံဌာန နှင့် လူမှုရေး သိပ္ပံကျောင်း တို့တွင်…