Joshua Van ကို ဂျော့ရှူဝါဗန်/ဂျိုရူဝါဗန် ဆိုပြီးမရေးသင့်ပါ(အယ်ဒီတာ့ထံ ပေးစာ)
Chin World Editor ခင်ဗျာ။ ကျ နော့်စိတ်ထဲမှာ အရင်ကတည်းကနေ အခုထိ ခိုးလုခိုးလိုဖြစ်နေတဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van နာမည်စာလုံဲးပေါင်းကိစ္စကို ရင်ဖွင့်ချင်ပါတယ်။ ကမ္ဘာ့ကျော် UFC တိုက်ခိုက်ရေးပြိုင်ပွဲ ဖလိုင်းဝိတ်တန်းချန်ပီယံ ချင်းလူငယ်ဖိုက်တာ Joshua Van ကို မြန်မာမီဒီယာများက သတင်းများမှာ အနီးစပ်ဆုံး မြန်မာအသံထွက်ဖြင့် ဂျော့ရှူဝါဗန်/ဂျိုရူဝါဗန်/ဂျိုရူအာဗန် လို့ စာလုံး ပေါင်းပြီး ခဏခဏ ဖော်ပြတာကိုမြင်ရတာစိတ်မသက်သာပါ။ ဂျော့ရှူဝါဗန်/ဂျိုရူဝါဗန်/ဂျိုရူအာဗန် ဆိုတာ Joshua Van ဆိုတဲ့ သူ့နာမည်မူရင်းအသံထွက်နဲ့အတော်ကွဲလို့ဖြစ်ပါတယ်။ဂျိုရူ နဲ့ ဝါဗန် က သက်သက်လိုလို ဘာလိုလို။Joshua Van ကို မြန်မာလို ဂျိူးရူ့ဗန် /ဂျိူးရွှဗန် လို့ စာလုံးပေါင်းရင် -ဂျိုရူဝါဗန် ထက်ပိုမနီးစပ်ဘူးလား ?? မြန်မာပြည်ကနာမည်များနဲ့အခေါ်အဝေါ်တခြားစီဖြစ်တဲ့ နိုင်ငံခြားရုပ်ရှင်မင်းသား/မင်းသမီးများ/…

