Headlines

Paletwa residents want 2 AA soldiers to be held accountable for raping and drowning a mother in Paletwa Township

April 22. On April 5, an official from the Global Khumi Organization (GKO) said they want the Arakan Army (AA) to take transparent legal action against 2 AA soldiers who tried to rape and drown a Khumi Chin woman in Paletwa Township, Chin State, according to a GKO official. The incident occurred in AA-controlled territory…

Read More

ပလက်ဝမြို့နယ်က ကလေးမိခင် အမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီးရေနစ်သတ်ဖို့ကြိုးစားခဲ့တဲ့ AA တပ်ဖွဲ့ဝင်၂ ဦးကို အ ရေးယူ ပေး စေချင်တယ်လို့ ပလက်၀ ဒေသခံ တွေကဆို

ဧပြီလ ၂၂ ရက်။ ဧပြီလ ၅ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ စိမ်းစင်းကျေးရွာနေ ဒေသခံ ကလေးမိခင် ခူမီးချင်းအမျိုးသမီးတစ်ဦးကို မုဒိန်းကျင့်ပြီးရေနစ်သတ်ဖို့ကြိုးစားခဲ့တဲ့ အာရက္ခတပ်တော်(AA )တပ်ဖွဲ့ဝင် ၂ ဦးကို အာရက္ခတပ်တော် (AA) အနေနဲ့ ပွင့်လင်းမြင်သာတဲ့ တရားစီရေးနဲ့ အရေးယူပေးစေချင်တယ်လို့ Global Khumi Organization (GKO )တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အခုဖြစ်သွားတဲ့နေရာဟာ AA ထိန်းချုပ်ထားတဲ့ နယ်မြေမှာဖြစ်သလို AA တပ်သားတွေကိုယ်တိုင် ကျူးလွန်တဲ့ မုဒိန်းမှုဖြစ်တာကြောင့် ကြီးလေးတဲ့ ရာဇဝတ်မှုတစ်ခုလည်းဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်တာလည်းဖြစ်တယ်လို့ GKO တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ “မတရားအကျင့်ခံရတဲ့ အမျိုးသမီးအတွက် တရားခံအား အရေးယူပေးစေချင်တယ်။ တရားခံအားအရေးယူတဲ့နေယူရမှာလည်း ပွင့်လင်းမြင်သာမူရှိတဲ့ တရားစီရင်ရေးဖြစ်စေချင်တယ်။ အမျိုးသမီးနဲ့သူ့ဆွေမျိုးမိသားစုကိုလည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်ဆိုင်ရာ လုံခြံမှုရှိအောင် အေအေ…

Read More

ဟားခါးမြို့မှာ လက်နက်အားကိုးပြီး ပြည်သူကို ခြိမ်းခြောက်ငွေညှစ်တာတွေလုပ်နေတဲ့ ရဲတပ်သား ၂ ဦးကို ဖမ်းဆီးရမိတယ်လို့ CDF – Hakha ထုတ်ပြန်

ဧပြီလ ၂၂ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ လက်နက်အားကိုးပြီး ပြည်သူကိုခြိမ်းခြောက်ငွေညှစ်လုယှက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၂ ဦးကို ဧပြီလ ၂၁ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ CDF – Hakha က ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဖမ်းဆီးရမိတဲ့ ရဲတပ်သား ၂ ဦးမှာ အရပ်သားပြည်သူတွေဆီကနေ လုယူထားတဲ့ ပစ္စည်းအမြောက်အများနဲ့တကွ ဖမ်းဆီးထားမိတာကိုလည်း CDF – Hakha ဖော်ပြချက်အရ တွေ့ရပါတယ်။ အပြစ်မဲ့ပြည်သူတွေကို ဒုက္ခမျိုးစုံပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို CDF – Hakha အနေနဲ့ လိုက်လံအရေးယူသွားမှာဖြစ်တယ်လို့လည်း CDF – Hakha က ဆိုပါတယ်။

Read More

တော်လှန်ရေး ၄ နှစ်တာအတွင်း ရဲဘော် ၁၆ ဦးကျဆုံးပြီး ရဲဘော်များစွာ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတယ်လို့ CDF – Zophei ထုတ်ပြန်

ဧပြီလ ၂၂ ရက်။ တော်လှန်ရေး ၄ နှစ်တာကာလအတွင်း CDF – Zophei က ရဲဘော် စုစုပေါင်း ၁၆ ဦး ကျဆုံးခဲ့ပြီး ရဲဘော်များစွာ ထိခိုက်ဒဏ်ရာရခဲ့ကာ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတယ်လို့ ထန်တလန်မြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ CDF – Zophei တည်ထောင်တဲ့ ၄ နှစ်ပြည့် အထိန်းအမှတ်အနေနဲ့ CDF-Zophei က ဧပြီလ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် တော်လှန်တိုက်ပွဲဝင်ဖို့ CDF – Zophei ကို တည်ထောင်ခဲ့တာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ တော်လှန်ရေးခရီးရှည်မှာ အဘက်ဘက်ကပံ့ပိုးကူညီခဲ့ကြတဲ့…

Read More

ZRA တပ်ဖွဲ့ဟာ စစ်ကောင်စီရဲ့ လက်နက်ပံ့ပိုးမှုရနေတာကြောင့် တွန်းဇံမြို့ကိုအချိန်မရွေး လာတိုက်နိုင်တယ်လို့ CNF ပြော

ဧပြီလ ၂၁ ရက်။ စစ်ကောင်စီရဲ့ လက်နက်ထောက်ပံ့ပေးမှုတွေ ရရှိနေတာကြောင့် တွန်းဇံမြို့ကို Zomi Revolutionary Army (ZRA) အဖွဲ့က အချိန်မရွေးလာတိုက်ခိုက်နိုင် ကြောင်း ၊မနေ့ဧပြီလ ၂၀ ရက်နေ့ကလည်း ZRA အဖွဲ့ဟာ အင်အားအလုံးအရင်းနဲ့ တွန်းဇံမြို့ထဲဝင်ရောက်ပြီး CNF/A ပူးပေါင်းအဖွဲ့တွေကို လာရောက်တိုက်ခိုက်ခဲ့ပြီး ၊တိုက်ပွဲအတွင်း ZRA ဖက်ကလူထိခိုက်သေဆုံးမှုရှိခဲ့ကာ ZRA အဖွဲ့ဟာ ပြန်ဆုတ်သွားတယ်လို့ CNF/CNA နဲ့ CDF – KKG တို့ရဲ့ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ချင်းအမျိုးသားတပ်ဦး(CNF/CNA )ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ “ တိုက်ပွဲက တကျော့ပြန်တိုက်ပွဲလို့ ပြောလို့ရပါတယ် မနေ့က ၂၀ ရက်နေ့မှာ ZRA တွေက အင်အားအလုံးအရင်းနဲ့…

Read More

ကလေး – ဂန့်ဂေါကြားဟာ စစ်ရေးနဲ့ နိုင်ငံရေးအရ အရေးပါတဲ့ ဗျူဟာလမ်းကြောင်းဖြစ်လို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ CNF ပြော

ဧပြီလ ၂၁ ရက်။ ချင်းတောင်ခြေမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းနဲ့ မကွေးတိုင်း ဂန့်ဂေါမြို့အကြားဟာ စစ်ရေးအရသော်လည်းကောင်း နိုင်ငံရေးအရသော်လည်းကောင်း အရေးကြီးတဲ့နေရာဖြစ်လို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ CNF/CNA နဲ့ CDF – KKG တို့ရဲ့ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့မှာ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ချင်းအမျိုးသားတပ်ဦး(CNF/A) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ကလေးတောင်ပိုင်း ကလေး – ဂန့်ဂေါလမ်းကြောင်းတလျှောက်ဟာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ မွေးထုတ်ပေးတဲ့ ပျူစောထီးကြီးစိုးတဲ့ ဒေသဖြစ်သလို လွတ်လပ်စွာ ကုန်စည်သယ်ယူခွင့်တို့အတွက် အရေးပါတဲ့ ဗျူဟာလမ်းကြောင်းဖြစ်တယ်လို့ CNF/CNA ရဲ့ ေပြာရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ “အင်မတန်မှ အရေးကြီးတဲ့ ဗျူဟာလမ်းကြောင်းပေါ်မှာရှိတဲ့ မကွေးတိုင်း၊ ဂန့်ဂေါနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့အကြား ကလေးတောင်ဖက်ပိုင်း ပထမစစ်ဆင်ရေးဖြစ်ပါတယ် ကုန်စည်ကူးသန်းသွားလာမှုအရသော်လည်းကောင်း…

Read More

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်

ဧပြီလ ၂၁ ရက်။ ကမ္ဘာ့ကတ်သလစ်သာသနာခေါင်းဆောင်အဖြစ် တာဝန်ယူတာ ၁၂ နှစ်ထဲရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဧပြီ ၂၁ ရက် ဒေသစံတော်ချိန် မနက် ၇ နာရီ ၃၅ မိနစ်မှာ ကွယ်လွန်သွားပြီလို့ ဗာတီကန်နန်းတော်က ထုတ်ပြန်ပါတယ်။ “နံနက် ၇ နာရီ ၃၅ မိနစ်အချိန်မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်သွားပြီဖြစ် ပါတယ်။ သူ့ရဲ့တစ်ဘဝလုံး ဘုရားသခင်နဲ့ သူ့ရဲ့ ဘုရားကျောင်းအတွက် အမှုတော်ထမ်း ဖို့ စိတ်ကိုနစ်မြှုပ်ထားခဲ့တာဖြစ်ပါတယ်”လို့ ဗာတီကန်နန်းတော်က ထုတ်ပြန်ပါတယ်။ အသက် ၈၈ နှစ်အရွယ် ရဟန်းမင်းကြီးဟာ ပြီးခဲ့တဲ့လပိုင်းက ဆေးရုံတက် ကုသမှုခံယူခဲ့ပြီးနောက် ဗာတီကန်နန်းတော် မှာပဲ ၂ လလောက် နားနားနေနေ နေဖို့ ဆရာဝန်တွေက အကြံပြုခဲ့တဲ့နောက် ကွယ်လွန်သွားတာဖြစ်ပါတယ်။…

Read More