တီးတိန်မြို့နယ် လိုင်တွီး ကျေးရွာနားမှာ CDF-Hualngoram အဖွဲ့နဲ့ ZRA အဖွဲ့ အကြား ပစ်ခတ်မှုဖြစ်ပွါးခဲ့
ဇွန်လ ၄ ရက်။ တီးတိန်မြို့နယ် ၊ လိုင်တွီး ( Laaitui) ကျေးရွာနားမှာ CDF-Hualngoram အဖွဲ့နဲ့ ဇိုမီးတော်လှန်ရေးတပ် (ZRA )အဖွဲ့ အကြား ဒီကနေ့ ဇွန်လ ၄ ရက်နေ့မနက်ပိုင်း (၇) နာရီခွဲလောက် ကစလို့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံလူထု စိုးရိမ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အိန္ဒိယ – မြန်မာနယ်စပ် ရိခေါဒါရ်မြို့သွားရာ လမ်းမပေါ်မှာတည်ရှိတဲ့ လိုင်တွီး ( Laaitui) ကျေးရွာအထွက် မီးသတ်ရုံး အနီးတဝိုက်မှာ ဒီကနေ့ မနက်ပိုင်းမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတွေက “ ဒီကနေ့ မနက်ပိုင်းကစလို့ လွိုင်တွီးကျေးရွာအနားမှာ ပစ်ခတ်သံတွေ ကျယ်လောင်စွာ ထွက်နေတာကြောင့် ဒေသခံတွေ အပြင်ထွက်သွားလာတာတွေ မရှိသလောက်နည်းသွားခဲ့တယ်…

