Headlines

ရန်ကုန်မှာ ကျင်းပမယ့် 3MA – 13 ပြိုင်ပွဲမှာ ချင်းလူငယ် ၂ ဦးပါဝင်ထိုးသတ်မယ်

နိုဝင်ဘာလ ၂၁ ရက်။

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ် အုန်းနဲကုန်းရှိ 3MA Arena မှာ လာမယ့်နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကျင်းပမယ့် 3MA -13 ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ၂ ဦး ပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမယ်လို့ သိရပါတယ်။

အဲဒီပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ Salai John Hmuak နဲ့ Augustine Van တို့ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ 3MA က ကြေညာထားပါတယ်။

ဖလမ်းမြို့ဇာတိ ချင်းလူငယ်ဖိုက်တာ Salai John Hmuak ဟာ ထိုင်းနိုင်ငံမှာလည်း MMA ပွဲတွေမှာ ယှဉ်ပြိုင်ဖူးခဲ့ပြီး ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့အပြင် ရန်ကုန်မှာ ကျင်းပတဲ့ 3MA မှာလည်း တစ်ပွဲထိုးကာ အနိုင်ရထားသူဖြစ်ပြီး လာမယ့် ၂၉ ရက်နေ့မှာတော့ ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့သား David James နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်မှုကို တွေ့ကြရမှာဖြစ်ပါတယ်။

3MA – 13 ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ဖလမ်းမြို့ဇာတိ ချင်းလူငယ်ဖိုက်တာ Augustine Van ဟာလည်း 3MA ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဖိုက်တာတစ်ဦးဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ဆားတောင်းမြို့က ဖိုက်တာ Wai Yan Oo နဲ့ ထိပ်တိုက်တွေ့ဆုံ ထိုးသတ်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *