အသွင်ပြောင်းအစိုးရသစ်လက်ထက် ပြည်သူသိခွင့်မရ သေးတဲ့ အချက် ၅ ချက်
DonBosco ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် ဒီကနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ သတင်းသိပ္ပံသိရှိပိုင်ခွင့်နေ့ (International Right to Know Day) မှာ Human Rights Myanmar (HRM) အဖွဲ့က မြန်မာနိုင်ငံရဲ့ ၂၀၂၅-၂၀၂၆ အငြင်းပွားဖွယ် ရွေးကောက်ပွဲတွေအပြီး ပေါ်ပေါက်လာတဲ့ “ အသွင်ပြောင်းအစိုးရသစ်” လက်ထက် သတင်းအချက်အလက် ပွင့်လင်းမြင်သာမှု အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန် ထောက်ပြလိုက်ပါတယ်။ စစ်ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပပြီး အစိုးရသစ် ဖွဲ့စည်းပြခဲ့ပေမဲ့ မြေပြင်မှာတော့ စစ်တပ်ရဲ့ လျှို့ဝှက်ဖုံးကွယ်တဲ့ အလေ့အထဆိုးတွေက ဆက်လက် ကြီးစိုးနေဆဲ ဖြစ်သလို၊ ပြည်သူလူထု အနေနဲ့လည်း အများပြည်သူ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ အခြေခံ အချက်အလက်တွေကို…

