၁၇ နှစ်ဆက်တိုက် ၁၀၀ ရာခိုင်နှုန်းအောင်ချက်ဖြင့် သာမန်ကျောင်းများကို ကျော်ဖြတ်နိုင်ခဲ့သည့် မီဇိုရမ်မှ မျက်မမြင်ကျောင်း
DonBosco လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်က အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်မှာ အမြင်အာရုံချို့တဲ့တဲ့ ကလေးငယ်တစ်ယောက်အတွက် ရှေ့ရေးဆိုတာ မှောင်မိုက်နေခဲ့တာပါ။ သီးသန့်သင်ကြားပေးမယ့်ကျောင်း မရှိသလို၊ သူတို့ရဲ့ စွမ်းဆောင်ရည်ကိုလည်း လူတွေက သံသယရှိခဲ့ကြတယ်။ ဒါပေမဲ့ ၂၀၀၁ ခုနှစ် မေလမှာ Samaritan Association for the Blind (SAB) ကနေ ကျောင်းသား ၁၆ ဦးနဲ့ စတင်ခဲ့တဲ့ “အထူးမျက်မမြင်ကျောင်း” ဟာ အခုဆိုရင် ငွေရတုတိုင်ခဲ့ပြီဖြစ်ပြီး အမြင်အာရုံမရှိသူတွေဟာလည်း လူ့အဖွဲ့အစည်းအတွက် အဖိုးတန်ရတနာတွေ ဖြစ်နိုင်တယ်ဆိုတာကို သက်သေပြလိုက်ပါပြီ။ ဒီကျောင်းရဲ့နာမည်ဖြစ်တဲ့ “Samaritan” (ရှမာရိ) ဆိုတာ သမ္မာကျမ်းစာထဲက “ကောင်းသောရှမာရိလူ” ပုံပြင်ကို အခြေခံထားတာပါ။ လမ်းဘေးမှာ ဒဏ်ရာနဲ့လဲနေတဲ့ ဒုက္ခသည်တစ်ဦးကို လူအများက ပစ်ထားခဲ့ပေမဲ့ ရှမာရိလူကပဲ မေတ္တာကရုဏာနဲ့ ကယ်တင်ပြုစုခဲ့တာ…

