Headlines

ကျောင်းအုပ်ကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် နီပေါရေကြီးမှုကြား ကျောင်းသား ၉၀၀ အချိန်မီ လွတ်မြောက်

ဩဂုတ်လ ၃၁ ရက်။ နီပေါနိုင်ငံ၊ Nuwakot ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိဘက်-နီပေါ နယ်စပ် ရုတ်တရက် တောင်ကျရေကြီးမှုအတွင်း ကျောင်းအုပ်ကြီးတစ်ဦးရဲ့ အချိန်မီ သတိပေး ရွှေ့ပြောင်းနိုင်ခဲ့မှုကြောင့် ကျောင်းသူကျောင်းသား ၉၀၀ နီးပါး အသက်ဘေးကနေ ကပ်ပြီး လွတ်မြောက်ခဲ့တယ်လို့ သက်ဆိုင်ရာ ဒေသန္တရ သတင်းရင်းမြစ်တွေနဲ့ နီပေါ သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (NDRRMA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဟိမဝန္တာ တောင်တန်းဒေသရှိ ရေခဲမြစ် ကျိုးပေါက်ပြိုကျမှုကြောင့် ဩဂုတ်လ ၂၆ ရက်နေ့က Bhote Koshi မြစ်နဲ့ ထရီရှူလီမြစ်တလျှောက် တောင်ကျရေတွေ အလုံးအရင်းနဲ့ စီးဆင်းလာခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်အနီး နူဝါကော့ဒေသမှာရှိတဲ့ ထရီရှူလီ အလယ်တန်းကျောင်း (Trishuli Secondary School)…

Read Full News

ချင်းပြည်သူတွေ လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ CPU / CPA က ထပ်မံသတိပေး

ဩဂုတ်လ ၃၁ ရက်။ မြေပြင်စစ်ပွဲမှာ အထိနာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ရှုံးမဲမဲကာ အပြစ်မဲ့အရပ်သား ပြည်သူလူထုအပေါ် သူရဲဘောကြောင်စွာ နေ့ညအချိန်မရွေး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လာတာကြောင့် ချင်းပြည်သူ့အစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူတွေအနေဖြင့် လေကြောင်းရန် အထူးဂရုစိုက်ကြဖို့ ချင်းပြည်သူ့အစည်းအရုံး ( CPU / CPA) က ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မနေ့ည ၅ နာရီခွဲဝန်းကျင်လောက်ကလည်း မင်းတပ်မြို့နယ် ၊ မရှိန်းလှော်အုပ်စု၊ ဝုမ်းခုမ်ကျေးရွာကို စစ်ကော်မရှင်က ဂျက်ဖိုက်တာ ၂ စီးဖြင့် အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့လို့ မူလတန်းကျောင်းသား ၂ ဦး၊ ၉ တန်းကျောင်းသူ ၁ ဦး ၊ စစ်ဘေးရှောင် ၂ ဦး ၊…

Read Full News

“Ro Min Rel Sak Ang Che” မီဇိုရမ်ပြည်နယ်သီချင်း နှင့် မီဇိုစာဆိုတော်ကြီး Rokunga

ကိုဇံ(ချင်းတောင်) မီဇို အမျိုးသားတွေက သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှာ “ရာစုနှစ်ရဲ့ စာဆိုတော်ကြီး (Poet of the Century)” ဘွဲ့နဲ့ ဂုဏ်ပြုကြတဲ့ Pu Rokunga စပ်ဆိုထားတဲ့ “Ro Min Rel Sak Ang Che” သီချင်းကို မီဇိုရမ်ပြည်နယ် သီချင်း အဖြစ် ဩဂုတ်လ ၂၇ နေ့မှာ ကျင်းပတဲ့ မီဇိုရမ် ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ ကန့်ကွက်သူ မရှိ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ သီးချင်းကို မီဇိုရမ်ပြည်နယ် သီချင်း အဖြစ် အဆိုပြုသူ ကတော့ ပြည်နယ်ဝန်ကြီးချုပ် Lalduhoma ဖြစ်ပြီး ပြည်နယ် အတွင်းရှိ စာသင်ကျောင်း အားလုံးမှာ ၂၀၂၂ ခုနှစ် က စပြီး…

Read Full News

ကလေးမြို့ရှိ ဝယ်စလီဆေးရုံကြီးအား ၅ ထပ် အဆောက်အအုံသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်

ဩဂုတ်လ ၃၁ ရက်။ ကလေးမြို့ တာဟန်းရပ်ကွက် ရှိ ဝယ်စလီ ပုဂ္ဂလိက ဆေးရုံကြီးကို လက်ပံချောင်းလမ်းဟု လူသိများ​သော ကလေး-ရာဇဂြိုလ် လမ်းမ အနီးမှာ ဆောက်လုပ်ထားတဲ့ ငါးထပ် ရှိတဲ့ ဆေးရုံအဆောက်အဦးသစ် သို့ ပြောင်းရွှေ့ ဖွင့်လှစ် လိုက်ပြီ ဖြစ်ပြီး လူမှုကူညီရေး အသင်းများမှ သြဂုတ် ၂၉ ရက်နေ့မှာ ဆေးရုံရှိ လူနာများ ကူညီ ရွေ့ပြောင်း ပေးကြတယ် လို့ ဒေသခံများ ထံမှသိရှိရ ပါတယ်။ “သောကြာနေ့ ညနေ အလုပ်က ပြန်လာတော့ လက်ပန်ချောင်း လမ်းခွဲ တချို့ လမ်းထောင့် တွေမှာ ဝယ်စလီ ဆေးရုံ သစ်သို့ ဆိုတဲ့ လမ်းညွှန် ဆိုင်းဘုတ် အသစ်တွေ စိုက်ထားတာ တွေ့ရတယ်။…

Read Full News

မင်းတပ်မြိုနယ်မှာ မနေ့က လေကြောင်း တိုက်ခိုက်ခံရလို့ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် စုစုပေါင်း ၈ ဦးသေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ သိရ

ဩဂုတ်လ ၃၁ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြိုနယ် ၊ တိုက်နယ်အမှတ် ၂ ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက မနေ့ဩဂုတ်လ ၃၀ ရက် ညနေ ၅ နာရီဝန်းကျင်မှာ လေကြောင်းကနေ အကြောင်းမဲ့တိုက်ခိုက်ခဲ့လို့ ကလေးငယ်နဲ့ အသက်ကြီးရွယ်အိုအပါအဝင် စုစုပေါင်း ၈ ဦး သေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်ဒေသခံတွေဆီကသိရပါတယ်။ စစ်ဘေးရှောင်တွေနေထိုင်တဲ့ ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးလို့ ယူဆရတဲ့ ဗုံး ၄ လုံးဖြင့် ၂ ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း အမျိုးသား ၄ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၈ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။…

Read Full News

မင်းတပ်မြို့နယ်မှာ ဒီနေ့လေကြောင်းကနေ တိုက်ခိုက်ခံရလို့ အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရသူတွေရှိ

ဩဂုတ်လ ၃၀ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ၊ တိုက်နယ်အမှတ် ၂ ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒီကနေ့ဩဂုတ်လ ၃၀ ရက် ညနေ ၅ နာရီဝန်းကျင်မှာ လေကြောင်းကနေ အကြောင်းမဲ့တိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ သေဆုံး၊ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ တိုက်နယ် ၂ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အခုလို စစ်ရေးပစ်မှတ်မတဲ့ အရပ်သားကျေးရွာကို လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်တာဟာ လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်အပေါ် ဒေသခံတွေနဲ့ ပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ရှုတ်ချကြောင်းကိုလည်း ဖော်ပြထားပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအပြစ်မဲ့ ပြည်သူ သေဆုံး၊ ဒဏ်ရာရရှိတာတွေရှိပြီး ကျေးရွာအတွင်းက ပြည်သူပိုင်နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ တိုက်နယ် ၂ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က…

Read Full News

လူမျိုးခြားလက်ထပ်တဲ့ မီဇိုအမျိုးသမီးတွေရဲ့ အမွေဆက်ခံမှုဥပဒေကန့်ကွက်လွှာကို အိန္ဒိယတရားရုံးချုပ် ကြားနာဖို့ ငြင်းပယ်

ဩဂုတ်လ ၃၀ ရက်။ အိန္ဒိယနိုင်ငံမှာ မီဇိုမျိုးနွယ်စုဝင် မဟုတ်တဲ့သူတွေနဲ့ လက်ထပ်တဲ့ မီဇိုအမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု ဖြစ်စေတယ်ဆိုပြီး လျှောက်ထားသူဘက်က တင်ပြထားတဲ့ ၂၀၁၄ ခုနှစ် မီဇိုထိမ်းမြားခြင်း၊ ကွာရှင်းခြင်းနဲ့ ပစ္စည်းအမွေဆက်ခံခြင်းဆိုင်ရာ အက်ဥပဒေရဲ့ ၂၀၂၆ ပြင်ဆင်ချက်တွေကို ကန့်ကွက်တဲ့ အသနားခံလွှာကို ကြားနာစစ်ဆေးဖို့ အိန္ဒိယတရားရုံးချုပ်က ငြင်းပယ်လိုက်ပါတယ်။ အိန္ဒိယတရားရုံးချုပ်ကတရားသူကြီးချုပ်အပါအ၀င် တွဲဖက် တရားသူကြီးနှစ်ဦး ပါဝင်တဲ့ တရားခွင်က ဒီကိစ္စကို သက်ဆိုင်ရာ စီရင်ပိုင်ခွင့်ရှိတဲ့ တရားလွှတ်တော်မှာပဲ ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ လက်ရှိ တင်းမာမှုတွေကြောင့် အိုက်ဇော်လ်တရားခွင်ခွဲ (Aizawl Bench) မှာ အဆင်ပြေချောမွေ့တဲ့ ပတ်ဝန်းကျင် မရှိနိုင်ဘူးဆိုတဲ့ လျှောက်ထားသူရဲ့ စိုးရိမ်မှုကို အသိအမှတ်ပြုပေးခဲ့ပြီး ဂူဝါဟာတီတရားလွှတ်တော်ရဲ့ ပင်မတရားခွင် (Principal Bench of the Gauhati…

Read Full News

တစ်ကိုယ်တော်ပြပွဲလုပ်မယ့် ပန်းချီကားတွေကို ကျောင်းစရိတ်အတွက် ချင်းလူငယ် ပန်းချီဆရာ ဆလိုင်းနံရံ အွန်လိုင်းကနေ ရောင်းချ

ဩဂုတ်လ ၃၀ ရက်။ ချင်းလူငယ် ပန်းချီအနုပညာရှင် ဆလိုင်းနံရံဟာ သူကိုယ်တိုင် ရေးဆွဲထားပြီး တစ်ကိုယ်တော် ပန်းချီပြပွဲအတွက် စုစည်းထားတဲ့ “Chin Lady” ပန်းချီစီးရီးကို ကျောင်းစရိတ်အတွက် ရည်ရွယ်ပြီး ဩဂုတ်လ ၂၈ ရက်နေ့မှာ လူမှုကွန်ရက်ကတစ်ဆင့် ရောင်းချခဲ့ပါတယ်။ “အဆင်ပြေတဲ့ အချိန်ကျရင် တစ်ကိုယ်တော် ပြပွဲလုပ်ဖို့ စုထားတဲ့ ပန်းချီကားတွေပါ။ ကျွန်တော့်ရဲ့ “Chin Lady” စီးရီးထဲက ပန်းချီကား ၁၃ ကားစလုံးကို ရောင်းချတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမှာ စိတ်ပညာ (Psychology) နဲ့ မဟာတန်းတက်ဖို့ ပြင်ဆင်နေပြီး တက်ရောက်ခွင့်လည်း ရရှိထားပါပြီ။ ပထမနှစ်ဝက် စတက်တော့မှာမို့ ကျောင်းစရိတ် လိုအပ်လာတာကြောင့် အခုလို ရောင်းချရတာပါ” လို့ သူက Chin World…

Read Full News

ဖလမ်းမြို့ကို ထာ၀ရဘုရားသခင်ထံ အပ်နှံခြင်းအစီအစဉ်ပြုလုပ်

ဩဂုတ်လ ၂၉ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့က ဖလမ်းနှစ်ခြင်းအသင်းတော်မှာ ဒီနေ့ သြဂုတ်လ ၂၉ ရက်နေ့မနက် ၁၀ နာရီမှာ ဖလမ်းမြို့ကို ထာ၀ရဘုရားသခင်ထံ အပ်နှံတဲ့ဆုတောင်းဝတ်ပြုခြင်းအစီအစဉ်ပြုလုပ်ခဲ့ပြီး လူဦးရေ ၃ ထောင်ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ဖလမ်းမြို့ကို ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့မှာ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေအပြင် မြို့ခံပြည်သူတချို့လည်း ပြန်လည်ဝင်ရောက်လာကြပြီး ဌာနဆိုင်ရာရုံးတွေ ကျောင်းတွေကိုလည်း ဇွန်လ ၁ ရက်နေ့ကစလို့ ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ဖလမ်းမြို့ကို စစ်ကောင်စီမှ အလုံးစုံထိန်းချုပ်ပြီးနောက် စစ်ရှောင်ဖလမ်းမြို့ခံပြည်သူများမှ နေရပ်သို့ အသီးသီးပြန်လာကြရာ ဖလမ်းမြို့ရှိ မြို့ပေါ်ရပ်ကွက် (၈)ရပ်ကွက်သို့ မေလ(၆) ရက်နေ့မှ ဩဂုတ်လ(၂၇)ရက်နေ့အထိ ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း (၃၆၅၉)ဦးရှိပြီဖြစ်ကြောင်းသိရပါတယ်။

Read Full News

Chinland FC ရဲ့ကစားသမား Pa Lung အား ပြန်လည်တွေ့ရှိကြောင်း၊မိခင်ဆီအရေးပေါ်ပြန်သွားလို့အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်

ဩဂုတ်လ ၂၉ ရက်။ Chinland FC ရဲ့ကစားသမား Pa Lung ကို ၇ ရက်အကြာ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီးနောက် ယခုအခါ ဘေးကင်းစွာ ပြန်လည်တွေ့ရှိခဲ့ပြီး အသင်းနှင့်လည်း ပြန်လည်ပူးပေါင်းနေပြီဖြစ်ကြောင်း Chinland FC မှ ဝမ်းမြောက်စွာဖြင့် အများပြည်သူသို့ အသိပေးအပ်ပါတယ်လို့ ဒီနေ့ဩဂုတ်လ ၂၉ ရက်မှာ Chinland FC ကသတင်းထုတ်ပြန်ပါတယ်။ Myanmar League-1 မှာ ယှဉ်ပြိုင်နေတဲ့ Chinland FC ဘောလုံးအသင်းရဲ့သတင်းထုတ်ပြန်ချက်မှာ”Pa Lung သည် မိခင်ဖြစ်သူ၏ ကျန်းမာရေး အထူးအရေးပေါ်အခြေအနေကြောင့် အသင်းထံ အကြောင်းကြားနိုင်ခြင်းမရှိဘဲ နေရပ်သို့ အရေးပေါ်ပြန်သွားခဲ့ရခြင်းဖြစ်ပါသည်။ ခရီးလမ်းတွင် ဖုန်းအားကုန်သွားခြင်းနှင့် အခြားဆက်သွယ်ရေးအခက်အခဲများကြောင့် အသင်းနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်း၊ယခုအချိန်တွင် Pa Lung နှင့် အဆက်အသွယ်ပြန်လည်ရရှိပြီး အသင်းသို့လည်း…

Read Full News