Headlines

ပဋိပက္ခကြားက သယံဇာတထုတ်ယူမှုတွေက လက်နက်ကိုင်အုပ်စုတွေရဲ့ စစ်စရိတ်ကို အားကောင်းစေလို့ HRM ထောက်ပြ

စက်တင်ဘာ ၁ ရက်။ မြန်မာနိုင်ငံတစ်ဝန်း လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ နယ်မြေအစိတ်စိတ်အမွှာမွှာ ထိန်းချုပ်ထားချိန်မှာ သယံဇာတ တူးဖော်ရေး စီမံကိန်းတွေကနေ ရရှိတဲ့ အခွန်အခနဲ့ ဝင်ငွေတွေဟာ လက်နက်ကိုင် အင်အားစုတွေဆီ ရောက်ရှိပြီး ပဋိပက္ခ စစ်စရိတ်စီးပွားရေး (Conflict Economy) ကို ပိုမိုအားကောင်း လည်ပတ်စေနေတယ်လို့ ကုလသမဂ္ဂရဲ့ သန့်ရှင်းကျန်းမာတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အခွင့်အရေး အထူးကိုယ်စားလှယ်ထံ Human Rights Myanmar (HRM) က တင်သွင်းတဲ့ ၂၀၂၆ ခုနှစ် သြဂုတ်လထုတ် အစီရင်ခံစာအရ သိရပါတယ်။ အစီရင်ခံစာပါ ဖော်ပြချက်အရ အဆိုပါ သယံဇာတ တူးဖော်မှုတွေဟာ စစ်ကော်မရှင်နဲ့ ဆက်နွှယ်တဲ့ ပြည်သူ့စစ်တွေအပြင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) လို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ…

Read More

မဏိပူရ် ပြည်နယ်လွှတ်တော်ကို သပိတ်မှောက်ဖို့ ကူကီးအမတ် ၁၀ ဦးကို KIM ညွှန်ကြား

စက်တင်ဘာလ ၁ ရက်။ မဏိပူရ်ပြည်နယ်မှာ စက်တင်ဘာလ ၂ ရက်နေ့ စတင်မယ့် ပြည်နယ်လွှတ်တော် အစည်းအဝေးကို တက်ရောက်ခြင်း မပြုဘဲ ရှောင်ရှားကြဖို့ ကူကီးလူထုရဲ့ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Kuki Inpi Manipur (KIM) က ကူကီး-ဇို (Kuki-Zo) လွှတ်တော်အမတ် ၁၀ ဦးစလုံးကို ညွှန်ကြားလိုက်ပါတယ်။ ကူကီးလူထု တောင်းဆိုထားတဲ့ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် မရရှိသေးဘဲနဲ့ လွှတ်တော်အစည်းအဝေး တက်ရောက်တာဟာ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်သွားပြီဆိုတဲ့သဘောမျိုး ပြသရာရောက်စေတယ်လို့ ဆိုပါတယ်။ KIM ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကူကီးလူထု တောင်းဆိုထားတဲ့ သီးခြားနိုင်ငံရေး အုပ်ချုပ်ခွင့်ကိစ္စဟာ မပြေလည်သေးဘဲ ကျန်ရှိနေဆဲဖြစ်သလို ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ ပြန်လည်စတင်တာကို ပုံမှန်အခြေအနေ ပြန်ရောက်သွားပြီလို့ မသတ်မှတ်သင့်ကြောင်း ဖော်ပြထားပါတယ်။ ကူကီး-ဇို လွှတ်တော်အမတ်တွေအနေနဲ့…

Read More

ဆဲန်ထန်ဗဟိုကောင်စီနယ်မြေအတွင်း တောင်ယာမြေခုတ်ထွင်တာ၊လယ်ယာမြေပြုလုပ်ခြင်းနဲ့ နယ်နိမိတ်တိုင်းတာ စတာတွေအတွက် သက်ဆိုင်ရာခွင့်ပြုချက်မရှိပဲမလုပ်ရဘူးလို့ ထုတ်ပြန်

စက်တင်ဘာလ ၁ ရက်။ ဟားခါးမြို့နယ်၊ဆဲန်ထန်ဗဟိုကောင်စီနယ်မြေအတွင်းရှိ နယ်မြေတွေကို သက်ဆိုင်ရာဌာန ၊ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ၊ ခွင့်ပြုချက်မရှိဘဲ တောင်ယာမြေခုတ်ထွင်ခြင်း၊ လယ်ယာမြေပြုလုပ်ခြင်းနဲ့ နယ်နိမိတ်တိုင်းတာ တာတွေ မပြုလုပ်ရဘူးလို့ ဆဲန်ထန်ဗဟိုကောင်စီက သြဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သက်ဆိုင်ရာဌာန ၊ အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ခွင့်ပြုချက်မရှိဘဲ ဆဲန်ထန်ဗဟိုကောင်စီနယ်မြေအတွင်းရှိ နယ်မြေတွေကို ခုတ်ထွင်ရှင်းလင်းတာ တောင်ယာမြေခုတ်ထွင်တာနဲ့ လယ်ယာမြေပြုလုပ်တာ နယ်နိမိတ်တိုင်းတာဒါတွေ ပြုလုပ်ရင် ဆဲင်ထန်ဗဟိုကောင်စီရဲ့ သက်ဆိုင်ရာဥပဒေအရ ထိရောက်စွာ အရေးယူမယ်လို့ ဆိုပါတယ်။ ဆဲန်ထန်ဗဟိုကောင်စီနယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးကို ပြည်သူတွေရဲ့ လိုလားချက်နှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပြီး ဒါကြောင့် ပြည်သူ့လုံရေးကို ရှေ့ရှုကာ စစ်ကောင်စီရဲ့ ထောက်တိုင်တွေဖြစ်တဲ့ Non – CDM တွေ ဒလန်တွေကို တော်လှန်ရေးကာလအတွင်း…

Read More

ကလေး – တမူး လမ်းမကြီးကို ပြန်ဖွင့်လှစ်ပြီး လမ်းတလျှောက် ရပ်ရွာပြည်သူ့စစ်ဖွဲ့တာတွေလုပ်ဖို့ ပြင်ဆင်နေ

စက်တင်ဘာလ ၁ ရက်။ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်တဲ့ ကလေး – တမူး အာရှလမ်းမကြီးကို ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့ကစလို့ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သလို ခမ်းပတ်မြို့မှာ တပ်ရင်းကြီးတစ်ခု တိုးချဲ့ နေရာချဖို့ နဲ့ လမ်းတလျှောက် ရပ်ရွာပြည်သူ့စစ်ဖွဲ့ဖို့ကိုလည်း စစ်ကောင်စီဘက်က ပြင်ဆင်နေတယ်လို့ ကလေး – တမူးလမ်းမပေါ်နေထိုင်တဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကလေး – တမူးလမ်းမပေါ်နေထိုင်တဲ့ဒေသခံတစ်ဦးက “ကလေး – တမူးကြားက ပျက်စီးသွားတဲ့ တံတားတွေလည်း အားလုံးနီးပါး ပြန်ပြင်လို့ပြီးပြီ တချို့ ဝိတုတ်တံတားတွေလောက်ဘဲ ပြင်နေတုန်းဖြစ်တယ် နာက်ပြီး စစ်ရှောင်နေကြတဲ့ မြို့ခံတွေလည်း အများစုတော့ ပြန်လာနေကြပြီ နောက်ပြီး သတင်းကြားရတာက စစ်ကောင်စီက ရပ်ရွာပြည်သူ့စစ်ပုံစံမျိုးတွေလည်း ဖွဲ့မယ်လို့ သတင်းကြားရတယ် ပြီးတော့ ခမ်းပတ်မြို့မှာ တပ်ရင်း…

Read More