မိုင်းရှင်းလင်းပြီးပြီဖြစ်တဲ့ စက္ကန့်ကျေးရွာမှာ ဒေသခံတချို့ နေရပ်ပြန်လာ
အောက်တိုဘာလ ၂၆ ရက်။ ၃ နှစ်အကြာနေရပ်စွန့်ခွာ စစ်ရှောင်နေကြရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ၊ စက္ကန့်ကျေးရွာနေ ဒေသခံတချို့ဟာ စက္ကန့်ကျေးရွာမှာမိုင်းရှင်းလင်းပြီးပြီဖြစ်လို့ ဒီကနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ကစလို့ နေရပ်ပြန်လာကြပြီဖြစ်ပြီး ဆုတောင်းဆပ်ကပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ချင်းလူမျိုးတွေနေထိုင်တဲ့ စက္ကန့်ကျေးရွာအတွင်း ဒေသခံတွေ နေရပ်ပြန်လာနိုင်ရေးအတွက် ကျေးရွာအတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ကစလို့ ရပ်ရွာအတွင်း ကဒေသခံ အချိုနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး မြေမြှုပ်မိုင်းတွေလည်း ရှင်းလင်းပြီးတဲ့အချိန် အခုလို နေရပ်ပြန်လာနိုင်ကြတာလည်းဖြစ်ပါတယ်။ တာဝန်ရှိသူတစ်ဦးက “ ဒီကနေ့ကစလို့ နေရပ်ပြန်တာ စတာဖြစ်တယ် အိမ်ခြေအများစုတော့ မပြန်လာနိုင်ကြသေးဘူး ၊ အနည်းစုလောက်ဘဲ ပြန်လာကြသေးတဲ့ အခြေအနေပါ” လို့ပြောပါတယ်။ ပြီးခဲ့တဲ့…

