လောင်းရှည် – ကျင်ဒွေးလမ်းကြောင်းပေါ်က လှိုင်ဒုတ်ကျေးရွာကို စစ်ကောင်စီက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်
အောက်တိုဘာလ ၂၂ ရက်။ လောင်းရှည် – လှိုင်ဒုတ် – ကျင်ဒွေးလမ်းကြောင်းပေါ်မှာရှိတဲ့ ကန်ပက်လက်မြို့နယ်၊လှိုင်ဒုတ်ကျေးရွာကို အောက်တိုဘာလ ၂၁ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ကောင်စီက အောက်တိုဘာလ ၂၁ ရက်နေ့မှာဘဲ ထုတ်ပြန်ထားပါတယ်။ လက်ရှိစစ်ကောင်စီ သိမ်းပိုက်ထားတဲ့ လောင်းရှည် – ကျင်ဒွေးလမ်းကြောင်းပေါ် ကန်ပက်လက်မြို့နယ်ထဲက လှိုင်ဒုတ်ကျေးရွာဟာ လောင်းရှည်ကနေ ကျင်ဒွေးမြို့ရောက်ဖို့ လမ်းတဝက်တောင် မရှိသေးတဲ့ နေရာဖြစ်တယ်လို့လည်း နယ်မြေအခြေအနေ သိရှိတဲ့ ကန်ပက်လက်ဒေသခံ တစ်ဦးကပြောပါတယ်။ ချင်းပြည်သူ့တပ်မတော်(CPA) အဖွဲ့ဝင် CDF-Kanpalet က တာဝန်ရှိသူတစ်ဦးက “ လှိုင်ဒုတ်က ရွာသစ်၊ ရွာဟောင်းရှိတယ် အခုသူတို့ထုတ်ပြန်တဲ့ဟာက မောချောင်းနဲ့ ကပ်ရပ်က လှိုင်ဒုတ်ရွာဟောင်းကဟာဖြစ်တယ် ကျင်ဒွေးနဲ့တော့ အဝေးကြီးမှာ ရှိပါသေးတယ်” လို့ ပြောပါတယ်။ လှိုင်ဒုတ်ကျေးရွာကို သိမ်းပိုက်ရရှိခဲ့ပြီး လက်ရှိမှာ…

