ချင်းပြည်နယ်မှာ ဒီလ ဖမ်းမိတဲ့ စစ်သုံ့ပန်း ၁၇ ဦးမှာ ၁၆ ဦးက စစ်မှုထမ်းတပ်သားသစ်တွေဖြစ်နေ
အောက်တိုဘာလ ၁၃ ရက်။ အောက်တိုဘာလ ပထမပတ်အတွင်း ချင်းပြည်နယ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းမိတဲ့ စစ်သုံ့ပန်း စုစုပေါင်း ၁၇ ဦးမှာ ၁၆ ဦးက စစ်မှုထမ်းတပ်သားသစ်တွေဖြစ်နေတယ်လို့ ဒီအခြေအနေကို လေ့လာစာရင်းပြုစုနေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့က အောက်တိုဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ပထမအပတ်အတွင်း အလင်းဝင်ပူးပေါင်းသူနဲ့ လက်နက်ချတာနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၂၂ ဦး ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။ အဲဒီမှာ အလင်းဝင်ပူးပေါင်းလာကြတဲ့ မကွေးတိုင်းက (၂) ဦး ၊ စစ်ကိုင်းတိုင်းက ၃ ဦး စုစုပေါင်း အလင်းဝင်ပူးပေါင်းလာသူ စုစုပေါင်း ၅ ဦး အနက် ၁…

