Headlines

admin

မလေးရှားနိုင်ငံမှာ ဖမ်းဆီးထားတဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား ၁၀ ရက်အတွင်း  နေရပ်ပြန်ပို့ရန် သတ်မှတ်

မလေးရှား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန အနေဖြင့် အချုပ်စခန်းများတွင် လူပြည့်ကြပ်နေမှုများကို ဖြေရှင်းရန်အတွက် ဖမ်းဆီးထားတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို (၁၀) ရက်အတွင်း သက်ဆိုင်ရာနိုင်ငံများကို ပြန်လည်ပို့ဆောင်ရန် သတ်မှတ်လိုက်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် Datuk Zakaria Shaaban က ဖမ်းဆီးရမိတဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများရဲ့ ၈၀ ရာခိုင်နှုန်းကိုလည်း အသေအချာစစ်ဆေးပြီ ဖြစ်ပြီး သတ်မှတ်ထားတဲ့ ၁၀ ရက်အတွင်း နိုင်ငံအတွင်းက နှင်ထုတ်ဖို့စီစဉ်ဆောင်ရွက်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ Datuk Zakaria Shaaban က ဖမ်းဆီးရမိတဲ့သူများအနက် စာရွက်စာတမ်းဆိုင်ရာမှာ စိစစ်မှုကြန့်ကြာမှုရှိသူများ ပါဝင်မှာမဟုတ်သေးပဲ၊ လူဝင်မှုကြီးကြပ်ရေးစခန်းအားလုံးမှာရှိတဲ့ ဖမ်းစီးခံရသူများအတွက် Key Performance Index ( အဓိက စွမ်းဆောင်ရည်အညွှန်းကိန်း) သတ်မှတ်ထားကာ နှင်ထုတ်ခြင်းအတွက်ပါဝင်တဲ့သူတွေကို ၁၀ ရက်အတွင်း ၎င်းတို့ရဲ့နိုင်ငံအသီးသီးကို ပြန်ပို့တာကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့ Media Prima Bhd ကိုပြောကြားခဲ့ပါတယ်။…

Read More

မီဇိုရမ်ပြည်ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ရတဲ့ ချင်းစစ်ဘေးရှောင်တွေအတွက် မီဇိုလူငယ်အသင်းက ရူပီးငွေ ၆ သိန်းဖိုးလှူဒါန်း

ဇူလိုင်လ ၁၀ ရက်။ ဇူလိုင်လဆန်းကစပြီး ဖလမ်းမြို့နယ်အတွင်းမှာ ချင်းလက်နက်ကိုင်အဖွဲ့အချင်းချင်း ဖြစ်တဲ့ တိုက်ပွဲပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးရှောင်လာတဲ့သူတွေအတွက် ဗဟိုမီဇိုလူငယ်အသင်း ( Central Young Mizo Association – CYMA) က အိန္ဒိယ ရူပီးငွေ ၆ သိန်းဖိုးထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ All India Radio News Aizawl ရဲ့ ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့ ဖော်ပြချက်အရ သိရပါတယ်။ အိန္ဒိယ – မြန်မာ နယ်စပ် ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၂) ရက်နေ့ကစလို့ ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO/ CNDF) နဲ့ CDF…

Read More

ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများနှင့် ပတ်သက်ခြင်းမရှိကြောင်း ယင်းမာပင်ခရိုင်တပ်ရင်းမှထုတ်ပြန်

ဇူလိုင်လ ၁၀ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း CDF-Hakha တပ်ဖွဲ့မှ ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးများနှင့် ပတ်သက်ခြင်းမရှိကြောင်း ယင်းမာပင်ခရိုင်အမှတ် ၁၅ တပ်ရင်းက ဒီကနေ့ ဇူလိုင်လ ၁၀ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ တပ်ရင်း ၁၅ တပ်ရင်းမှုး ကိုဖိုးသောင်းရဲ့ လက်မှတ်ဖြင့် ရဲဘော် လေးဦး၊ သေနတ် ၂လက်၊ ကား ၂စီးဖြင့် ဖောက်ခွဲရေးယမ်းများ သယ်ယူရန်အတွက် ထောက်ခံစာ‌ ပေးအပ်ခဲ့သည်မှာ မှန်ကန်မှုရှိကြောင်း၊မူးယစ်ဆေးဝါးသယ်ဆောင်ခဲ့ကြခြင်းဟာ ရဲဘော်တွေရဲ့ပုဂ္ဂလိကလုပ်ရပ်သာဖြစ်ပြီး ၎င်းတို့ အဖွဲ့အစည်းနှင့် ပတ်သက်ခြင်းမရှိကြောင်း အဆိုပါဖြစ်စဉ်အတွင်း ပါဝင်ပတ်သတ်သူများကိုလည်း စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်များလည်း ဆောင်ရွက်နေပြီး ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်းမှထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိတဲ့ ၎င်းတို့အဖွဲ့တပ်ဖွဲ့ဝင်တွေဟာ ဖလမ်းမြို့နယ်၊ ဗားတံတားသို့ ဖေါက်ခွဲရေးပစ္စည်းများ သွားရောက်ပို့ဆောင်ရန် စေခိုင်းခြင်းသာဖြစ်ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်းမှထုတ်ပြန်ပါတယ်။ ယင်းမာပင်ခရိုင်အမှတ် ၁၅ တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ်၊…

Read More

ချင်းလက်နက်ကိုင်အဖွဲ့များအချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် တစ်လျှောက် လုံခြုံရေး တိုးမြှင့်ချထား

ဇူလိုင်လ ၁၀ ရက်။ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့မှာ ဇူလိုင် ၄ရက်နဲ့ ၅ ရက်မှာ CNO/ CNDF နဲ့ CDF – Hualngoram တို့တိုက်ပွဲဖြစ်ပွားပြီးနောက် အိန္ဒိယဖက်ခြမ်း၊ မီဇိုရမ်ပြည်နယ် နယ်စပ်တစ်လျှောက် မီဇိုရမ်ပြည်နယ်ရဲ တပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့တို့ကို လုံခြုံရေးတိုးမြှင့်ချထားပြီး အထူးသတိဖြင့်ရှိကြရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီး Pu K Sapdanga ကအတည်ပြုပြောကြားခဲ့တယ်လို့ ဇူလိုင် (၉) ရက်နေ့မှာ India Today သတင်းဌာနက ဖော်ပြပါတယ်။ ချင်းလက်နက်ကိုင်တစ်ဖွဲ့နှစ်ဖွဲ့ကြားတိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ရိခေါဒါရ်မြို့Khawmawi နဲ့ အနီးအနားရှိ ဒေသများမှ ဒေသခံ ဒုက္ခသည် ၃၀၀၀ နီးပါး ဇိုခေါထာရ်မှာခိုလှုံလျက်ရှိပြီး ထိုမှတစ်ဆင့် အချို့မှာ အခြား မီဇိုရမ်ပြည်နယ်တွင်းက အခြားမြို့များမှာ ဆက်လက်ထွက်ပြေးတိမ်းရှောင်မှုများရှိနေပါတယ်။ ဒါကြောင့် မီဇိုရမ်ပြည်ထဲရေးဝန်ကြီးက…

Read More

တော်လှန်ရေးရဲဘော် (၃) ဦးနဲ့အတူ မူးယစ်ဆေးဝါးအမြောက်အများနှင့် လက်နက်တချို့ ဖမ်းဆီးရမိခဲ့တယ်လို့ CDF – Hakha ထုတ်ပြန်

ဇူလိုင်လ ၁၀ ရက်။ ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာဖြင့် သယ်ယူပို့ဆောင်လာသော စိတ်ကြွဆေးပြား၊ ဘိန်းဖြူအမြောက်အများနှင့် လက်နက်တွေ အပါအဝင် တော်လှန်ရေးရဲဘော် ၃ ဦး နှင့် ယာဉ်မောင်း၊ စပယ်ယာ တို့ကို ဟားခါးမြို့နယ်အတွင်း ဇူလိုင်လ ၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force – Hakha (CDF – Hakha ) မှ ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ် ဗားရ်တံတားသို့ Hilux 9K-1693 နှင့် ကိုစိုးသူပိုင်ဆိုင်သော 1J-6011 Forland ကားတို့ဖြင့် သယ်ယူလာသည့် စိတ်ကြွဆေးပြား ၃သန်းခန့်၊ No. 4 ခေါ် ဘိန်းဖြူ…

Read More

ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အမြန်ဆုံးအဖြေရှာကြဖို့ ချင်းလက်နက်ကိုင်အဖွဲ့တွေကို NUG အစိုးရ တိုက်တွန်း

ဇူလိုင်လ ၉ ရက်။ ချင်းပြည်နယ်အတွင်းက ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA) , ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟွားငိုးလ်ရမ်း (CDF-Hualngoram) နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) တို့ အချင်းချင်းကြား မတူကွဲပြားတဲ့ သဘောထားအမြင်တွေ ၊ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အမြန်ဆုံးအဖြေရှာကြဖို့ အလေးနက်တိုက်တွန်းကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဒီကနေ့ ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဇူလိုင်လ (၄) ရက်နေ့ကစလို့ ချင်းပြည်နယ်အတွင်းရှိ ချင်းတော်လှန်ရေး လက်နက်ကိုင်များ ဖြစ်တဲ့ CNO/ CNDF နှင့် Chin National Front/ CNF/CNA, CDF –Hualngoram တို့အကြား တိုက်ပွဲ ဖြစ်ပွားခြင်းနှင့် စစ်ရေးတင်းမာမှုများ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဝမ်းနည်းဖွယ်ကြားသိရတယ်လို့လည်း NUG ရဲ့ထုတ်ပြန်ချက်ထဲမှာ…

Read More

UNHCR ကဒ် ပြန်လည်မရရှိသေးတဲ့ မလေးရှားမှ ချင်းဒုက္ခသည်များ အမည်စာရင်းပြန်ပေးရန် ICC ထုတ်ပြန်

ဇူလိုင်လ ၉ ရက်။ မလေးရှားရောက် ချင်းဒုက္ခသည်များ UNHCR ကဒ်အသိမ်းခံရပြီး အသနားခံစာတင်ပေမယ့် ကဒ်ပြန်လည်မရရှိသေးသူတွေအနေနဲ့ ဇူလိုင်လကုန်နောက်ဆုံးထားပြီး မိမိ အသနားခံစာတင်တဲ့ သက်ဆိုင်ရာအဖွဲ့အစည်းများမှာ အမည်စာရင်းများ ပြန်လည်ပေးအပ်ဖို့ Independent Chin Communities (ICC) ကဇူလိုင် (၈) ရက်နေ့မှာ အသိပေးကြေညာချက် ထုတ်ပြန်ပါတယ်။ UNHCR ရဲ့ Chin Cessation Policy ခေါ် ချင်းဒုက္ခသည်များ ဒုက္ခသည်အဖြစ်မှ ရပ်ဆိုင်းခြင်းကာလ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များအတွင်း UN ကဒ်များ မတရားအသိမ်းခံရပြီး ကဒ်များပြန်ပေးရန် မိမိအဖွဲ့အစည်းများမှ အသနားခံစာတင်ပေမယ့် ယနေ့ချိန်ထိ ပြန်မရရှိသေးတဲ့ (13C-UNHCR ကဒ်ကိုင်) မလေးရှားရောက် ချင်းဒုက္ခသည်များ အနေဖြင့် မိမိအသနားခံစာတင်ခဲ့တဲ့ အဖွဲ့အစည်းများ ထံ အမည်စာရင်းနဲ့ အချက်အလက်များ…

Read More

ဇိုမီးအမျိုးသားပါတီမှ အသုံးပြုမယ့် ပါတီ အမည်၊ အလံ နှင့် တံဆိပ်ကို ၇ ရက်အတွင်း ကန့်ကွက်နိုင်

ဇူလိုင်လ ၈ ရက်။ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ဇူလိုင်လ ၃ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားခဲ့တဲ့ ဇိုမီးအမျိုးသားပါတီ(ZNP) မှ အသုံးပြုရန် တင်ပြခဲ့ကြသည့် ပါတီ အမည်၊ အလံ နှင့် တံဆိပ်များကို ကန့်ကွက်လိုပါက ၇ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း ဇူလိုင် ၈ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ စစ်ကောင်စီ လက်အောက်ခံ မီဒီယာများမှ တဆင့် ကြေငြာခဲ့ပါတယ်။ ဇိုမီးအမျိုးသားပါတီရဲ့ ပါတီအမည်၊ အလံ နှင့် တံဆိပ် တို့ကို ကန့်ကွက်လိုပါက ယခု ကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသော အထောက်အထားများနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက် နိုင်ပါကြောင်း နိုင်ငံရေးပါတီများမှတ်ပုံတင် ခြင်း…

Read More

ကလေးမြို့နယ်က တောထဲက စစ်ဘေးရှောင်တွေ အရေပြားရောဂါနဲ့ ရာသီတုပ်ကွေး အဖြစ်များနေကြတယ်လို့ သိရ

ဇူလိုင်လ ၈ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက တောတောင်တွေထဲ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေမှာ အရေပြားရောဂါနဲ့ ရာသီတုပ်ကွေး အဖြစ်များနေကြပြီးလမ်းပန်းဆက်သွယ်ရေး ခက်ခဲကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပိုင်း အခက်အခဲရှိသလို နဲ့ ဆေးဝါးပြတ်လပ်တာတွေကြောင့် လည်း အခက်ခဲတချို့ရှိနေတယ်လို့ စစ်ဘေးရှောင်တွေရဲ့ကျန်းမာရေးကိုကူညီနေတဲ့ People’s Healthcare Network (Kalay ) ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ People’s Healthcare Network (Kalay ) ကတာဝန်ရှိသူတစ်ဦးက “အရေပြားရောဂါနဲ့ ရာသီတုပ်ကွေးတွေ အဖြစ်များနေပါတယ် ကလေးမြို့နယ် တောင်ပိုင်းက ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ အဖြစ်များနေတယ် ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာနဲ့ တချို့ ဆေးဝါးတွေ ပြတ်လပ်နေတာကြောင့် အခက်ခဲတချို့ရှိနေပါတယ် ရာသီတုပ်ကွေးကြောင့် သေဆုံးလူနာအထိတော့ ပြင်းထန်တာမျိုးမရှိသေးပါဘူး” လို့ပြောပါတယ်။ ကလေးတောင်ပိုင်းက အရှေ့စည်း၊ တင်သား၊ ဒိုးနွယ်၊…

Read More

ချင်းလူမျိုး စီးပွါးရေးပညာရှင် ဒေါက်တာရွှေဟိန်း ရေးသားတဲ့ ချင်းပြည်နယ်အတွက် မဟာ စီမံကိန်းများနဲ့ မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ စာအုပ်များမိတ်ဆက်ပွဲပြုလုပ်

ဇူလိုင်လ ၇ ရက်။ ချင်းလူမျိုး စီးပွါးရေးပညာရှင် ဒေါက်တာရွှေဟိန်း ကိုယ်တိုင်ပြုစုရေးသားထုတ်ဝေတဲ့ အတ္ထုပတိ စာအုပ်အပါအဝင် ချင်းပြည်နယ်ရဲ့ မဟာစီမံကိန်းများနဲ့ မြန်မာနိုင်ငံစီးပွားရေးဆိုင်ရာ စာအုပ်များ မိတ်ဆက်ပွဲကို ဇူလိုင်လ ၅ ရက်နေ့မှာ ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်ရှိ၊ လိုင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ စီးပွါးရေးပညာရှင် ဒေါက်တာရွှေဟိန်း ရေးသားပြုစုတဲ့ “Resilient Myanmar & Chin State Master Plan (2025–2045)”, “Unbroken: The Life Journey of Dr. Shwe Hein – A Barefoot Man from Myanmar”, “Thilawa Special Economic Zone and Myanmar’s Economic Prospects”, “Sow…

Read More