မင်းတပ်မြိုနယ်မှာ မနေ့က လေကြောင်း တိုက်ခိုက်ခံရလို့ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် စုစုပေါင်း ၈ ဦးသေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ သိရ
ဩဂုတ်လ ၃၁ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြိုနယ် ၊ တိုက်နယ်အမှတ် ၂ ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီက မနေ့ဩဂုတ်လ ၃၀ ရက် ညနေ ၅ နာရီဝန်းကျင်မှာ လေကြောင်းကနေ အကြောင်းမဲ့တိုက်ခိုက်ခဲ့လို့ ကလေးငယ်နဲ့ အသက်ကြီးရွယ်အိုအပါအဝင် စုစုပေါင်း ၈ ဦး သေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မင်းတပ်ဒေသခံတွေဆီကသိရပါတယ်။ စစ်ဘေးရှောင်တွေနေထိုင်တဲ့ ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးလို့ ယူဆရတဲ့ ဗုံး ၄ လုံးဖြင့် ၂ ကြိမ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း အမျိုးသား ၄ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၈ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။…

