တီးတိန်မြို့က စစ်ကော်မရှင်တပ်ကို PDF နှင့် KIA ပူးပေါင်းတိုက်ခိုက်မည့်သတင်းတွေကြောင့် ညီအစ်ကိုချင်း ထိခိုက်မှုမရှိစေရန် စဉ်းစားပေးဖို့ ZRA မေတ္တာရပ်ခံကြောင်းစာထုတ်ပြန်
မေလ ၁ ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့က စစ်ကော်မရှင်တပ် ခလရ ၂၆၉ ကို PDF Zoland ဦးဆောင်မှုနဲ့ အချို့သော PDF တွေနဲ့ KIA တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် တိုက်ပွဲဖော်ဆောင်ရာမှာ ကူညီပေးနေတဲ့ KIA အနေနဲ့ ညီအစ်ကိုချင်း အပြန်အလှန် ထိခိုက်နာကျင်မှုတွေ မဖြစ်စေဖို့ အထူးစဉ်းစားပေးစေလိုတယ်လို့ ဇိုမီးတော်လှန်ရေးတပ်မတော် (ZRA) က ဒီကနေ့ မေလ ၁ ရက်နေ့မှာ မေတ္တာရပ်ခံချက် ထုတ်ပြန်လိုက်ပါတယ်။ တီးတိန်မြို့ဟာ ဇိုမီးလူမျိုးတွေအတွက် အလွန်အရေးကြီးတဲ့ နေရာဖြစ်တာကြောင့် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမှ မပြုလုပ်ကြဖို့ ZRA အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ဆိုပါတယ်။ KIA ရဲ့ လုပ်ဆောင်ချက်တချို့ဟာ မသင့်လျော်တဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရလို့ စိတ်မကောင်းဖြစ်ရကြောင်းနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း တွန်းဇံမြို့နယ်အတွင်း KIA က CNA/PDF တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် ဇိုမီးလူမျိုးတွေ နာကျင်ခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင်…

