Headlines

ချွန်ကျုံးရွာအနီးမှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရကာ စစ်ကောင်စီတပ်မှ ၄ ဦး သေဆုံး၊၈ ဦး ဒဏ်ရာရ

မေလ ၁၅ ရက်။

ဖလမ်း – ဟားခါး လမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို သွားကြိုဖို့ ထွက်လာတဲ့ ဟားခါး စစ်ဗျူဟာမှူးဦးဆောင်တဲ့ စစ်ကြောင်းဟာ မနေ့မေလ ၁၄ ရက်နေ့က ဟားခါးမြို့နယ် ချွန်ကျုံးရွာအနီးမှာ (Chinland Council ) အစိုးရ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာခံခဲ့ရပြီး ဗျူဟာမှူးနဲ့ အရာအရှိ အပါအဝင် တပ်သား ၈ ဦး ဒဏ်ရာရကာ ၊ ၄ ဦး သေဆုံးခဲ့ပြီး ချွန်ကျုံးရွာကိုက နေအိမ်တချို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF / CNA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ထက်နီက ပြောပါတယ်။

CNF / CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ ဗျူဟာမှူးနဲ့ အရာရှိ သုံးဦး ၊ စစ်သားငါးဦး ဒဏ်ရာရတယ် ၄ ဦးသေဆုံးတယ်၊ ပစ်ခတ်မှုတွေ နေ့စဉ် ရက်ဆက်ရှိနေတယ် ၊ ချွန်ကျုံးရွာ နေအိမ် တချို့ကိုလည်း မီးရှို့ကြတယ် စစ်ကောင်စီတွေက” လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဖလမ်းမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ဖလမ်း – ဟားခါး လမ်းမကြီးအတိုင်း ဆက်ပြီး ဟားခါးမြို့ဘက်ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဟားခါးမြို့ကနေ ၁၀ မိုင်ကျော်အကွာအဝေးမှာရှိတဲ့ ချွန်ကျုံးကျေးရွာကို မနေ့က ရောက်တဲ့အချိန် ဟားခါး ခလရ ၂၆၆ တပ်ရင်းမှာ ထိုင်တဲ့ စစ်ဗျူဟာမှူးကိုယ်တိုင် ဦးစီးတဲ့ စစ်ကြောင်းက သွားကြိုဖို့ ထွက်လာချိန် တိုက်ခိုက်တာခံခဲ့ရတာဖြစ်ပါတယ်။

ချင်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်တာခံရလို့ ဒဏ်ရာရသွားတဲ့ ဗျူဟာမှူးနဲ့ အရာရှိ ၃ ဦးတို့ဟာ ကလေးမြို့ဘက်ကို ဆေးကုသဖို့ ရဟတ်ယာဉ်နဲ့ ခေါ်ယူဖို့စီစဉ်နေတယ်လို့လည်း သိရပြီး ဗျူဟာမှူးတိုက်ခိုက်ခံရလို့ ချွန်ကျုံးရွာက နေအိမ်တချို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့က မီးရှိုှု့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *