မင်းတပ်မြို့ပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘာသာရေးအဆောက်အဦးအပါ အရပ်သားနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့
အောက်တိုဘာလ ၂၄ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တစ်နေရာကို ဒီကနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘာသာရေးအဆောက်အဦးအပါဝင် အရပ်သားနေအိမ် ၁၀ လုံးကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ မင်းတပ်ဒေသခံ HKl Midat ရဲ့ လူမှုကွန်ရက်ပေါ် ဖော်ပြချက်အရ သိရပါတယ်။ မကွေးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးကနေ ၄ ကြိမ် ဗုံး ၈ လုံးကြဲချပြီး အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ HKl Midat က ဆိုပါတယ်။ မနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း မင်းတပ်မြို့အနီးနေရာတွေကို တိုက်လေယာဉ် ၃ စီး ၊ Y 12…

