
ကလေးမြို့နယ်က တောထဲက စစ်ဘေးရှောင်တွေ အရေပြားရောဂါနဲ့ ရာသီတုပ်ကွေး အဖြစ်များနေကြတယ်လို့ သိရ
ဇူလိုင်လ ၈ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက တောတောင်တွေထဲ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေမှာ အရေပြားရောဂါနဲ့ ရာသီတုပ်ကွေး အဖြစ်များနေကြပြီးလမ်းပန်းဆက်သွယ်ရေး ခက်ခဲကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပိုင်း အခက်အခဲရှိသလို နဲ့ ဆေးဝါးပြတ်လပ်တာတွေကြောင့် လည်း အခက်ခဲတချို့ရှိနေတယ်လို့ စစ်ဘေးရှောင်တွေရဲ့ကျန်းမာရေးကိုကူညီနေတဲ့ People’s Healthcare Network (Kalay ) ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ People’s Healthcare Network (Kalay ) ကတာဝန်ရှိသူတစ်ဦးက “အရေပြားရောဂါနဲ့ ရာသီတုပ်ကွေးတွေ အဖြစ်များနေပါတယ် ကလေးမြို့နယ် တောင်ပိုင်းက ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာ အဖြစ်များနေတယ် ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာနဲ့ တချို့ ဆေးဝါးတွေ ပြတ်လပ်နေတာကြောင့် အခက်ခဲတချို့ရှိနေပါတယ် ရာသီတုပ်ကွေးကြောင့် သေဆုံးလူနာအထိတော့ ပြင်းထန်တာမျိုးမရှိသေးပါဘူး” လို့ပြောပါတယ်။ ကလေးတောင်ပိုင်းက အရှေ့စည်း၊ တင်သား၊ ဒိုးနွယ်၊…