IBA Human Rights Award 2026 ဆုကို ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေး ရရှိ

အောက်တိုဘာလ ၁၂ ရက်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနဲ့ တရားမျှတမှုရရှိရေးတို့အတွက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိတဲ့ တရားလွှတ်တော်ရှေ့နေ ချင်းအမျိုးသမီး ဒေါ်ဇာလီအေးကို ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့တွင် အောက်တိုဘာလ ၄ ရက်နေ့ကနေ ၉ ရက်အထိ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာရှေ့နေများအသင်း (International Bar Association – IBA) ရဲ့နှစ်ပတ်လည်ညီလာခံမှာ လူ့အခွင့်အရေးဆိုင်ရာ ထူးချွန်ဆု ( IBA Human Rights Award 2026 )ဆု ကို လူကိုယ်တိုင်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဂုဏ်ပြုဆုဟာ တစ်ဦးတည်းရဲ့ ကြိုးပမ်းအားထုတ်မှုအတွက်သာမက လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် လူ့ဂုဏ်သိက္ခာတိုအတွက် ယုံကြည်ချက်ခိုင်မာစွာဖြင့် အတူတကွ ရပ်တည်ကြိုးပမ်းခဲ့ကြသူများအားလုံး၏ စေတနာ၊ ယုံကြည်မှုနှင့် စွန့်လွှတ်အနစ်နာခံမှုတိုကိုပါ အသိအမှတ်ပြုသည့် ဂုဏ်ပြုမှုတစ်ရပ်အဖြစ် ခံယူမိတယ်လို့လည်း ဒေါ်ဇာလီအေးက ၎င်းရဲ့ ဖေ့ဘုတ်မှာ…

Read More

ရန်ကုန်မှာ ယာဉ်မတော်တဆမှုဖြစ်ပြီး ချင်းအမျိုးသမီး ၁ ဦး သေဆုံး

အောက်တိုဘာလ ၁၁ ရက်။ မနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ ၊ မနက်ပိုင်း (၇) နာရီခွဲအချိန်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် ၊ အမှတ် (၆) ရပ်ကွက် ၊ မင်းဓမ္မလမ်း ၊ MCC ခန်းမရှေ့မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က မကျိန်လန်းကိန် ၃၄ နှစ် အပါအဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ ဆွေမျိုးနီးစပ်သူတွေဆီကနေ သိရပါတယ်။ မနေ့ မနက်ပိုင်းက ကျား (၁) ဦး၊ မ (၄) ဦး စီးနင်းလာတဲ့ မော်တော်ယာဉ်ဟာ ဓာတ်တိုင်ကို မတော်တဆ တိုက်မိခဲ့ပြီး ကျား (၁) ၊ မ (၂) ဦး သေဆုံးခဲ့ပြီး ကျန်တဲ့…

Read More

နေပြည်တော်မှာ အရှိုချင်းမိသားစုဝင် ၄ ဦး နေအိမ်အတွင်း လက်နက်ကိုင်တစ်စုရဲ့ ပစ်သတ်ခံရ

အောက်တိုဘာလ ၉ ရက်။ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာအုပ်စု၊ ကျောက်အိုးကျေးရွာမှာ နေထိုင်တဲ့ အရှိုချင်းတိုင်းရင်းသား မိသားစုဝင် ၄ ဦး ဟာ အောက်တိုဘာလ ၇ ရက်နေ့ ညပိုင်းက နေအိမ်အတွင်း မိသားစုအလိုက် သေနတ်နဲ့ ပစ်သတ်တာခံခဲ့ရတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့ညပိုင်းက လက်နက်ကိုင်ဆောင်ထားသူ လူ ၆ ဦးက နေအိမ်ထဲထိဝင်ရောက်ပြီး မိသားစုလိုက်ကို သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ နီးစပ်သူတွေဆီကနေသိရပါတယ်။ အရှိုချင်းအမျိုးသားတစ်ဦးက “ လိုင်းပေါ် သတင်းထွက်လာမှ ကျ​ေိနာ်လည်း သိရတာပါ နေအိမ်ထဲထိ ဝင်ပြီး သေနတ်နဲ့ မိသားစုဝင် ၄ ယောက်လုံးကို အနီးကပ် ပစ်သတ်သွားတယ်လို့ သိရတယ် သူတို့ မိသားစုက တောင်ယာလုပ်ကိုင်ကြတဲ့ မိသားစုတွေလည်း ဖြစ်တယ် ဘာကြောင့်…

Read More

မလေးရှားရောက် မြန်မာတွေကို နေရပ်ပြန်ပို့ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် ပြောကြား

အောက်တိုဘာလ ၈ ရက်။ မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ဆီ ပြန်လည်ပို့ ဆောင်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အေဂျင်စီတွေ ဆက်လက်ချိတ် ဆက် ဆောင်ရွက်သွားမယ်လို့ အောက်တိုဘာ (၈) ရက်နေ့မှာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က မြန်မာ – မလေးရှား နှစ်နိုင်ငံ တွေ့ဆုံပွဲအတွင်း တရားဝင် ပြောကြားလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာဘက်ကလည်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေ ဖို့အတွက် သံအမတ်ကြီးအဆင့် ပြန်လည်ခန့်အပ်ထားရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ မလေးရှား ဝန်ကြီးချုပ်က မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်လည်ခေါ်ယူရေး တောင်းဆိုချက်အပေါ် မြန်မာဘက်က အပြည့်အဝ ပူးပေါင်းကူညီပေးခဲ့တာကို အထူးပဲ ကျေးဇူးတင်တယ်လို့ ဦးစွာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ…

Read More

မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေးတာ ဆိုင်းငံ့ပေးဖို့ မလေးရှားအစိုးရထံ ချင်းပြည် ( Chinland) လွှတ်တော်က အိတ်ဖွင့်စာပေးပို့

အောက်တိုဘာလ ၈ ရက်။ အသက်လုံခြုံရေးနှင့် ဘေးကင်းလုံခြုံရေး ခြိမ်းခြောက်မှုတွေကနေ လွတ်မြောက်ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေအပေါ် အထူးထည့်သွင်းစဉ်းစားပေးပြီး ပြည်နှင်ဒဏ်ပေးတာတွေကို ဆိုင်းငံ့ပေးဖို့ မလေးရှားအစိုးရအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေတုခ်ဆရီ ဆိုင်ဖူဒင် နာဆူရှင်း ဘင် အစ္စမေးလ် ထံ ၂၀၂၀ ခုနစ်ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေနဲ့စုစည်းထားတဲ့ချင်းပြည် ( Chinland) လွှတ်တော်က အိတ်ဖွင့်စာပေးပို့ခဲ့တယ်လို့အောက်တိုဘာလ (၇) ရက်နေ့က ဖော်ပြပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေအပါအဝင် စစ်ရေးပဋိပက္ခ အပြင်းအထန်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံကို မလေးရှားနိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ချင်းလူမျိုးတွေအပါအဝင် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို စက်တင်ဘာလ ၂၉ ရက်နေ့က မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပထမအဆင့်အဖြစ် ပြန်လည်ပို့ဆောင်ခဲ့ပြီး နောက်ထပ်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ထပ်မံပို့ဆောင်ဖို့ ပြင်ဆင်နေတဲ့ သတင်းတွေကြောင့် လွန်စွာစိုးရိမ်ပူပန်ရတယ်လို့ အိတ်ဖွင့်စာမှာ ထည့်သွင်းထားပါတယ်။…

Read More

မလေးရှားကနေ နေရပ်ပြန်ပို့ခံရတဲ့ ချင်းလူမျိုး လူဦးရေ ၁၇၃ ဦးထဲက တချို့ မိသားစုဝင်တွေဆီ ပြန်မရောက်နိုင်ကြသေး

အောက်တိုဘာလ ၇ ရက်။ မလေးရှားနိုင်ငံကနေ မြန်မာရေတပ်စစ်သင်္ဘောတွေနဲ့ နေရပ်ပြန်ပို့ခံရပြီး ရန်ကုန်ပြန်ရောက်လာတဲ့ ချင်းလူမျိုး လူဦးရေ ၁၇၃ ဦးထဲက တချို့ဟာ နေရပ်မပြန်နိုင်ကြသေးဘဲ သက်ဆိုင်ရာ ချင်းပရဟိတအသင်းတွေဆီ ကျန်နေသေးတယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကပြောပါတယ်။ မလေးရှားနိုင်ငံကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၁၄၇၆ ဦး ထဲ ချင်းပြည်နယ်အပါအဝင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းက ချင်းလူမျိုး ၁၇၃ ဦးခန့်တို့ဟာ မြန်မာရေတပ်စစ်သင်္ဘောတွေနဲ့ ရန်ကုန်မြို့ကို အာက်တိုဘာလ ၄ ရက်နေ့ မနက်(၇) နာရီဝန်းကျင်လောက်မှာ သန်လျင်မြို့နယ်ရှိ အမှတ် (၃) ဆိပ်ခံတံတား (သီလဝါ)ကို ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။ ရန်ကုန်ရှိ ချင်းပရဟိတ လူငယ်တစ်ဦးက “တချို့ချင်းတွေကတော့ ဆွေမျိုးသားချင်းတွေကလာစောင့်ပြီးတော့ ခေါ်ထုတ်သွားတယ်၊ ကျန်းမာရေးဆေးစစ်တာတို့ လဝက စမတ်ကဒ်ရိုက်ပေးတာတို့ မှတ်ပုံတင်လုပ်ပေးတာတို့ပြီးသွားရင် ရဲက အရင်ကဘာလုပ်ခဲ့…

Read More

3MA 11 MMA ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ Salai John Hmuak နဲ့ Augustine Van တို့ အနိုင်ရ

အောက်တိုဘာလ ၄ ရက်။ အောက်တိုဘာလ ၄ ရက်မှာ ရန်ကုန်မြို့၊ လှည်းကူးမြို့နယ် အုန်းနဲကုန်းရှိ 3MA Arena မှာ ကျင်းပတဲ့ 3MA 11 MMA ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ MMA ကစားသမားများဖြစ်တဲ့ Salai John Hmuak နဲ့ Augustine Van တို့ဟာ ပြိုင်ဘက်တွေကို အနိုင်ရရှိခဲ့ပါတယ်။ ဖလမ်းမြို့နယ်ဇာတိSalai John Hmuak က 3MA 11 ရဲ့ Main Card ပွဲစဉ်၁ပွဲဖြစ်တဲ့ ၅၇ ကီလိုတန်းမှာ Min Myat Thu နဲ့ ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။ ကလေးမြို့နယ်ဇာတိ Augustine Van ကလည်း ၅၅ ကီလိုတန်းမှာ Wanna Kyaw…

Read More

ရန်ကုန်မှာကျင်းပမယ့် 3MA 11 MMA ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ၂ ဦး ပါဝင်ထိုးသတ်မယ်

စက်တင်ဘာလ ၂၉ ရက်။ ရန်ကုန်မြို့၊ လှည်းကူးမြို့နယ် အုန်းနဲကုန်းရှိ 3MA Arena မှာ လာမယ့်အောက်တိုဘာလ ၄ ရက်နေ့မှာ ကျင်းပမယ့် 3MA 11 MMA ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ၂ ဦး ပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမယ်လို့ သိရပါတယ်။ အဲဒီပြိုင်ပွဲမှာ ချင်းပြည်နယ် ၊ ဖလမ်းမြို့သား တစ်ဦးဖြစ်တဲ့ Salai John Hmuak နဲ့ ကလေးမြို့သား Augustine Van တို့ ပါဝင်ယှဉ်ပြိုင်ကြမှာလို့သိရပါတယ်။ 3MA 11 MMA ပြိုင်ပွဲမှာ ပါဝင်မယ့် Salai John Hmuak ဟာ ထိုင်းနိုင်ငံမှာလည်း MMA ပွဲတွေမှာ ယှဉ်ပြိုင်ဖူးခဲ့ပြီး ရလဒ်ကောင်းတွေလည်း ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မြတ်ထွန်းနဲ့ယှဉ်ပြုင်မယ့် Salai John…

Read More

လေကြောင်းတိုက်ခိုက်မှုအတွင်း ကျောက်တော်မှာ အရပ်သား ၄၉ ဦးအစုလိုက်အပြုံလိုက်သေဆုံးပြီး ၅၈ ဦး ဒဏ်ရာရခဲ့တဲ့အပေါ် လက်တုံ့ပြန်သွားမယ်လို့ AA ထုတ်ပြန်

စက်တင်ဘာလ ၂၉ ရက်။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ အိန္ဒိယဈေးအနီးပတ်ဝန်းကျင်နဲ့ ကစ္ဆပနဒီတံတားအနီး မနေ့စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၄၉ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး ၅၈ ဦးဒဏ်ရာရခဲ့တဲ့အပေါ် လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် ( ULA / AA) က စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကျောက်တော်၊ အိန္ဒိယဈေးလေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်အတွင်း အပြစ်မဲ့ လမ်းသွားလမ်းလာ၊ ဈေးရောင်းဈေးဝယ် ကုန်တင်ကုန်ချလုပ်သားတွေအပါအဝင် အရပ်သားပြည်သူ ၄၉ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတယ်လို့ AAက ဆိုပါတယ်။ အလားတူမနေ့ကတစ်နေ့တည်းမှာပင် မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာနဲ့ သံတွဲမြို့နယ် ငပလီကမ်းခြေတို့ကိုလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်…

Read More

မလေးရှားအစိုးရက ဒီကနေ့မနက်ပိုင်းမှာ ချင်းလူမျိုးအမြောက်အများပါဝင်တဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ ခန့်ကိုမြန်မာအစိုးရထံ လွှဲပြောင်း

စက်တင်ဘာလ ၂၉ ရက်။ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာ နှစ်ရှည်လများ ထိန်းသိမ်းခံရသူတွေ ပထမသုတ်အနေဖြင့် လူဦးရေ ၁,၅၀၀ ခန့်ကို ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့မနက်ပိုင်းမှာ မြန်မာစစ်တပ်ပိုင် စစ်ရေယာဉ်နဲ့ ပြန်လည်ပို့ဆောင်ခံရသူတွေအထဲ ချင်းလူမျိုးလည်း အမြောက်အများပါဝင်တယ်လို့ ဒုက္ခသည်အရေးကူညီဆောင်ရွက်နေတဲ့ မလေးရှားမြန်မာ လူမှုရေးအသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မလေးရှားနိုင်ငံ၊ ပီရက်ပြည်နယ် ၊ လမ်မတ်မြို့မှာ ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံသား ၁,၅၀၀ ခန့်ကို ရဲတပ်ဖွဲ့ စောင့်ကြပ်မှုဖြင့် ဘတ်စ်ကားပေါ်တွေ တင်ဆောင်လာပြီး မြန်မာစစ်တပ်ပိုင် စစ်ရေယာဉ် ၂ စီးနဲ့ ဆေးရုံသင်္ဘောတစ်စီးရှိရာဆိပ်ကမ်းကို ပို့ဆောင်နေကြပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မလေးရှားမြန်မာ လူမူရေးအသင်းက တာဝန်ရှိသူတစ်ဦးက “မလေးရှားထိန်းသိမ်းရေးစခန်း တွေမှာ…

Read More