
နိုဝင်ဘာလ ၇ ရက်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ လေဆိပ်မှာ ဒီကနေ့ နိုဝင်ဘာလ ၇ ရက်နေ့မှာ အမျိုးသား(၂) ဦး မှတ်ပုံတင်အတု ကိုင်ဆောင်လို့ ဖမ်းဆီးခံရပြီး မှတ်ပုံတင် (အတု)၊ အိမ်ထောင်စု (အတု)တွေကို လုံးဝမလုပ်ကြဖို့ လိုအပ်တယ်လို့ စစ်ကိုင်းတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးငွန်ဘွာလ်ထန်း ( Pu Ngun Bual Thang ) က ပြောပါတယ်။
စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးငွန်ဘွာလ်ထန်း ( Ngun Bual Thang ) က “ဒီကနေ့ နေ့လည်တုန်းကလည်း ကလေး လေဆိပ်မှာ အမျိုးသား ၂ ဦးလည်း မှတ်ပုံတင်အတုကြောင့် ဖမ်းဆီးခံရတယ်။ ကျနော်ဆီကို ဒီလို မှတ်ပုံတင်အတု၊ အိမ်ထောင်စု အတုတွေကြောင့် ဖြေရှင်းပေးရတဲ့ ဟာက အရမ်းများနေပြီ ဆယ်နဲ့ချီကို ရှိနေပြီ အခုလို နိုင်ငံရေးအခြေအနေမှာ အခုလို ပြဿနာတွေဖြေရှင်းရတာ အတော်လေးကို အခက်အခဲရှိပါတယ် ဒီလိုကိစ္စကြောင့် ဖြေရှင်းပေးရတာ အရမ်းများနေပြီ ဒီလို မှတ်ပုံတင် အတု၊ အိမ်ထောင်စု အတု တွေကို လုံးဝမလုပ်တာ အကောင်းဆုံးပါ” လို့ပြောပါတယ်။
မှတ်ပုံတင်(အတု)၊ အိမ်ထောင်စု(အတု) ကိုင်ဆောင်တဲ့ အမှုဟာ တရားဥပဒေအရ ပြစ်ဒဏ်အတိအကျကိုတော့ မသိပေမယ့် လက်ရှိနိုင်ငံရေးအခြေအနေနဲ့ဆို ဖြေရှင်းရတာ အခက်အခဲများစွာရှိတယ်လို့လည်း စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးငွန်ဘွာလ်ထန်း ( Ngun Bual Thang ) က ပြောပါတယ်။
နောက်ပြီး လူပုဂ္ဂိုလ်တချို့ဟာ မှတ်ပုံတင်(အတု)၊ အိမ်ထောင်စု(အတု) ဆိုတာ သိသိကြီးဖြင့် လုပ်တာတွေ ရှိပြီး တချို့က မသိဘဲ ကိုင်ဆောင်မိတာတွေ ရှိနိုင်တယ်လို့လည်း စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးငွန်ဘွာလ်ထန်း ( Ngun Bual Thang ) က ပြောပါတယ်။

