မလေးရှားရှိ UNHCR ဒုက္ခသည်မှတ်ပုံတင်နဲ့အထောက်အထား ထုတ်ပေးမှုများ ရပ်ဆိုင်း
နို၀င်ဘာလ ၁၈ ရက်။ မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေအတွက် မှတ်ပုံတင်ခြင်းနဲ့ စာရွက်စာတမ်း ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့ကစပြီး ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဒီလို ရပ်ဆိုင်းလိုက်တာဟာ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို မှတ်ပုံတင်ပေးတဲ့ လုပ်ငန်းစဉ်ကို မလေးရှားအစိုးရ ဦးဆောင်တဲ့ မှတ်ပုံတင်ရေး အစီအစဉ် (Government-led Registration Programme) အောက်မှာ ပြောင်းလဲဆောင်ရွက်သွားမယ်ဆိုတဲ့ မလေးရှားအစိုးရရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။ UNHCR အနေနဲ့ကတော့ ဒီလို အစိုးရဦးဆောင်မှုနဲ့ ဒုက္ခသည် စီမံခန့်ခွဲမှုစနစ် ပိုပြီးခိုင်မာအားကောင်းလာစေဖို့ မလေးရှားအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အပြည့်အဝ ထောက်ခံတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒုက္ခသည်တွေနဲ့…

