
နိုဝင်ဘာလ ၁၀ ရက်။
UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ မြန်မာနွယ်ဖွား ချင်းဖိုက်တာ Joshua Van ရဲ့ အောင်မြင်မှုတွေအတွက် အမေရိကန်နိုင်ငံ ၊ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott က ဂုဏ်ပြုလက်မှတ်
ချီးမြှင့်လိုက်ကြောင်း Joshua Van က သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
အသက် ၂၅ နှစ်အရွယ် မြန်မာနွယ်ဖွား ချင်းဖိုက်တာ Joshua Van ဟာ UFC ဖလိုင်းဝိတ်တန်းချန်ပီယံခါးပတ်ကို ၂ ကြိမ်တိတိ ကာကွယ်နိုင်ခဲ့ပြီးမှာ အခုလို တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးက Greg Abbott က ဂုဏ်ပြုလက်မှတ်ချီးမြှင့်လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က Joshua Van ဟာ ဖလိုင်းဝိတ်ချန်ပီယံဟောင်း ပန်တိုဂျာနဲ့ ယှဉ်ပြိုင်ခဲ့အပြီး UFC ဖလိုင်းဝိတ်တန်းချီပီယံ ခါးပတ်ကို ဒုတိယအကြိမ် ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
လာမယ့် ၂၀၂၇ ခုနှစ် ၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှာလည်း ကနေဒါနိုင်ငံ၊ တိုရန်တွန်မြို့မှာ လက်ရှိ UFC ဖလိုင်းဝိတ်ချန်ပီယံ Joshua Van နဲ့ ပေါ်တူဂီဖိုက်တာ မာနယ်ကပ်တို့ ခေါင်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်သွားကြမှာဖြစ်ပြီး Joshua Van အနေနဲ့ ချန်ပီယံခါးပတ်ကို ဆက်လက်ကာကွယ်သွားနိုင်မလားဆိုတာ ပရိတ်သတ်တွေ စောင့်ကြည့်ရဖို့လည်း ရှိနေပါတယ်။

