၂၀၂၆ အင်တာနက်လွတ်လပ်ခွင့်မှာ မြန်မာနိုင်ငံ ရမှတ် ၉ မှတ်နဲ့ ကမ္ဘာ့အဆိုးဆုံးအဆင့်မှာ ဆက်ရှိနေ
အောက်တိုဘာလ ၂၂ ရက်။ မြန်မာနိုင်ငံဟာ ၂၀၂၆ ခုနှစ်အတွင်း အင်တာနက်လွတ်လပ်ခွင့် အခြေအနေမှာ ရမှတ် ၁၀၀ မှာ ၉ မှတ်သာ ရရှိခဲ့ပြီး တရုတ်၊…

အောက်တိုဘာလ ၂၂ ရက်။ မြန်မာနိုင်ငံဟာ ၂၀၂၆ ခုနှစ်အတွင်း အင်တာနက်လွတ်လပ်ခွင့် အခြေအနေမှာ ရမှတ် ၁၀၀ မှာ ၉ မှတ်သာ ရရှိခဲ့ပြီး တရုတ်၊ အီရန်နိုင်ငံတို့နဲ့အတူ ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံး ပူးတွဲနိုင်ငံအဖြစ် ဆက်လက် ရပ်တည်နေတယ်လို့ Freedom House နဲ့ Human Rights Myanmar (HRM) တို့က ဒီကနေ့ အောက်တိုဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ “Freedom on the Net 2026: Seismic Shifts on the Global Internet” အစီရင်ခံစာအရ သိရပါတယ်။ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းကစတင်ပြီး ကမ္ဘာ့အင်တာနက်လွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့ရာကနေ အခု…
အောက်တိုဘာလ ၂၂ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသရှိ ပီချောင်းဆုံရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လသားကလေးငယ် (၁) ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ စုစုပေါင်း ၉ ဦး သေဆုံးခဲ့ရမှုပေါ် ကန့်ကွက်ရှုတ်ချကြောင်း၊ပြည်သူတွေ လေကြောင်းရန်သတိပြုကြဖို့ ချင်းအမျိုးသားတပ်ဦး ( CNF) က ဒီကနေ့အောက်တို ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့က ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသရှိ ပီချောင်းဆုံရွာနဲ့ လုံးတူရွာတွေကို တိုက်လေယာဉ်နဲ့ Y 12 လေယာဉ်တွေ အသုံးပြုပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၉ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အခုလို အပြစ်မဲ့အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ သရဲဘောကြောင်တဲ့…
အောက်တိုဘာလ ၂၂ ရက်။ မလေးရှားနိုင်ငံမှာ တရားမဝင် ရွှေ့ပြောင်းလုပ်သားတွေကို နိုင်ငံတစ်ဝန်း အမြစ်မကျန် လိုက်လံဖမ်းဆီး နေရပ်ပြန်ပို့ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးဌာနအပြင် စစ်တပ်အင်အားကိုပါ ပူးပေါင်းအသုံးပြုပြီး အကြီးစား စစ်ဆင်ရေး လုပ်ဆောင်ဖို့ အတိုက်အခံ လွှတ်တော်အမတ်တစ်ဦးက ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့က ကျင်းပတဲ့ ပါလီမန် အောက်လွှတ်တော် (Dewan Rakyat) ဘတ်ဂျက်ဆိုင်ရာ ဆွေးနွေးပွဲမှာ အဆိုပြု တိုက်တွန်းလိုက်ပါတယ်။ အဆိုပါ တိုက်တွန်းချက်ကို အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ (Perikatan Nasional – PN) ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ Putrajaya မဲဆန္ဒနယ် လွှတ်တော်အမတ် Dr. Mohd Radzi Jidin က အောက်တိုဘာလ ၁၉ ရက် ပါလီမန် အစည်းအဝေးအတွင်း တင်ပြခဲ့တာ…
အောက်တိုဘာလ ၂၂ ရက်။ လောင်းရှည် – လှိုင်ဒုတ် – ကျင်ဒွေးလမ်းကြောင်းပေါ်မှာရှိတဲ့ ကန်ပက်လက်မြို့နယ်၊လှိုင်ဒုတ်ကျေးရွာကို အောက်တိုဘာလ ၂၁ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ကောင်စီက အောက်တိုဘာလ ၂၁ ရက်နေ့မှာဘဲ ထုတ်ပြန်ထားပါတယ်။ လက်ရှိစစ်ကောင်စီ သိမ်းပိုက်ထားတဲ့ လောင်းရှည် – ကျင်ဒွေးလမ်းကြောင်းပေါ် ကန်ပက်လက်မြို့နယ်ထဲက လှိုင်ဒုတ်ကျေးရွာဟာ လောင်းရှည်ကနေ ကျင်ဒွေးမြို့ရောက်ဖို့ လမ်းတဝက်တောင် မရှိသေးတဲ့ နေရာဖြစ်တယ်လို့လည်း နယ်မြေအခြေအနေ သိရှိတဲ့ ကန်ပက်လက်ဒေသခံ တစ်ဦးကပြောပါတယ်။ ချင်းပြည်သူ့တပ်မတော်(CPA) အဖွဲ့ဝင် CDF-Kanpalet က တာဝန်ရှိသူတစ်ဦးက “ လှိုင်ဒုတ်က ရွာသစ်၊ ရွာဟောင်းရှိတယ် အခုသူတို့ထုတ်ပြန်တဲ့ဟာက မောချောင်းနဲ့ ကပ်ရပ်က လှိုင်ဒုတ်ရွာဟောင်းကဟာဖြစ်တယ် ကျင်ဒွေးနဲ့တော့ အဝေးကြီးမှာ ရှိပါသေးတယ်” လို့ ပြောပါတယ်။ လှိုင်ဒုတ်ကျေးရွာကို သိမ်းပိုက်ရရှိခဲ့ပြီး လက်ရှိမှာ…
အောက်တိုဘာလ ၂၁ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်အကျဉ်းထောင်မှာ အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာတွေကြောင့် ဒီနှစ်အတွင်း အကျဉ်းသား (၇) ဦး သေဆုံးခဲ့ရတဲ့အပေါ် တာဝန်ရှိသူတွေကို အမြန်ဆုံး စုံစမ်းအရေးယူပေးဖို့ ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ တောင်းဆိုချက် ထုတ်ပြန်လိုက်ပါတယ်။ ကလေးမြို့ မော်လိုက်ကလေးအကျဉ်းထောင်မှာ အာဟာရပြတ်လပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရှိခြင်းကြောင့် အိန္ဒိယနိုင်ငံသား ဂေါ်ရခါးလူမျိုး Buskal Khan အပါအဝင် ဒီနှစ်အတွင်း အကျဉ်းသား (၇) ဦး သေဆုံးခဲ့ရတဲ့အပေါ် အခုလို ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ ကလေးမြို့ ၊မော်လိုက်ကလေးအကျဉ်းထောင်အတွင်း စနစ်တကျ အာဟာရပြတ်လပ်စေခြင်း၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မပေးခြင်းနှင့် အကျဉ်းထောင်အာဏာပိုင်များရဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် အကျဉ်းသားများ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးနေရတယ်လို့ထုတ်ပြန်ထားပါတယ်။ လူဝင်မှုကြီးကြပ်ရေး…
အောက်တိုဘာလ ၂၁ ရက်။ ဘုရားကျောင်းမှာ မစ္ဆားတရားပွဲ ကျင်းပနေချိန် လက်ဝါးကပ်တိုင် ပြုတ်ကျထိမှန်ပြီး ပျံလွန်တော်မူခဲ့တဲ့ အီကွေဒေါ ဘုန်းတော်ကြီး Patricio ရဲ့ နောက်ဆုံးခရီး ဈာပနအခမ်းအနားကို ဒီနေ့ အောက်တိုဘာလ ၂၁ ရက်မှာ မိသားစုဝင်တွေနဲ့ ဘာသာတူတွေက သူ့ရဲ့ မွေးရပ်ဇာတိမြေမှာ ကျင်းပပြုလုပ်ပြီး နောက်ဆုံး နှုတ်ဆက်ဂါရဝပြုခဲ့ကြပါတယ်။ အသက် ၅၃ နှစ်အရွယ် ဘုန်းတော်ကြီး Patricio ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က အီကွေဒေါနိုင်ငံ၊ Guayaquil မြို့မှာရှိတဲ့ Perpetuo Socorro ဘုရားကျောင်းမှာ မစ္ဆားတရားပွဲကို လူမှုကွန်ရက်ကနေ တိုက်ရိုက်ထုတ်လွှင့် ကျင်းပနေချိန် နံရံမှာ ချိတ်ဆွဲထားတဲ့ ကြီးမားတဲ့ သစ်သားလက်ဝါးကပ်တိုင်ကြီး ပြုတ်ကျထိမှန်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာတွေနဲ့ ပျံလွန်တော်မူသွားခဲ့တာ ဖြစ်ပါတယ်။ ဒီကြေကွဲဖွယ်…
အောက်တိုဘာလ ၂၁ ရက်။ အိမ်ခြေမိသားစု ၅၀၀၀ ဝန်းကျင်ခန့်က မှီခိုနေရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ တောင်ဖီလာရပ်ကွက် နယ်မြေ(၄) မှာတည်ရှိတဲ့ ကျေးလက်ကျန်းမာရေးဌာန ( တာဟန်း) ရှိ ဆောက်လုပ်လက်စ ၄ ထပ်အဆောက်အအုံနဲ့အဆောက်အအုံဟောင်းတွေကို လာမယ့် ၂၀၂၇ – ၂၈ ဘဏ္ဍာရေးနှစ်မှာ ပြန်လည်ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ ကလေးခရိုင် ၊ ကျေးလက်ကျန်းမာရေးဌာန ( တာဟန်း) ရှိ ဆောက်လက်စ ၄ ထပ်အဆောက်အအုံတွေ အဆောက်အအုံအဟောင်းတွေ ပြန်လည်ပြင်ဆင်တဲ့ လုပ်ငန်းတွေ ဟာ မပြီးစီးဘဲ ရပ်နားထားတာ ၃ နှစ်ကြာနေပြီဖြစ်ပြီး ပြန်လည်ဆောက်လုပ်ဖို့ အစီအစဉ် ရှိ/ မရှိ ကလေးမြို့နယ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သန်း က…
Salai Ceu Bik Thawng ပြည်နယ်တွေရဲ့အမည်တွေပြောင်းလဲသတ်မှတ်ဖို့အာဏာသိမ်းစစ်ခေါင်းဆောင်၊နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်က ပြီးခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ၁၁ နှစ်ပတ်လည်နေ့အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ “ပြည်နယ်တစ်ခုဟာ လူမျိုးတစ်မျိုးတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဲဒီဒေသမှာ နေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတဲ့ သဘောထားကို အလေးထားဖို့ လိုပါတယ်၊ ဒေသတွင်းနေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်အမည် သတ်မှတ်ရေးနဲ့ပတ်သက်ပြီးလည်း အမျိုးသားစည်းလုံး ညီညွတ်ရေးကို ရှေးရှုပြီး အားလုံး ဝိုင်းဝန်းစဉ်းစားအဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ် ” လို့ သူက ထောက်ပြခဲ့ပါတယ်။ ၎င်းထောက်ပြချက်ဟာ တစ်ဝက် မှန်တယ်လို့ ဆိုရမယ်။ မြန်မာနိုင်ငံကဲ့သို့ လူမျိုးပေါင်းစုံ၊ ဘာသာသာသနာ ပေါင်းစုံ နေထိုင်တဲ့ နိုင်ငံမှာ အရာရာတွင် လူမျိုးတစ်မျိုးတည်းက လွှမ်းမိုးတာမျိုး၊ မောင်ပိုင်စီးတာမျိုး မရှိသင့်။ အမျိုးသားတန်းတူရေး အရေးကြီးပါတယ်။ ရှမ်းပြည်နယ်မှာ တိုင်းရင်းသားလူမျိုး တစ်ဒါဇင်ခန့်ရှိ(…
အောက်တိုဘာလ ၂၀ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံနဲ့ လုံးတူရွာတို့ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နို့စို့အရွယ် ကလေးငယ်အပါအဝင် အပြစ်မဲ့အရပ်သား ၉ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့သလို ဈေးဆိုင်ခန်းများစွာ ထိခိုက်ပျက်စီးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CPU) က ဒီကနေ့ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့က ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/A)ထိန်းချုပ်နယ်မြေ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံကို ဂျက်ဖိုက်တာ ၊ Y -12 လေယာဉ်တွေနဲ့ ဗုံးသီး ၆၄ လုံး ဗုံးကြဲတိုက်ခိုက်ခဲ့သလို ၁၉ ရက်နေ့မှာလည်း လုံးတူ – တွီစပ်လမ်းခွဲနေရာကို ထပ်မံပြီး ဗုံးသီး ၄၈ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ CPU ကဆိုပါတယ်။ ချင်းပြည်သူ့အစည်းအရုံး(CPU)…
အောက်တိုဘာလ ၂၀ ရက်။ ချင်းလူမျိုးတွေနေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာအတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ တာဝန်ရှိသူတွေဘက်က ပြီးစီးအောင်ဆောင်ရွက်နိုင်ပြီဖြစ်လို့ ဒေသခံတွေ မကြာခင် နေရပ်ပြန်လာနိုင်ကြတော့မှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးငွန်ဘွာလ်ထန်း ( Ngun Bual Thang ) က Chin world Media ကိုပြောပါတယ်။ စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးငွန်ဘွာလ်ထန်း ( Ngun Bual Thang ) က “ဘုရားသခင်ကျေးဇူးတော်ကြောင့် ဒေသခံတွေ မကြာခင်နေရပ်ပြန်လာနိုင်ကြတော့မယ်။ မိုင်းရှင်းလင်းတာတွေကိုလည်း အားလုံးနီးပါး ပြီးသွားသလောက်ဖြစ်ပါပြီ ကိုယ့်အိမ်ဝန်းအတွင်း တွေ့မြင်မိတာတွေရှိရင်တော့ ဗုံးရှင်းလင်းရေးဘက်က တာဝန်ရှိသူတွေကို ပြန်ခေါ်ရမှာပေါ့ အခုထိတော့ ဒေသခံတွေ ဘယ်သူမှတော့ မဝင်ကြသေးဘူး” လို့ပြောပါတယ်။ စက္ကန့်ကျေးရွာအတွင်း ဒေသခံတွေ နေရပ်ပြန်လာနိုင်ရေးအတွက်…