Headlines

လမ်းခင်းတာ ရပ်ပစ်မယ် ဖိအားပေးခံရလို့ အိုင်ဇောလ်မြေပိုင်ရှင်များကို အစိုးရက နစ်နာကြေး ရူပီး ၇၄ သန်း စတင်ပေး

အောက်တိုဘာလ ၁၈ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် Sihhmui နဲ့ Muallungthu အကြား အိုင်ဇောလ်မြို့ရှောင်လမ်း ခင်းတဲ့လုပ်ငန်းတွေကို လာမယ့် နိုဝင်ဘာ ၁ ရက်ကစပြီး ရပ်တန့်ပစ်မယ်လို့ ဒေသခံမြေပိုင်ရှင်တွေဘက်က သတိပေးလာပြီးနောက်ပိုင်း ထိခိုက်နစ်နာခဲ့ရတဲ့ မြေပိုင်ရှင် ၁၈၅ ယောက်ဆီကို နောက်ဆက်တွဲ နစ်နာကြေးငွေ ရူပီး ၇၄ သန်း  ကို ပြည်နယ် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းဌာန (PWD) က အလျင်အမြန် စတင်ထုတ်ပေးနေပြီ ဖြစ်ပါတယ်။ PWD ရဲ့ စီမံကိန်းအကောင်အထည်ဖော်ရေး ယူနစ်က လုပ်ဆောင်နေတဲ့ ဒီနစ်နာကြေးပေးချေမှု လုပ်ငန်းစဉ်ကို လာမယ့် အောက်တိုဘာ ၂၃ ရက်မှာ အပြီးသတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒီလို နစ်နာကြေးတွေ အမြန်ထုတ်ပေးရတာဟာ အိုင်ဇောလ်မြို့ရှောင်လမ်း အနောက်ဘက်ခြမ်း မြေပိုင်ရှင်များ လူမှုဖူလုံရေးအသင်း (Aizawl…

Read More

ပလက်ဝမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၆ ဦး သေဆုံး

အောက်တိုဘာလ ၁၈ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံထောင်ရွာ အထက်ဘက် ပီချောင်းဆုံမှာ ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်း ၉ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ ဦး သေဆုံးပြီး တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတစ်ဦးက ” ကျနော်တို့ သတင်းရတဲ့အချိန်က နေ့လည် ၁၂ လောက်မှာရတယ် မနက်ပိုင်း ၉ နာရီကနေ ၁၀ ကြားလောက်မှာ ဖြစ်သွားတာ အရပ်သားတွေ ကုန်တင်ကုန်ချ လုပ်တဲ့နေရာ တဲထိုးပြီးနေတဲ့ နေရာကို ကြဲသွားတာ ဖြစ်တယ် ၆ ယောက်သေတယ် ဒဏ်ရာရ စာရင်းတော့ အတိကျမရသေးဘူး တချို့ ဆို အောက်ပိုင်းပြတ်သွားတယ်လို့သိရတယ်” လို့ပြောပါတယ်။…

Read More

၁ နှစ်ခွဲကျော်အကြာမှ Chinland Council/CC နဲ့ ICNCC/CB တို့ ချင်းအမျိုးသားကောင်စီ (CNC) ဖွဲ့စည်းရေး ထပ်မံ ဆွေးနွေး

အောက်တိုဘာလ ၁၇ ရက်။ အောက်တိုဘာ ၁၆ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊အိုင်ဇောလ်မြို့မှာ ချင်းတော်လှန်ရေးအင်အားစု၂ စုဖြစ်တဲ့ Chinland Council/CC နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC/CB ) တို့ တွေ့ဆုံပြီး ချင်းအမျိုးသားကောင်စီ (CNC) ဖွဲ့စည်းရေး ထပ်မံ ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယမီဒီယာ Times of India က ဖော်ပြထားပါတယ်။ မနှစ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး(CNF) ဦးဆောင်တဲ့ Chinland Council (CC) အဖွဲ့တို့အကြား Chin National Council (CNC) ကို ဖွဲ့စည်းရန် သဘောတူညီချက်ရှိခဲ့ကြောင်း၊အချိိန် ၁ နှစ်ခွဲကျော်အကြာ ယခုနှစ်၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၆…

Read More

ချင်းစကားများ အပါအဝင် Google Translate မှာ မပါတဲ့ တိုင်းရင်းသားဘာသာစကား ၁၇၄ မျိုးအတွက် ‘Lexnary’ အဘိဓာန် မိတ်ဆက်

အောက်တိုဘာလ ၁၆ ရက်။ Google Translate မှာ မပါဝင်သေးတဲ့ တိုင်းရင်းသား လူနည်းစု ဘာသာစကားတွေ အပါအဝင် ဘာသာစကားပေါင်း ၂၀၅ မျိုးကို အပြန်အလှန် ရှာဖွေနိုင်မယ့် ‘Lexnary’ အမည်ရှိ အခမဲ့ အဘိဓာန် ပလက်ဖောင်းတစ်ခုကို ကိုယ်တိုင် တည်ဆောက်ပြီး ဇိုမီတို့ရဲ့ ရိုးရာနှစ်သစ်ကူးပွဲတော် (Zomi Khuado Pawi) ကို ဂုဏ်ပြုတဲ့အနေနဲ့ မျှဝေလိုက်တယ်လို့ နည်းပညာဖန်တီးသူ David Mung က ပြောပါတယ်။ Lexnary ကို စမ်းသပ်အသုံးပြုလိုပါက https://lexnary.com နဲ့ Facebook Page: https://www.facebook.com/profile.php?id=61595117946685 တို့မှာ ကြည့်ရူ့ လေ့လာနိုင်ပါတယ်။ အဆိုပါ Lexnary အဘိဓာန်မှာ ဘာသာစကား ၂၀၅ မျိုး ပါဝင်တဲ့အနက် ၁၇၄…

Read More

ပြည်နယ်အမည်တွေ ပြောင်းလဲသတ်မှတ်ဖို့ ဦးမင်းအောင်လှိုင်ပြော

အောက်တိုဘာလ ၁၆ ရက်။ ပြည်နယ်တွေကို ဒေသအတွင်း နေထိုင်အတွင်းနေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်အမည်သတ်မှတ်နိုင်ရေး အားလုံးဝိုင်းဝန်းစဉ်းစားအဖြေရှာကြဖို့ မနေ့အောက်တိုဘာလ ၁၅ ရက်နေ့က ပြုလုပ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA) (၁၁) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားမှာ အာဏာသိမ်းစစ်ခေါင်းဆောင်၊သမ္မတဦးမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လူမျိုးပေါင်းစုံ တိုင်းရင်းသားပေါင်းစုံရောယှက် နေထိုင်ကြပြီး ဥပမာ အမည်နာမအားဖြင့် သတ်မှတ်ထားတဲ့ ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုး ၃၅ ရာခိုင်နှုန်းကျော်သာရှိပြီး ကချင်ပြည်နယ်မှာလည်း ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းသာရှိတယ်လို့လည်း ဦးမင်းအောင်လှိုင်ကပြောပါတယ်။ “ပြည်နယ်တစ်ခုဟာ လူမျိုးတစ်မျိုးတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဲဒီဒေသမှာ နေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတဲ့ သဘောထားကို အလေးထားဖို့ လိုပါတယ်၊ ဒေသတွင်းနေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်အမည် သတ်မှတ်ရေးနဲ့ပတ်သက်ပြီးလည်း အမျိုးသားစည်းလုံး ညီညွတ်ရေးကို ရှေးရှုပြီး အားလုံး ဝိုင်းဝန်းစဉ်းစားအဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ်…

Read More

CNF,KNU , ABSDF အဖွဲ့တွေကို ငြိမ်းချမ်းရေးမှာ ပါဝင်ဖို့ ဦးမင်းအောင်လှိုင် ထပ်မံဖိတ်ခေါ်

အောက်တိုဘာလ ၁၅ ရက်။ ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ( NCA) ၁၁ နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားမှာ အာဏာသိမ်းစစ်ခေါင်းဆောင်၊သမ္မတ ဦးမင်းအောင်လှိုင်က ချင်းအမျိုးသားတပ်ဦး (CNF) အပါအဝင် KNU ၊ ABSDF အဖွဲ့တွေကို ငြိမ်းချမ်းရေးမှာ ပါဝင်လာဖို့ ထပ်မံ ဖိတ်ခေါ်ခဲ့ပါတယ်။ NCA နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်ရှိ Horizon Lake View Resort Hotel မှာ ကျင်းပခဲ့တာဖြစ်ပြီး ဦးမင်းအောင်လှိုင်က Video Message ကတဆင့် အဖွင့်မိန့်ခွန်းပြောတဲ့ချိန် အခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ “ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုမလုပ်ခဲ့တဲ့ KNU ၊ CNF နဲ့ ABSDF…

Read More

ကလေးမြို့နယ် စက္ကန့်ကျေးရွာအတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးစတင်ဆောင်ရွက်နေပြီလို့ သိရ

အောက်တိုဘာလ ၁၄ ရက်။ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ကလေးမြို့နယ် ၊ စက္ကန့်ကျေးရွာအတွင်း ဒေသခံတွေ နေရပ်ပြန်လာနိုင်ရေးအတွက် ကျေးရွာအတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ကျေးရွာကိုထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ကဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ကစလို့ စတင် ဆောင်ရွက်နေပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေဘက်က ပြောပါတယ်။ ကျေးရွာဒေသခံတစ်ဦးက “ရွာအတွင်း ပြန်လည်အခြေချ မနေထိုင်နိုင်တာ ကြာပြီ ဘာကြောင့်လည်းဆိုရင် စစ်တပ်နဲ့ တာ်လှန်ရေးတပ်ဖွဲ့တွေ ထောင်ထားခဲ့တဲ့ မိုင်းတွေကြောင့် စိုးရိမ်ပြီး မဝင်လာရဲကြတာတွေကြောင့် ဒီကနေ့ ကစလို့ မိုင်းရှင်းလင်းရေးတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ်” လို့ပြောပါတယ်။ ကျေးရွာအတွင်း ဒေသခံတွေ နေရပ်ပြန်မလာနိုင်တာ နှစ်တွေကြာပြီဖြစ်ပြီး ရပ်ကွက်လမ်း နေအိမ်တွေလည်း ချုံတွေ ပေါင်းတွေများစွာဖြင့် ဖုံးလွမ်းတာတွေဖြစ်ပြီး ကျေးရွာအတွင်း လမ်းတွေကိုလည်း JCB ကားအကြီးတွေနဲ့ ပြန်ရှင်းလင်းတာတွေကိုလည်း လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။…

Read More

မလေးရှားရဲကို ရိုက်နှက်ခဲ့တဲ့ ချင်းအမျိုးသား ၂ ဦးကို ထောင်ဒဏ် ၄ နှစ်စီ တရားရုံးက ချမှတ်

အောက်တိုဘာလ ၁၄ ရက်။ မလေးရှားနိုင်ငံ၊ပါဟန်ပြည်နယ်၊ Raub မြို့မှာ မလေးရှားရဲတပ်ဖွဲ့ဝင်တစ်ဦးကို ထိုးကြိတ်ရိုက်နှက် ခဲ့တဲ့ ခူမီး (ချင်း) အမျိုးသား (၂) ဦးကို ဒီကနေ့အောက်တိုဘာလ ၁၄ ရက်နေ့မှာ တရားရုံးက ထောင်ဒဏ် ၄ နှစ်စီ အသီးသီးချမှတ်လိုက်တယ်လို့ မလေးရှားမြန်မာလူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးဆီကနေ သိရပါတယ်။ မလေးရှားမြန်မာလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက “ ဒီကနေ့မှာဘဲ ကျူးလွန်သူ ၂ ဦးကို တရားရုံးက အမိန့်ချလိုက်တယ် ထောင်ဒဏ် ၄ နှစ် စီ အသီးသီးချမှတ်လိုက်တယ်” လို့ပြောပါတယ်။ မလေးရှားရဲအရာရှိကို ရိုက်နှက်ခဲ့တဲ့ ချင်းအမျိုးသား ၂ နှစ်ဦးကို မလေးရှား Raub တရားရုံးက ပုဒ်မ ၃၃၃ နဲ့ တရားစွပ်စွဲခဲ့တာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာလ…

Read More

ဟားခါးမှာ ၅ နှစ်ကျော် စစ်ဘေးရှောင်နေကြရတဲ့ ထန်တလန်မြို့ခံတွေ နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်နေ

အောက်တိုဘာလ ၁၄ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ၅ နှစ်ကျော်အကြာ လာရောက်စစ်ဘေးရှောင်နေကြရတဲ့ ထန်တလန်မြို့ခံတွေ နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ထန်တလန်နေရပ်ပြန်လည်နေထိုင်နိုင်ရေးနဲ့ ပတ်သက်ပြီး ထန်တလန်မြို့မိမြို့ဖ တချို့နဲ့ ဟားခါးအခြေစိုက် စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းတာတွေ ပြီးခဲ့တဲ့ အပတ်ကပြုလုပ်ခဲ့ပြီးနောက် ထန်တလန်မြို့မိ မြို့ဖတချို့ က ထန်တလန်မြို့တွင်း အခြေအနေတွေကိုလည်း သွားရောက်ကြည့်ရှု့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ထန်တလန်မြို့တွင်းအခြေအနေတွေ သွားရောက်ကြည့်တာတွေအပြီး အောက်တိုဘာလ ၁၁ ရက်နေ့မှာ ဟားခါးမြို့မှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ ထန်တလန်ဒေသခံ ၈၉ ဦး အစည်းအဝေးပြုလုပ်ခဲ့ကြပြီး နေရပ်ပြန်ကြဖို့ အားလုံးက သဘောတူခဲ့ကြတာလို့ သိရပါတယ်။ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက “ အခုနေရပ်ပြန်ဖို့က ဟားခါးမှာ စစ်ရှောင်နေကြတဲ့ ထန်တလန်ဒေသခံတွေလို့ သိရတယ် ထန်တလန်ကို…

Read More

အိန္ဒိယရဲ့’ဆောင်းရာသီမြို့တော်’ အဖြစ် ရပ်တည်ဖို့ မီဇိုရမ်ပြည်နယ်ဘယ်လိုကြိုးပမ်းနေလဲ?

မြန်မာပြည်က ချင်းလူမျိုးစစ်ဘေးရှောင်လူဦးရေသောင်းချီခိုလှုံရာဖြစ်ကာ ချင်းပြည်နယ်နဲ့နယ်နမိတ်ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဟာ ပြည်နယ်တွင်း ခရီးသွားလုပ်ငန်း စီးပွားရေးကို တိုးချဲ့ဖို့နဲ့ အိန္ဒိယရဲ့ “ဆောင်းရာသီမြို့တော်” (Winter Capital) အဖြစ် ရပ်တည်နိုင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ ‘Mizoram Travel Fest 2026’ ခရီးသွားပွဲတော်ကို အောက်တိုဘာ ၁၃ ရက်က အိုက်ဇောလ် (Aizawl) မြို့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ ပွဲတော်ဟာ ခရီးသွားလုပ်ငန်း ကဏ္ဍစုံက လုပ်ငန်းရှင်တွေ၊ ဧည့်လမ်းညွှန်နဲ့ ခရီးသွားအေဂျင်စီတွေ၊ ဒေသခံအိမ်တွင်းတည်းခိုခန်း (homestay) အသင်းအဖွဲ့တွေနဲ့ ရိုးရာအစားအသောက် ပညာရှင်တွေကို တစ်စုတစ်စည်းတည်း တွေ့ဆုံစေခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ် အစိုးရ ခရီးသွားလုပ်ငန်းဦးစီးဌာနနဲ့ အိန္ဒိယဗဟိုအစိုးရ ခရီးသွားလာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပတဲ့ ဒီ ၃ ရက်တာ ပွဲတော်ဟာ ယဉ်ကျေးမှု၊ စွန့်စားမှုနဲ့ သဘာဝအခြေပြု…

Read More