Headlines

မလေးရှားကနေ နေရပ်ပြန်ပို့ခံရတဲ့ ချင်းလူမျိုး လူဦးရေ ၁၇၃ ဦးထဲက တချို့ မိသားစုဝင်တွေဆီ ပြန်မရောက်နိုင်ကြသေး

အောက်တိုဘာလ ၇ ရက်။ မလေးရှားနိုင်ငံကနေ မြန်မာရေတပ်စစ်သင်္ဘောတွေနဲ့ နေရပ်ပြန်ပို့ခံရပြီး ရန်ကုန်ပြန်ရောက်လာတဲ့ ချင်းလူမျိုး လူဦးရေ ၁၇၃ ဦးထဲက တချို့ဟာ နေရပ်မပြန်နိုင်ကြသေးဘဲ သက်ဆိုင်ရာ ချင်းပရဟိတအသင်းတွေဆီ ကျန်နေသေးတယ်လို့ လိုက်ပါကူညီဆောင်ရွက်ပေးနေသူ တစ်ဦးကပြောပါတယ်။ မလေးရှားနိုင်ငံကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား ၁၄၇၆ ဦး ထဲ ချင်းပြည်နယ်အပါအဝင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းက ချင်းလူမျိုး ၁၇၃ ဦးခန့်တို့ဟာ မြန်မာရေတပ်စစ်သင်္ဘောတွေနဲ့ ရန်ကုန်မြို့ကို အာက်တိုဘာလ ၄ ရက်နေ့ မနက်(၇) နာရီဝန်းကျင်လောက်မှာ သန်လျင်မြို့နယ်ရှိ အမှတ် (၃) ဆိပ်ခံတံတား (သီလဝါ)ကို ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။ ရန်ကုန်ရှိ ချင်းပရဟိတ လူငယ်တစ်ဦးက “တချို့ချင်းတွေကတော့ ဆွေမျိုးသားချင်းတွေကလာစောင့်ပြီးတော့ ခေါ်ထုတ်သွားတယ်၊ ကျန်းမာရေးဆေးစစ်တာတို့ လဝက စမတ်ကဒ်ရိုက်ပေးတာတို့ မှတ်ပုံတင်လုပ်ပေးတာတို့ပြီးသွားရင် ရဲက အရင်ကဘာလုပ်ခဲ့…

Read More

မလေးရှားမှာ ချင်းလူငယ်အချင်းချင်း ရန်ဖြစ်ပြီး ချင်းလူငယ်တစ်ဦး ကတ်ကြေးဖြင့် ထိုးသတ်ခံရ

အောက်တိုဘာလ ၇ ရက်။ မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့၊ Maluri ရပ်ကွက်မှာ မနေ့ အောက်တိုဘာလ ၆ ရက်နေ့ညက ချင်းလူငယ်အချင်းချင်းအရက် သောက်စားပြီး စကားများရန်ပွဲဖြစ်ပွါးခဲ့ကာ အိမ်ပြန်လမ်းမှာ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ် Van Lal Chawn ဟာကတ်ကြေးဖြင့် တစ်ချက်အထိုးခံရပြီး ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့မနက်ပိုင်းမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မနေ့ညပိုင်းက Pu Biak Hlei ဆိုသူက ၎င်း မိတ်ဆွေတချို့နဲ့ သေဆုံးသူ Van Lal Chawn တို့အဖွဲ့ အရက်သောက်စားကြရာကနေ ရန်ပွဲဖြစ်ပွားခဲ့ပြီးနောက် အိမ်ပြန်လမ်းမှာ Pu Biak Hlei က လမ်းတဝက်ကနေ သူ့မိတ်ဆွေတချို့ခေါ်ပြီး ထပ်မံစောင့်ကာ Van Lal Chawn ကို…

Read More

3MA 11 MMA ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ Salai John Hmuak နဲ့ Augustine Van တို့ အနိုင်ရ

အောက်တိုဘာလ ၄ ရက်။ အောက်တိုဘာလ ၄ ရက်မှာ ရန်ကုန်မြို့၊ လှည်းကူးမြို့နယ် အုန်းနဲကုန်းရှိ 3MA Arena မှာ ကျင်းပတဲ့ 3MA 11 MMA ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ MMA ကစားသမားများဖြစ်တဲ့ Salai John Hmuak နဲ့ Augustine Van တို့ဟာ ပြိုင်ဘက်တွေကို အနိုင်ရရှိခဲ့ပါတယ်။ ဖလမ်းမြို့နယ်ဇာတိSalai John Hmuak က 3MA 11 ရဲ့ Main Card ပွဲစဉ်၁ပွဲဖြစ်တဲ့ ၅၇ ကီလိုတန်းမှာ Min Myat Thu နဲ့ ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။ ကလေးမြို့နယ်ဇာတိ Augustine Van ကလည်း ၅၅ ကီလိုတန်းမှာ Wanna Kyaw…

Read More

ရန်ကုန်မှာကျင်းပမယ့် 3MA 11 MMA ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ၂ ဦး ပါဝင်ထိုးသတ်မယ်

စက်တင်ဘာလ ၂၉ ရက်။ ရန်ကုန်မြို့၊ လှည်းကူးမြို့နယ် အုန်းနဲကုန်းရှိ 3MA Arena မှာ လာမယ့်အောက်တိုဘာလ ၄ ရက်နေ့မှာ ကျင်းပမယ့် 3MA 11 MMA ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ၂ ဦး ပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမယ်လို့ သိရပါတယ်။ အဲဒီပြိုင်ပွဲမှာ ချင်းပြည်နယ် ၊ ဖလမ်းမြို့သား တစ်ဦးဖြစ်တဲ့ Salai John Hmuak နဲ့ ကလေးမြို့သား Augustine Van တို့ ပါဝင်ယှဉ်ပြိုင်ကြမှာလို့သိရပါတယ်။ 3MA 11 MMA ပြိုင်ပွဲမှာ ပါဝင်မယ့် Salai John Hmuak ဟာ ထိုင်းနိုင်ငံမှာလည်း MMA ပွဲတွေမှာ ယှဉ်ပြိုင်ဖူးခဲ့ပြီး ရလဒ်ကောင်းတွေလည်း ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မြတ်ထွန်းနဲ့ယှဉ်ပြုင်မယ့် Salai John…

Read More

ကလေးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေက အရပ်သားနေအိမ်တစ်အိမ်ကို ဓားပြတိုက်မှု ကျူးလွန်ခဲ့

စက်တင်ဘာလ ၂၈ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ သာစည်ရွာ အနောက် လက်ပံခုံကျေးရွာက ဘုန်းကြီးကျောင်းအနီးရှိ အရပ်သားပြည်သူနေအိမ်တစ်အိမ်ကို စစ်ကောင်စီလက်အောက်ခံ အရပ်ဝတ်ပြည်သူ့စစ်(ပျူစောထီး)တွေဟာ ကာဘိုင်သေနတ် ၁ လက်နဲ့စက်တင်ဘာလ ၂၄ ရက်နေ့ညပိုင်းမှာ ငွေကျပ် သိန်း ၂၀၀ ငွေညစ်တောင်းခံ ဓားပြတိုက်မှု ကျူးလွန်ခဲ့ကြတယ်လို့ ကလေးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။ အဆိုပါ လက်ပံခုံကျေးရွာဟာ သာစည်ရွာ အနောက်ဘက် စစ်ကောင်စီ ဂိတ်နဲ့ မလှမ်းမကမ်း အနီးဆုံးနေရာမှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပြီး ပျူစောထီးတွေသာ ကိုင်ဆောင်ရတဲ့ ကာဘိုင် ၁ လက်ကိုင်ဆောင်ထားတဲ့ အရပ်ဝတ်နဲ့ လူ ၃ ဦးက ငွေညစ်တောင်းခံ ဓားပြတိုက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။ ကလေးမြို့နယ်က ဒေသခံတစ်ဦးက “ဓားပြတိုက်တဲ့သူတွေက သူတို့ရဲ့ ဆက်သွယ်ရေးစက် ဝေါ်ကီတော်ကီ ၁ ခုလည်း…

Read More

အိန္ဒိယ – ပလက်ဝ – ရခိုင်ပြည်နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းတွေကိုပြန်ဖွင့်ပေး

စက်တင်ဘာလ ၂၅ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ရှာဟာခရိုင်၊ ရှာဟာမြို့က မရာလူငယ်အသင်း ( MTP ) ဌာနချုပ်မှာ အာရက္ခတပ်တော် ( ULA / AA ) နဲ့ MTP နှစ်ဘက်တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမှုအပြီး ယာယီပိတ်ထားတဲ့ အိန္ဒိယ – ရခိုင်ပြည်ကုန်သွယ်ရေးလမ်းတွေကို မနေ့စက်တင်ဘာလ ၂၄ ရက်နေ့ ညပိုင်းမှာ ပြနလည်ဖွင့်လှစ်ပေးလိုက်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့က အိန္ဒိယနိုင်ငံ၊ ရှာဟာခရိုင်ရှိ ခိုင်ခီ ကျေးရွာဆိပ်ကမ်းမှာ ရခိုင်လူမျိုး စက်လှေမောင်းသမားတချို့က ဆိပ်ကမ်းအတွင်း တာဝန်ယူထားတဲ့ ဒေသခံ MTP တာဝန်ရှိသူတွေနဲ့ စကားများ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကာာခိုင်ခီဂိတ်ကို မီးရှို့ဖျက်ဆီးခဲ့လို့ MTP တာဝန်ရှိသူတွေဘက်က ရခိုင်ဘက် ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းတွေကို…

Read More

လွတ်မြောက်နယ်မြေအတွင်းက စာသင်ကျောင်းတွေကို စစ်ကောင်စီလက်အောက်ခံကျောင်းတွေက ချိတ်ဆက်နိုင်ဖို့ ကြိုးပမ်းနေတာကိုလက်မခံဖို့ Chinland Council ရဲ့ ပညာရေးဌာနက ထုတ်ပြန်

စက်တင်ဘာလ ၂၅ ရက်။ စစ်ကောင်စီတပ်ဖွဲ့ဟာ ပြည်သူအကြား တရားဝင်မှု ရရှိနိုင်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေသလို လွတ်မြောက်နယ်မြေအတတွင်းက စာသင်ကျောင်းတွေကို စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းတွေက ချိတ်ဆက်ဖို့ အဓိကထားကြိုးပမ်းဆောင်ရွက်နေတာကိုလက်မခံဖို့ Chinland Council က ဖွဲ့စည်းထားတဲ့ ချင်းပြည်အစိုးရ ၊ ပညာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၄ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။ ပညာရေးဝန်ကြီးဌာနက စစ်ကောင်စီလက်အောက်ခံ ကျောင်း၊ ရုံးတွေနဲ့ မချိတ်ဆက်ဖို့ ကိုလည်း အထူးသတိပေးထားပြီး စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေအတွင်းက စာသင်ကျောင်းတွေကို စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းတွေနဲ့ ချိတ်ဆက်ဖို့ အဓိကထား မြူဆွယ်တာ၊ ခြမ်းခြောက်နေတာတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီလုပ်ရပ်တွေကို ပြည်သူလူထုအနေဖြင့် နားမယောင်မိစေဘဲ တော်လှန်ပြည်သူပီပီ ပြတ်ပြတ်သားသား ပြန်လည်တုန့်ပြန်ဖို့ကိုလည်း အလေးအနက် တိုက်တွန်းထားပြီး စစ်ကောင်စီ လက်အောက်ခံ…

Read More

ကလေးအကျဉ်းထောင်မှာ အကျဉ်းသား ၈၀ ခန့် အရေးပေါ် ပြင်ပဆေးရုံတက်ရောက် ကုသရန် လိုအပ်နေပေမယ့် ဆေးကုသခွင့် မရ

စက်တင်ဘာလ ၂၄ ရက်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊ ကလေးအကျဉ်းထောင်မှာ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်တွေ များပြားတာ ခွခြားဆက်ဆံမှုတွေ နဲ့ ထောင်အာဏာပိုင်တွေရဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် နိုင်ငံရေးအကျဉ်းသား ၅၀ အပါအဝင် အကျဉ်းသား ၈၀ ခန့် အရေးပေါ် ပြင်ပဆေးရုံတက်ရောက် ကုသရန် လိုအပ်နေ တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်တွင် ကလေးမြို ပြည်သူ့ဆေးရုံကြီးမှ ပါရဂူအထူးကု ဆရာဝန်တွေက ထောင်အတွင်း လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့စဉ် အရေးပေါ် ပြင်ပဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ အကျဉ်းသား ၈၀ ဦးရှိကြောင်း အတည်ပြုခဲ့တယ်လို့ ဆိုပါတယ် အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား/သူ ၅၀…

Read More

ကလေးမြို့က ZYA ရုံးမှာ နေထိုင်တဲ့ ၁၁ နှစ်အရွယ် ကလေးတစ်ဦး ရုံးရဲ့မော်တော်ယာဉ် မတော်တဆ တိုက်မိပြီးသေဆုံး

စက်တင်ဘာလ ၂၄ ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကနေ ကလေးမြို့ Zomi Youth Association (ZYA) ရုံးအတွင်းမှာ လာရောက်နေထိုင်တဲ့ အသက် ၁၁ နှစ်အရွယ် ကလေး တစ်ဦးဟာ စက်တင်ဘာလ ၂၃ ရက်နေ့က ZYAရုံးဝန်းအတွင်း ရုံးရဲ့ မော်တော်ယာဉ် တိုက်မိလို့ အခင်းဖြစ်ပွါးရာနေရာမှာ သေဆုံးသွားတယ်လို့သိရပါတယ်။ သေဆုံးသူ Tg.Thang Lam Kiim နဲ့ သူအစ်ကို တို့ဟာရေချိုးနေစဉ် ZYA ရုံးကားတစ်စီးဟာ ရုံးဝန်းအတွင်း ဝင်ရောက်လာတဲ့ ရုံးကားက အရှိန်မထိန်းနိုင်ဘဲ ရေချိုးနေတဲ့ ညီအစ်ကို ၂ ဦးကို တိုက်မိခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားရာမှာ အသက် ၁၁ နှစ်အရွယ် Tg.Thang Lam Kiim ဟာ သေဆုံးခဲ့ပြီး ၎င်း…

Read More

စစ်မှုထမ်းဥပဒေမူကြမ်းအပါအဝင် အဆို ၁၇ ခုကို ဆွေးနွေးအတည်ပြုနိုင်ခဲ့တယ်လို့ MTC ထုတ်ပြန်

စက်တင်ဘာလ ၂၂ ရက်။ တတိယအကြိမ် မရာပြည်သူ့ညီလာခံသက်တမ်း၊ တတိယအကြိမ် ဗဟိုကောင်စီအစည်းအဝေးမှာ စစ်မှုထမ်းဥပဒေမူကြမ်း အပါဝင် အဆို ၁၇ ခုကို ဆွေးနွေးအတည်ပြုနိုင်ခဲ့တယ်လို့ Maraland Territorial Council ( MTC) က ဒီကနေ့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒီအစည်းအဝေးကို မရာနယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပ ကလူထုကိုယ်စားလှယ် ဗဟိုကောင်စီဝင်တွေ နိုင်ငံတကာက ကိုယ်စားလှယ်တွေ ဗဟိုကောင်စီဝင်တွေ အပါအဝင် အမျိုးသားညီညွှတ်ရေးအစိုးရ ( NUG) ဖက်ဒရယ်ရေးရာဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်း နဲ့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ/ ချင်းညီနောင် ( ICNCC / CB) ဥက္ကဌ ဆလိုင်းထန်းချွန်းဖေ တို့အပြင် လေ့လာစောင့်ကြည့်သူအပါ စုစုပေါင်း…

Read More