Headlines

ပလက်ဝမြိုနယ်၊ပီချောင်းဆုံနဲ့လုံးတူရွာတို့ကိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် အရပ်သား ၉ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ CPU ထုတ်ပြန်

အောက်တိုဘာလ ၂၀ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံနဲ့ လုံးတူရွာတို့ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နို့စို့အရွယ် ကလေးငယ်အပါအဝင် အပြစ်မဲ့အရပ်သား ၉ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့သလို ဈေးဆိုင်ခန်းများစွာ ထိခိုက်ပျက်စီးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CPU) က ဒီကနေ့ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့က ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/A)ထိန်းချုပ်နယ်မြေ ဒိုင်ရ်ဒေသ၊ ပီချောင်းဆုံကို ဂျက်ဖိုက်တာ ၊ Y -12 လေယာဉ်တွေနဲ့ ဗုံးသီး ၆၄ လုံး ဗုံးကြဲတိုက်ခိုက်ခဲ့သလို ၁၉ ရက်နေ့မှာလည်း လုံးတူ – တွီစပ်လမ်းခွဲနေရာကို ထပ်မံပြီး ဗုံးသီး ၄၈ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ CPU ကဆိုပါတယ်။ ချင်းပြည်သူ့အစည်းအရုံး(CPU)…

Read More

ကလေးမြို့နယ် ၊ စက္ကန့်ကျေးရွာအတွင်း မြေမြှုပ်မိုင်းရှင်းလင်းပြီးပြီလို့သိရ

အောက်တိုဘာလ ၂၀ ရက်။ ချင်းလူမျိုးတွေနေထိုင်တဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာအတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ တာဝန်ရှိသူတွေဘက်က ပြီးစီးအောင်ဆောင်ရွက်နိုင်ပြီဖြစ်လို့ ဒေသခံတွေ မကြာခင် နေရပ်ပြန်လာနိုင်ကြတော့မှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးငွန်ဘွာလ်ထန်း ( Ngun Bual Thang ) က Chin world Media ကိုပြောပါတယ်။ စစ်ကိုင်းတိုင်း ချင်းရေးရာဝန်ကြီး ဦးငွန်ဘွာလ်ထန်း ( Ngun Bual Thang ) က “ဘုရားသခင်ကျေးဇူးတော်ကြောင့် ဒေသခံတွေ မကြာခင်နေရပ်ပြန်လာနိုင်ကြတော့မယ်။ မိုင်းရှင်းလင်းတာတွေကိုလည်း အားလုံးနီးပါး ပြီးသွားသလောက်ဖြစ်ပါပြီ ကိုယ့်အိမ်ဝန်းအတွင်း တွေ့မြင်မိတာတွေရှိရင်တော့ ဗုံးရှင်းလင်းရေးဘက်က တာဝန်ရှိသူတွေကို ပြန်ခေါ်ရမှာပေါ့ အခုထိတော့ ဒေသခံတွေ ဘယ်သူမှတော့ မဝင်ကြသေးဘူး” လို့ပြောပါတယ်။ စက္ကန့်ကျေးရွာအတွင်း ဒေသခံတွေ နေရပ်ပြန်လာနိုင်ရေးအတွက်…

Read More

ကလေးအကျဉ်းထောင်မှာအိန္ဒိယနိုင်ငံသားအကျဉ်းသားတစ်ဦး အာဟာရပြတ်လပ်လို့ သေဆုံးခဲ့၊အာဟာရပြတ်လပ်သူတွေ အများအပြားရှိ

အောက်တိုဘာလ ၂၀ ရက်။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့ မော်လိုက်ကလေး အကျဉ်းထောင်မှာ အစာအာဟာရပြတ်လပ်မှုဖြင့် ကျန်းမာရေးဆိုးရွာစွာ ၂ လကျော်ကြာခံစားခဲ့ရပြီး အိန္ဒိယနိုင်ငံသား Buskal (ခ) Busket ဆိုသူဟာ အောက်တိုဘာလ ၅ ရက်နေ့ မနက် ၅ နာရီမှာ သေဆုံးခဲ့ကာ၊ကလေးထောင်မှာ အာဟာရပြတ်လပ်သူတွေ အများအပြားရှိတယ်လို့ အကျဉ်းဦးစီးနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ ကလေးအကျဉ်းထောင်မှာ လူဝင်မှုကြီးကြပ်ရေး (လ.ဝ.က) ဥပဒေဖြင့် ဖမ်းဆီးချုပ်နှောင်ထားခံရတဲ့ အိန္ဒိယနိုင်ငံသား ဂေါ်ရခါးလူမျိုး Buskal (ခ) Busket ဆိုသူဟာ အစာအာဟာရပြတ်လပ်မှုဖြင့် ကျန်းမာရေး ဆိုးရွာစွာ နှစ်လ ကျော်ကြာခံစားနေရသော်လည်း အကျဉ်းထောင်အာဏာပိုင်ဘက်မှ ကျန်မာ‌ရေးစောင့် ရှောက်မှုလုံလောက်စွာ ဆောင်ရွက်ပေးမှုမရှိခြင်းကြောင့် သေဆုံးခဲ့ရတာလို့ အကျဉ်းဦးစီး နဲ့ နီးစပ်သူတွေဆီက နေသိရပါတယ်။ အကျဉ်းဦးစီးနဲ့…

Read More

လေကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်သေဆုံးခဲ့ရတဲ့ ပီချောင်းဆုံကုန်ဆိပ်အနားတဝိုက်ကို ဒီကနေ့မှာလည်း လေကြောင်းကနေ ထပ်မံတိုက်ခိုက်

အောက်တိုဘာလ ၁၉ ရက်။ မနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ကဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၈ ဦးဝန်းကျင်သေဆုံးခဲ့တဲ့ ချင်းပြည်နယ်၊ပလက်ဝမြို့နယ် ပီချောင်းဆုံကုန်ဆိပ်အနားတဝိုက်ကို ဒီကနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လည်ပိုင်းကလည်း လေကြာင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သေဆုံးအရပ်သားတွေ ထပ်တိုးရှိလာနိုင်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒီကနေ့ နေ့လည် ၁၁ နာရီကျော်ကနေ ၁၂ နာရီ အတွင်း လေကြောင်းကနေ ချောင်းဆုံကုန်ဆိပ်အနားတဝိုက်ကို ဆက်လက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်။ ပလက်ဝဒေသခံတစ်ဦးက “ ဒီနေ့လည်း ထပ်မံတိုက်ခိုက်ခံရတယ်လို့သိရတယ် ၊ မနေ့က သေဆုံးစာရင်းတောင် သေချာမသိရသေးဘူး မနေ့ဗုံးကြဲမှုမှာ ၈ ယောက်သေတယ်လည်းပြောတယ် အဲဒီထက်ပိုများတယ်လို့လည်း ပြောကြတယ် သေချာတော့ စာရင်းမရသေးဘူး၊ ပွဲချင်းပြီး သေဆုံးသွားတဲ့ လူဦးရေကများတယ်၊ မနေ့က…

Read More

ပလက်ဝမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၆ ဦး သေဆုံး

အောက်တိုဘာလ ၁၈ ရက်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံထောင်ရွာ အထက်ဘက် ပီချောင်းဆုံမှာ ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်း ၉ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ ဦး သေဆုံးပြီး တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတစ်ဦးက ” ကျနော်တို့ သတင်းရတဲ့အချိန်က နေ့လည် ၁၂ လောက်မှာရတယ် မနက်ပိုင်း ၉ နာရီကနေ ၁၀ ကြားလောက်မှာ ဖြစ်သွားတာ အရပ်သားတွေ ကုန်တင်ကုန်ချ လုပ်တဲ့နေရာ တဲထိုးပြီးနေတဲ့ နေရာကို ကြဲသွားတာ ဖြစ်တယ် ၆ ယောက်သေတယ် ဒဏ်ရာရ စာရင်းတော့ အတိကျမရသေးဘူး တချို့ ဆို အောက်ပိုင်းပြတ်သွားတယ်လို့သိရတယ်” လို့ပြောပါတယ်။…

Read More

၁ နှစ်ခွဲကျော်အကြာမှ Chinland Council/CC နဲ့ ICNCC/CB တို့ ချင်းအမျိုးသားကောင်စီ (CNC) ဖွဲ့စည်းရေး ထပ်မံ ဆွေးနွေး

အောက်တိုဘာလ ၁၇ ရက်။ အောက်တိုဘာ ၁၆ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်၊အိုင်ဇောလ်မြို့မှာ ချင်းတော်လှန်ရေးအင်အားစု၂ စုဖြစ်တဲ့ Chinland Council/CC နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC/CB ) တို့ တွေ့ဆုံပြီး ချင်းအမျိုးသားကောင်စီ (CNC) ဖွဲ့စည်းရေး ထပ်မံ ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယမီဒီယာ Times of India က ဖော်ပြထားပါတယ်။ မနှစ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး(CNF) ဦးဆောင်တဲ့ Chinland Council (CC) အဖွဲ့တို့အကြား Chin National Council (CNC) ကို ဖွဲ့စည်းရန် သဘောတူညီချက်ရှိခဲ့ကြောင်း၊အချိိန် ၁ နှစ်ခွဲကျော်အကြာ ယခုနှစ်၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၆…

Read More

ချင်းစကားများ အပါအဝင် Google Translate မှာ မပါတဲ့ တိုင်းရင်းသားဘာသာစကား ၁၇၄ မျိုးအတွက် ‘Lexnary’ အဘိဓာန် မိတ်ဆက်

အောက်တိုဘာလ ၁၆ ရက်။ Google Translate မှာ မပါဝင်သေးတဲ့ တိုင်းရင်းသား လူနည်းစု ဘာသာစကားတွေ အပါအဝင် ဘာသာစကားပေါင်း ၂၀၅ မျိုးကို အပြန်အလှန် ရှာဖွေနိုင်မယ့် ‘Lexnary’ အမည်ရှိ အခမဲ့ အဘိဓာန် ပလက်ဖောင်းတစ်ခုကို ကိုယ်တိုင် တည်ဆောက်ပြီး ဇိုမီတို့ရဲ့ ရိုးရာနှစ်သစ်ကူးပွဲတော် (Zomi Khuado Pawi) ကို ဂုဏ်ပြုတဲ့အနေနဲ့ မျှဝေလိုက်တယ်လို့ နည်းပညာဖန်တီးသူ David Mung က ပြောပါတယ်။ Lexnary ကို စမ်းသပ်အသုံးပြုလိုပါက https://lexnary.com နဲ့ Facebook Page: https://www.facebook.com/profile.php?id=61595117946685 တို့မှာ ကြည့်ရူ့ လေ့လာနိုင်ပါတယ်။ အဆိုပါ Lexnary အဘိဓာန်မှာ ဘာသာစကား ၂၀၅ မျိုး ပါဝင်တဲ့အနက် ၁၇၄…

Read More

ကလေးမြို့နယ် စက္ကန့်ကျေးရွာအတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးစတင်ဆောင်ရွက်နေပြီလို့ သိရ

အောက်တိုဘာလ ၁၄ ရက်။ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ကလေးမြို့နယ် ၊ စက္ကန့်ကျေးရွာအတွင်း ဒေသခံတွေ နေရပ်ပြန်လာနိုင်ရေးအတွက် ကျေးရွာအတွင်း မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ကျေးရွာကိုထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ကဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ကစလို့ စတင် ဆောင်ရွက်နေပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေဘက်က ပြောပါတယ်။ ကျေးရွာဒေသခံတစ်ဦးက “ရွာအတွင်း ပြန်လည်အခြေချ မနေထိုင်နိုင်တာ ကြာပြီ ဘာကြောင့်လည်းဆိုရင် စစ်တပ်နဲ့ တာ်လှန်ရေးတပ်ဖွဲ့တွေ ထောင်ထားခဲ့တဲ့ မိုင်းတွေကြောင့် စိုးရိမ်ပြီး မဝင်လာရဲကြတာတွေကြောင့် ဒီကနေ့ ကစလို့ မိုင်းရှင်းလင်းရေးတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ်” လို့ပြောပါတယ်။ ကျေးရွာအတွင်း ဒေသခံတွေ နေရပ်ပြန်မလာနိုင်တာ နှစ်တွေကြာပြီဖြစ်ပြီး ရပ်ကွက်လမ်း နေအိမ်တွေလည်း ချုံတွေ ပေါင်းတွေများစွာဖြင့် ဖုံးလွမ်းတာတွေဖြစ်ပြီး ကျေးရွာအတွင်း လမ်းတွေကိုလည်း JCB ကားအကြီးတွေနဲ့ ပြန်ရှင်းလင်းတာတွေကိုလည်း လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။…

Read More

ဟားခါးမှာ ၅ နှစ်ကျော် စစ်ဘေးရှောင်နေကြရတဲ့ ထန်တလန်မြို့ခံတွေ နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်နေ

အောက်တိုဘာလ ၁၄ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ၅ နှစ်ကျော်အကြာ လာရောက်စစ်ဘေးရှောင်နေကြရတဲ့ ထန်တလန်မြို့ခံတွေ နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ထန်တလန်နေရပ်ပြန်လည်နေထိုင်နိုင်ရေးနဲ့ ပတ်သက်ပြီး ထန်တလန်မြို့မိမြို့ဖ တချို့နဲ့ ဟားခါးအခြေစိုက် စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းတာတွေ ပြီးခဲ့တဲ့ အပတ်ကပြုလုပ်ခဲ့ပြီးနောက် ထန်တလန်မြို့မိ မြို့ဖတချို့ က ထန်တလန်မြို့တွင်း အခြေအနေတွေကိုလည်း သွားရောက်ကြည့်ရှု့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ထန်တလန်မြို့တွင်းအခြေအနေတွေ သွားရောက်ကြည့်တာတွေအပြီး အောက်တိုဘာလ ၁၁ ရက်နေ့မှာ ဟားခါးမြို့မှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ ထန်တလန်ဒေသခံ ၈၉ ဦး အစည်းအဝေးပြုလုပ်ခဲ့ကြပြီး နေရပ်ပြန်ကြဖို့ အားလုံးက သဘောတူခဲ့ကြတာလို့ သိရပါတယ်။ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက “ အခုနေရပ်ပြန်ဖို့က ဟားခါးမှာ စစ်ရှောင်နေကြတဲ့ ထန်တလန်ဒေသခံတွေလို့ သိရတယ် ထန်တလန်ကို…

Read More

ချင်းပြည်နယ်မှာ ဒီလ ဖမ်းမိတဲ့ စစ်သုံ့ပန်း ၁၇ ဦးမှာ ၁၆ ဦးက စစ်မှုထမ်းတပ်သားသစ်တွေဖြစ်နေ

အောက်တိုဘာလ ၁၃ ရက်။ အောက်တိုဘာလ ပထမပတ်အတွင်း ချင်းပြည်နယ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းမိတဲ့ စစ်သုံ့ပန်း စုစုပေါင်း ၁၇ ဦးမှာ ၁၆ ဦးက စစ်မှုထမ်းတပ်သားသစ်တွေဖြစ်နေတယ်လို့ ဒီအခြေအနေကို လေ့လာစာရင်းပြုစုနေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့က အောက်တိုဘာလ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ပထမအပတ်အတွင်း အလင်းဝင်ပူးပေါင်းသူနဲ့ လက်နက်ချတာနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၂၂ ဦး ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။ အဲဒီမှာ အလင်းဝင်ပူးပေါင်းလာကြတဲ့ မကွေးတိုင်းက (၂) ဦး ၊ စစ်ကိုင်းတိုင်းက ၃ ဦး စုစုပေါင်း အလင်းဝင်ပူးပေါင်းလာသူ စုစုပေါင်း ၅ ဦး အနက် ၁…

Read More