Headlines

ကလေးနဲ့ လူငယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းစေတာတွေကို ကန့်ကွက်ကြောင်း ချင်းပြည်ပညာရေး(CDM) အဖွဲ့ထုတ်ပြန်

စက်တင်ဘာလ ၂၂ ရက်။ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းကမဆို အသက်မပြည့်သေးတဲ့ ကလေးနှင့် လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းစေခြင်း၊ စစ်ရေးဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်စေတာ လက်နက်ကိုင်ပဋိပက္ခတွေမှာ အသုံးပြုတာတွေကို ကန့်ကွက်ကြောင်း ချင်းပြည်ပညာရေးစီဒီအမ် ( CDM) အဖွဲ့အစည်းက စက်တင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်းရှိ ဒေသအသီးသီးမှာ လည်း အာဏာသိမ်းစစ်ကောင်စီကို ခုခုံတိုက်ခိုက်ဖို့ လက်နက်ကိုင်တပ်တွေ ဖွဲ့စည်းကြပြီး တပ်သားခေါ်ယူတာတွေ စုဆောင်းတာတွေလည်း နောက်ပိုင်းနှစ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိလာနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တပ်သားစုဆောင်းတာတွေ ခံရလို့ အကူအညီတောင်းခံတာမျိုးတွေ နောက်ပိုင်းနှစ်တွေမှာ ခပ်စိပ်စိပ် ကြုံလာရတယ်လို့လည်း အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ကိုင်နေ သူတစ်ဦးက ၎င်းကြုံတွေ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။ “…

Read More

ချင်းအမျိုးသမီးတွေထဲက ပထမဆုံး B.A ဘွဲ့ရရှိသူ Pi Hlawn Kip Thluai

စက်တင်ဘာလ ၂၁ ရက်။ ချင်းအမျိုးသမီးတွေထဲက ပထမဆုံး B.A ဘွဲ့ရရှိသူ သမိုင်းဝင် ချင်းအမျိုးသမီးကြီး Pi Hlawn Kip Thluai အသက် ၉၀ နှစ် ဟာ စက်တင်ဘာလ ၂၀ ရက်မှာ အမေရိကန်ပြည်ထောင်စုမှာ ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရပါတယ်။ Pi Hlawn Kip Thluai ကို ချင်းပြည်နယ်၊ဖလမ်းမြို့နယ် Tlauhmun ရွာမှာ ၁၉၃၆ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။သူမဖခင်ဟာ ဇာဟောင်မျိုးနွယ်စုနှင့် ဟွာလ်ငိုးမျိုးနွယ်စု အုပ်ချုပ်သူတိုက်သူကြီး Pu Thang Tin Lian ဖြစ်ပါတယ်။ Pi Hlawn Kip Thluai ဟာ ၁၉၆၀ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့(B.A)ရရှိခဲ့သော ပထမဆုံးချင်းအမျိုးသမီး ဖြစ်ပါတယ်။ သူမဟာ ပြည်ပမှာ ဆက်လက်ပညာသင်ကြားခဲ့ပြီး ချင်းပြည်နယ်ရှိ…

Read More

ခရစ်ယာန်သင်းအုပ်ဆရာကို စစ်ကောင်စီစစ်သုံ့ပန်းတွေက လမ်းမှာ ပစ်သတ်ခဲ့တာလို့ PDF – Zoland ထုတ်ပြန်

စက်တင်ဘာလ ၁၈ ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ၊ Lamzang ရွာ နှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာ Rev. Dal Thawn Tuang ဟာ လမ်းမှာ PDF – Zoland ထိန်းသိမ်းရေးစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီစစ်သုံ့ပန်းတွေရဲ့ ပစ်ခတ်သတ်ဖြတ်တာခံရလို့ သေဆုံးသွားရခြင်းဖြစ်တယ်လို့ PDF – Zolandအဖွဲ့ က စက်တင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က PDF – Zoland ထိန်းသိမ်းရေးစခန်းကနေ လွတ်မြောက်သွားတဲ့ စစ်ကောင်စီ စစ်သုံ့ပန်း ၈၀ ခန့်ဟာ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကပ်တဲလ်ကျေးရွာ အနီး ခရီးသွားလာနေတဲ့ Lamzang နှစ်ခြင်းအသင်းတော်က သင်းအုပ်ဆရာ Rev….

Read More

ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်စစ်သုံပန်းတချို့ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ထံ ရောက်ရှိ

စက်တင်ဘာလ ၁၆ ရက်။ ချင်းပြည်နယ်၊ မြောက်ပိုင်း တီးတိန်မြို့နယ်အခြေစိုက် ချင်းညီနောင်(CB) အဖွဲဝင် PDF – Zoland တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်သုံပန်း ၈၀ ခန့်ဟာ ထွက်ပြေးလွတ်မြောက်သွားပြီး တချို့စစ်သုံ့ ပန်းတွေဟာ တီးတိန်မြို့အခြေစိုက် ခလရ – ၂၆၉ တပ်ရင်းကို ရောက်ရှိလာကြောင်း စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ညက PDF – Zoland တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကဗိုလ်မှူးအပါအဝင် စစ်သုံပန်း ၈၀ ခန့်ဟာ အစောင့်တွေကို ရိုက်ပြီး လက်နက်၊ ကျည်တွေယူကာ ထွက်ပြေးခဲ့တာဖြစ်ပြီး အဲဒီထဲက တချို့စစ်သုံ့ပန်းတွေဟာ မနေ့ စက်တင်ဘာလ ၁၅ ရက်နေ့က တီးတိန်မြို့အခြေစိုက် ခလရ – ၂၆၉…

Read More

စစ်ကောင်စီစစ်သုံ့ပန်းတွေနဲ့ PDF – Zoland အကြား ပစ်ခတ်မှုအတွင်း သင်းအုပ်ဆရာ ၁ ဦး စစ်သုံ့ပန်းတွေရဲ့ ကျည်ထိမှန်ပြီးကွယ်လွန်

စက်တင်ဘာလ ၁၅ ရက်။ မနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်လောက်မှာ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ Kaptel ရွာအနီးမှာ လက်နက်တွေနဲ့ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သုံ့ပန်းတွေနဲ့ PDF – Zoland အကြား ပစ်ခတ်မှုအတွင်းသင်းအုပ်ဆရာ Rev.Dal Thawn Tuang ဟာ စစ်သုံ့ပန်းတွေရဲ့ကျည်ထိမှန်ပြီး ကွယ်လွန်သွားခဲ့ရတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အတည်ပြုကြပါတယ်။ တီးတိန်မြို့နယ်၊ Lamzang ရွာ နေထိုင်တဲ့ နှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့သင်းအုပ်ဆရာတော် Rev. Dal Thawn Tuang ဟာ Tuitawh ကျေးရွာကနေ သူ့အကိုဖြစ်သူနဲ့ ပြန်လာတဲ့အချိန် Kaptel တံတားအနီးမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး ၎င်းနဲ့ အတူလိုက်ပါလာတဲ့ ဆရာတော်ရဲ့ အစ်ကိုဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ နီးစပ်တဲ့သတင်းရင်းမြစ်တွေက…

Read More

စမ်းချောင်း BAR4U မီးလောင်မှုမှာ သေဆုံးခဲ့တဲ့ ဆလိုင်းနေလင်းထက်ကို မနက်ဖြန်သဂြိုလ်မည်

စက်တင်ဘာလ ၁၄ ရက်။ ရန်ကုန််မြို့၊စမ်းချောင်း BAR4U ဆိုင်မီးလောင်မှုမှာ သေဆုံးခဲ့တဲ့ ဆိုင်ဝန်ထမ်း ချင်းလူငယ် ဆလိုင်းနေလင်းထက် ကိုမနက်ဖြန်စက်တင်ဘာလ ၁၅ ရက်မှာ ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်တော်မှာသဂြိုလ်မည်လို့သိရပါတယ်။ ရန်ကုန်မြို့၊ စမ်းချောင်းလမ်းပေါ်က BAR4U စားသောက်ဆိုင်မှာ မနေ့စက်တင်ဘာလ ၁၃ ရက်ည ၈ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာကြောင့် ဆိုင်ထဲမှာပိတ်မိပြီး ရခိုင်ပြည်နယ်က ချင်းတိုင်းရင်းသား ဆလိုင်းနေလင်းထက်အပါအဝင် ဆိုင်ဝန်ထမ်း ၂ ဦး သေဆုံးပြီး၊ ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိခဲ့ပါတယ်။ မီးလောင်မှုကြောင့် ဘေးနားက ဆိုင်၃ လောက်လည်း မီးဘေးသင့်ခဲ့ကြတယ်လို့သိရပါတယ်။ ရခိုင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ အသင်းတော်တစ်ပါးဖြစ်သော ဒိုးနွယ်စမ်းအသင်းတော်၊ တောင်ကုတ်မြို့နယ် ၏အသင်းသား၊ ဆလိုင်းနေလင်းထက် အသက်(၂၆)နှစ်၊သည်ခရစ်တော်၌အိပ်ပျော်သွားပါသဖြင့်၊မနက်ဖြန်စက်တင်ဘာလ ၁၅ ရက် မွန်းလွဲ၂:၀၀နာရီ ရေဝေးခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်တော်မှာ ဝတ်ပြုဆုတောင်းပြီးဂူသွင်းသဂြိုလ်မည်ဖြစ်ကြောင်း၊…

Read More

PDF – Zoland တပ်ဖွဲ့က ဖမ်းဆီးထားတဲ့ စစ်ကောင်စီတပ်စစ်သုံ့ပန်း ၈၀ ခန့် မနေ့ညက အစောင့်တွေကို ရိုက်ပြီး ထွက်ပြေးသွား

စက်တင်ဘာလ ၁၄ ရက်။ ချင်းပြည်နယ်၊ မြောက်ပိုင်း တီးတိန်၊ တွန်းဇံမြို့နယ်အခြေစိုက် ချင်းညီနောင်(CB) အဖွဲ့ဝင် PDF – Zoland တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကဗိုလ်မှူးအပါအဝင် စစ်သုံ့ပန်း ၈၀ ခန့်ဟာ စက်တင်ဘာလ ၁၃ ရက်နေ့ညက အစောင့်တွေကို ရိုက်ပြီး လက်နက်၊ ကျည်တွေယူကာ ထွက်ပြေးသွားကြောင်း PDF – Zoland နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ PDF – Zoland နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက “မနေ့ညက ဖြစ်သွားတယ် တီးတိန်ဘက် တိုက်ပွဲတွေမှာ ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတွေဟုတ်တယ်၊အစောင့်တွေကို ရိုက်ပြီး သူတို့ထွက်ပြေးသွားကြတာလို့ပြောတယ် အရိုက်ခံရတဲ့ အစောင့်တွေတော့ သေဆုံးတာမျိုးမရှိဘူး အခုထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေကို လက်လံရှာဖွေနေဆဲဖြစ်မယ်ထင်တယ်” လို့ပြောပါတယ်။ စစ်သုံ့ပန်းတွေထဲက ၂ ဦးက…

Read More

ဖလမ်းမြို့မှာ MPT ဖုန်းလိုင်းပြန်ရ၊တွန်းဇံမြို့မှာလည်း မကြာခင် MPT ဖုန်းလိုင်းပြန်ရမယ်

စက်တင်ဘာလ ၁၃ ရက်။ ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့မှာ မနေ့စက်တင်ဘာလ ၁၂ ရက်မှစပြီး MPT ဆက်သွယ်ရေးကွန်ရက်လိုင်းများ ပြန်ရရှိပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်‌ရေးလုပ်ငန်းမှထုတ်ပြန်ပါတယ်။ ချင်းပြည်နယ် ဖလမ်းမြို့ပေါ်ရှိ မိုဘိုင်းစခန်းအမှတ် CHN00001 သည် ၁၂-၉-၂၀၂၆ ရက်နေ့ နံနက် 12:12 နာရီအချိန်တွင် VSAT ပေါ်မှတဆင့် ဆက်သွယ်မှုရရှိပြီး ကျန်ရှိနေသော ဖလမ်းမြို့ပေါ်မှ မိုဘိုင်းစခန်း အမှတ် CHN00015 နှင့် တွန်းဇံမြို့ပေါ်ရှိ မိုဘိုင်းစခန်း CHN00150 တို့အား ဆက်သွယ်မှုရှိစေရန် ဆက်လက်ဆောင်ရွက်လျက်ရှိကာ၊တွန်းဇံမြို့တွင်လည်း ဆက်သွယ်ရေးလိုင်းများ အမြန်ဆုံးပြန်လည်ရရှိရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)မှ ဝန်ထမ်းများက စက်ပစ္စည်းများ တပ်ဆင်တည်ဆောက်ခြင်းကို ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်‌ရေးလုပ်ငန်းမှထုတ်ပြန်ပါတယ်။ ဖလမ်းမြို့နှင့် တွန်းဇံမြို့များတွင် ဆက်သွယ်ရေး(MPT)လိုင်းများ အမြန်ဆုံး ပြန်လည်အသုံးပြုနိုင်ရေးအတွက် လိုအပ်သည့် ဆက်သွယ်ရေးစက်ပစ္စည်းများကို ရန်ကုန်မြို့မှ ဖလမ်းမြို့နှင့်…

Read More

ZRA-EC စခန်းကို ZNA ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ZRA – EC ဘက်က ၁ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်

စက်တင်ဘာလ ၁၀ ရက်။ ချင်းပြည်နယ် ၊ တွန်းဇံမြို့နယ်က ၊ ဇမ်ပီကျေးရွာရှိ Zomi Revolutionary Army ( ZRA – EC) စခန်းကို Zomi National Army (ZNA) တပ်ဖွဲ့က ဒီကနေ့ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်း ၃ နာရီဝန်းလောက်မှာ ဝင်ရောက်ပစ်ခတ်ခိုက်ခဲ့လို့ ZRA – EC တပ်ဖွဲ့ဘက်က ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ZRA – EC က ထုတ်ပြန်ထားပါတယ်။ ဇမ်ပီကျေးရွာရှိ Zomi Revolutionary Army ( ZRA – EC) စခန်းကို Zomi National…

Read More

စစ်ကောင်စီက စစ်ရေးအရ အသာစီးရလာပြီး နယ်မြေစိုးမိုးလာနိုင်တယ်ဆိုတာ မြေပြင်လက်တွေ့အခြေအနေနဲ့ ကိုက်ညီမှု မရှိကြောင်း Dr. Sui Khar ပြော

စက်တင်ဘာလ ၉ ရက်။ ချင်းပြည်နယ်မှာ စစ်ကောင်စီက စစ်ရေးအရ အသာစီးရလာပြီး နယ်မြေစိုးမိုးလာနိုင်တယ်ဆိုတာ မြေပြင် လက်တွေ့အခြေအနေနဲ့ ကိုက်ညီမှု မရှိတဲ့အကြောင်း ချင်းပြည် ( Chinland) ကောင်စီကဖွဲ့စည်းပေးထားတဲ့ ချင်းပြည်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr. Sui Khar က ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ Chinland Council ရဲ့သတင်းစာ ရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ ချင်းပြည်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Dr. Sui Khar က “စစ်ကောင်စီဝါဒဖြန့်မှုပေါ့ အဓိကအားဖြင့် စစ်ရေးအရ အသားစီးရလာတယ် နယ်မြေစိုးမိုးလာတယ်ဆိုပြီး ပြောလာကြတယ် ပထမအနေနဲ့ ကျနော်ပြောချင်တာက အရင်ကတည်းကနေ တချို့မြို့တွေမှ အပ ရွာတွေမှာက နေပြည်တော်ရဲ့ သြဇာသက်ရောက်မှုက နတ္ထိ လုံးဝကိုမရှိဘူး ရုံးစာ ရုံးတစ်ခုမှ မရှိဘူး ပြောချင်တာက…

Read More