ဟားခါးမြို့မှာ ရဲတပ်သား ၂ ဦး ပစ်သတ်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့က မြို့အဝင်အထွက်ပိတ်ဆို့ပြီး စစ်ဆေးရေးတွေ တင်းကြပ်နေ

ဇူလိုင်လ ၁၇ ရက်။ ချင်းပြည်နယ်၊ ဟားခါးမြို့ ၊ ပြည်တော်သာရပ်ကွက် ဂန့်ဂေါလမ်းပေါ် ဆိုင်ကယ်နဲ့ သွားနေတဲ့ ဟားခါးမြို့မ ရဲစခန်းက ရဲတပ်သား ၂ဦး ဒီကနေ့ ဇူလိုင်လ ၁၇ ရက်နေ့ မနက်ပိုင်း ၉ ဝန်းကျင်လောက်မှာ ပစ်သတ်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့က ဟားခါးမြို့မှာ ရဲတပ်သား ၂ ဦး ပစ်သတ်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့က မြို့အဝင်အထွက်ပိတ်ဆို့ပြီး စစ်ဆေးရေးတွေ တင်းကြပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြည်တော်သာရပ်ကွက် ဂန့်ဂေါလမ်းပေါ် ဆိုင်ကယ်နဲ့ ထွက်လာတဲ့ ဟားခါးမြို့မရဲစခန်းက ရဲတပ်သား ၂ ဦးကို ပစ်သတ်ခံရပြီး နေရာမှာတင် သေဆုံးခဲ့ပြီး အလောင်းကို ဟားခါးဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသခံတစ်ဦးက “ CDF – Hakha က ပစ်သတ်တာလို့…

Read More

Starlink မူဝါဒ အသစ်မှာ အင်တာနက်လိုင်းတွေ မရတော့မှာကို ချင်းပြည်နယ်က ဒေသခံတချို့စိုးရိမ်နေကြ

ဇူလိုင်လ ၁၇ ရက်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ ကျုယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြတဲ့ ဂြိုလ်တု Starlink အင်တာနက်လိုင်းတွေ သြဂုတ်လ ၁၂ ရက်နေ့မတိုင်ခင်အထိ အသုံးပြုလို့ရမှာဖြစ်ပြီး သြဂုတ်လ ၁၃ ရက်နေ့ကစလို့ Starlink မူဝါဒ အသစ်စတင် အသက်ဝင်လာတော့မှာဖြစ်လို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရတဲ့ ချင်းပြည်နယ်က ဒေသခံတွေက အင်တာနက်လိုင်းကို အရင်လို မရတော့မှာကို စိုးရိမ်မှု မြင့်တက်နေပါတယ်။ ဂြိုလ်တု Starlink အင်တာနက်လိုင်းတွေကို ၂၀၂၆ ခုနှစ် ၊ သြဂုတ်လ ၁၃ ရက်နေ့ကစလို့ နိုင်ငံခြားတွင် ရက်ရှည်အသုံးပြုသူတွေ အတွက် မူဝါဒအသစ်ကို စတင်အသုံးပြုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ချင်းပြည်နယ်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက “…

Read More

ဖလမ်းမြို့ပေါ်မှာ ပညာရေးဝန်ထမ်းတစ်ဦး ၁၀ ရက်အကြာ ပျောက်ဆုံးနေပြီးနောက် ခန္ဓာကိုယ်ပေါ် ဒဏ်ရာများစွာနဲ့သေဆုံးလျက်အလောင်းကို ပြန်တွေ့

ဇူလိုင်လ ၁၆ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်မှာ ၁၀ ရက်ခန့်ကြာပျောက်ဆုံးနေတဲ့ အသက် ၄၇ နှစ်အရွယ် ပညာရေးဝန်ထမ်းအမျိုးသားတစ်ဦးကို ဇူလိုင်လ ၁၅ ရက်နေ့မှာ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာများစွာနဲ့ သေဆုံးလျက်အလောင်းကို ပြန်တွေ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေနဲ့ သေဆုံးသွားတဲ့ အသက် ၄၇ နှစ်အရွယ် ပညာရေးဝန်ထမ်းကိုပါသဲဟာ စစ်ကောင်စီက ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း ဖလမ်းမြို့မှာ တာဝန်ပြန်လည် ထမ်းဆောင်နေသူတစ်ဦးဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ သေဆုံးသွားသူကိုပါသဲရဲ့ အလောင်းကိုဖလမ်းမြို့၊ ဗန်ကာအိုရပ်ကွက်က RC ခရစ်ယာန်ဘုရားကျောင်း အနီးမှာ သူ့ခန္ဓာကိုယ်ပေါ်မှာ ဓားဒဏ်ရာတွေ အပြင် လက်ချောင်းတွေ ဖြတ်ခုတ်ခံထားရတဲ့ အလောင်းကို ဒေသခံတွေက ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကိုပါသဲဟာ သဘောထားကောင်းမွန်သူတစ်ဦးဖြစ်ပြီး အခြားသူတွေနဲ့ ရန်စကားပြောလေ့ ရှိသူလည်း မဟုတ်တဲ့…

Read More

ဒီနေ့ မင်းတပ်နဲ့ကန်ပက်လက်မြို့ကို လေကြောင်းကနေ ၁၆ ကြိမ် ဗုံးကြဲတိုက်ခိုက်

ဇူလိုင်လ ၁၀ ရက်။ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ကန်ပက်လက်မြို့တွေကို ဒီနေ့ဇူလိုင် ၁၀ ရက် မနက် ၆ နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်မှု ၁၆ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဒီနေ့မနက် ၆ နာရီကျော်လောက်မှာ ကန်ပက်လက်မြို့အရှေ့ခြမ်းကနေရာတွေကို စစ်ကောင်စီတပ်တိုက်လေယာဉ်က လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်၊ဒီတိုက်ခိုက်မှုအပြီးမရှေးမနှောင်းမှာပဲ မင်းတပ်မြို့နယ် အရှေ့ခြမ်းနေရာတွေကို လေကြောင်းကနေ ၁၀ ကြိမ် ဗုံးကြဲခဲ့ပြီး အလုံးရေ ၂၅ လုံးကျော်လောက် ကြဲချခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မနက် စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုကြောင့် မင်းတပ်နဲ့ကန်ပက်လက်မြို့နယ်မှာ လူနဲ့ အဆောက်အဦတွေ ထိခိုက်၊ သေဆုံးမှုတွေကို တော့ အတိအကျမသိရသေးပါဘူး။ မကွေးတိုင်းဆောမြို့၊ကျောက်ထုမြို့ကိုအခြေပြုပြီး မင်းတပ်မြို့နယ် နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ စစ်ကောင်စီတပ်က အင်အား ၂,၀၀၀ ဝန်းကျင် နဲ့ ထိုးစစ်ဆင်လာတာကြောင့်…

Read More

ဖလမ်းမြို့ကို ပြန်လာတဲ့ စစ်ရှောင်ပြည်သူတွေကို ပြည်တွင်း၊ ပြည်ပဖလမ်းသူ/သားများ ကူညီမှုနဲ့စားနပ်ရိက္ခာနဲ့ ဆိုလာပြားများထောက်ပံ့

ဇူလိုင်လ ၈ ရက်။ ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ပြန်လည်အခြေချနေထိုင်တဲ့ ဒေသခံစစ်ရှောင်ပြည်သူတွေကို ဖလမ်းခရစ်ယာန် ဓမ္မအမှုတော်ဆောင်များ မိသဟာယ ( FCMF ) နဲ့ ဖလမ်းအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းများ (CSOs) တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြည်တွင်း၊ ပြည်ပရှိ ဖလမ်းသူ/သားများ၏ စုပေါင်းလှူဒါန်းငွေများကို အသုံးပြုကာ ပထမအကြိမ်အဖြစ် စားနပ်ရိက္ခာနှင့် Solar Kit များကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ပထမအကြိမ် ထောက်ပံ့မှုအနေဖြင့် အိမ်ထောင်စုတစ်စုကို ဆန် ၈ ပြည်အိတ် (၁) အိတ်၊ ပဲ (၁) ထုပ်၊ ဆီ (၁) ထုပ်နှင့် ဆား (၁) ထုပ်တို့ ပါဝင်သည့် တန်ဖိုးကျပ် ၄၀,၀၀၀ ရှိ စားနပ်ရိက္ခာအထုပ်များကို အိမ်ထောင်စု ၆၈၇…

Read More

မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတချို့ ထိခိုက်ဒဏ်ရာရပြီး နေအိမ်အမြောက်များလည်း ထိခိုက်ပျက်စီးခဲ့

ဇူလိုင်လ ၇ ရက်။ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ် တစ်နေရာနဲ့ တိုက်နယ် (၂) ဘက်ခြမ်းက ကျေးရွာတွေကို မနေ့ ဇူလိုင်လ ၆ ရက်နေ့ ည ၁၀ နာရီဝန်းကျင်ခန့်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတချို့ဒဏ်ရာရပြီး နေအိမ်အမြောက်အများ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါက်ကွဲအားပြင်းတဲ့ ဗုံး ၂ လုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မင်းတပ်မြို့နယ် တိုက်နယ် (၂ ) ဘက်ခြမ်းက ကျေးရွာကို ထပ်မံပြီး ဗုံး ၂ လုံကြဲချပြီး လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အရပ်သားပြည်သူနေအိမ် ၁၀ လုံးကျော်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက မင်းတပ်မြို့နဲ့ မင်းတပ်မြို့နယ်ထဲက ကျေးရွာ…

Read More

ကလေးမြို့ကနေ ဖလမ်းမြို့မှာအတည်တကျ ပြန်လာနေချင်သူ စစ်ရှောင်ပြည်သူတွေအတွက် FCMF နဲ့ CSOs က မော်တော်ယာဉ် ထပ်မံ စီစဉ်ပေးသွားမယ်

ဇူလိုင် ၄ ရက်။ ကလေးမြို့ကနေ ဖလမ်းမြို့ကိုအတည်တကျ ပြန်နေချင်သူဖလမ်းမြို့ခံစစ်ရှောင်ပြည်သူတွေအတွက် ဖလမ်းခရစ်ယာန် ဓမ္မအမူတော်ဆောင်များ မိသဟာယ (FCMF) နဲ့ ဖလမ်းအခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်း (CSOs) ရဲ့ စီစဉ်ပေးမှုဖြင့် နေရပ်ပြန် ချင်သူတွေအတွက် ဇူလိုင်လ ၆ ရက်နေ့ကစလို့ နာမည် စာရင်းပေးသွင်းလို့ရပြီလို့ တာဝန်ရှိသူတွေဘက်က ဇူလိုင် ၄ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ ဒီတကြိမ်မှာတော့ လူအယောက် ၁၀၀ အတွက်သာ မော်တော်ကား စီစဉ်ပေးမှာဖြစ်ပြီး ဖလမ်းမှာ အတည်တကျနေထိုင်မယ့်သူနဲ့ အသက်ကြီးပိုင်းတွေ ၊ နာမကျန်းဖြစ်သူတွေကို ဦးစားပေးမှာဖြစ်သလို လူဦးရေ ၁၀၀ ပြည့်တာနဲ့ စာရင်းပိတ်သွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ နာမည်စာရင်းကို Central Pawlpi ရုံးမှာ လာမယ့် တင်္နလာနေ့ ဇူလိုင် ၆ ရက်နေ့ကနေ (၇)…

Read More

မင်းတပ်၊ ကန်ပက်လက်ကို ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ ၁ လ ကျော်အတွင်း ရာချီသေဆုံးကာ တပ်လန်ကျခဲ့ကြောင်း CPU/A ထုတ်ပြန်

ဇူလိုင် ၂ ရက်။ မင်းတပ်၊ ကန်ပက်လက်ကို ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ ၁ လ ကျော်အတွင်း ရာချီသေဆုံးကာ ဖွဲ့စည်းပုံပျက်ကာ တပ်လန်ကျခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံး(CPU/A )က ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့နယ်များအတွင်း အင်အားထောင်ချီနဲ့ ကျူးကျော်ဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်ကော်မရှင်တပ်ဖွဲ့ကို ချင်းပြည်သူ့တပ်မတော်(CPA)နှင့် မဟာမိတ် ပူးပေါင်းတပ်တွေဘက်က ဟန်ချက်ညီညီ၊ စည်းစည်းလုံးလုံးဖြင့် ခုခံတွန်းလှန်စစ် ဆင်နွှဲလျက်ရှိရာ တစ်လကျော်ကြာသည်အထိ စစ်ရေး အသာစီးဖြင့် တိုက်ပွဲဆင်နွှဲလျက်ရှိတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CPU/A )က ထုတ်ပြန်ပါတယ်။ မေလ (၁၆) ရက်နေ့မှစတင်လို့ ကန်ပက်လက်၊ မင်းတပ်မြို့နယ်တွေကို ပြည်သူ့စစ် အများ အပြားပါဝင်ရောက်ခဲ့တဲ့ အာဏာသိမ်းစစ်ကော်မရှင်တပ်ရဲ့ အင်အားထောင်ချီတဲ့ နယ်မြေကျူးကျော် စစ်ကြောင်းတွေကို ချင်းပြည်သူ့တပ်မတော် (CPA)၊ ယောဒေသမှ…

Read More

ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကို လူအခွင့်အရေးဆိုင်ရာထူးချွန်ပြောင်မြောက်စွာ အားထုတ်ကြိုးပမ်းမှုဆု “ IBA Award ”ချီးမြင့်

ဇူလိုင်လ ၂ ရက်။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးနဲ့တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့တဲ့ ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးကို အပြည်ပြည်ဆိုင်ရာ ရှေ့နေများအသင်း ( IBA) က ၂၀၂၆ ခုနှစ် ၊ လူ့အခွင့်အရေးဆိုင်ရာ ထူးချွန်ပြောင်မြောက်စွာ အားထုတ်ကြိုးပမ်းမှုဆု “ IBA Award for Outstanding Contribution by a Legal Practitioner to Human Right 2026” ကိုချီးမြင်ခဲ့တယ်လို့သိရပါတယ်။ IBA Award ဆုကိုဆွတ်ခူးရရှိတာဟာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေအတွက် ရပ်တည်ပေးတဲ့ ရှေ့နေတွေ နဲ့ အရပ်ဘက်အဖွဲ့အစည်းအားလုံးအတွက် နိုင်ငံတကာက ပေးအပ်တဲ့အသိမှတ်ပြုမှုတစ်ရပ်ဖြစ်တယ်လို့ ဆုဆွတ်ခူးရရှိခဲ့တဲ့ ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက Chin World Media ကိုပြောပါတယ်။ ဆုဆွတ်ခူးရရှိခဲ့တဲ့ ချင်းတိုင်းရင်းသူ…

Read More

CDF – Hakha တပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား ၂ ဦး အလင်းဝင်

ဇွန်လ ၃၀ ရက်။ တပ်မ ၇၇ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက် CDF – Hakha ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ CDF – Hakha Support Team of North America က ဇွန်လ ၃၀ ရက်နေ့မှာထုတ်ပြန်ပါတယ်။ CDF – Hakha Support Team of North America က “အသက်အန္တရာယ်မရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ CDM ပြုလုပ်နိုင်စေဖို့ CDF -–akha ဘက်က နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့ရဲ့ နေထိုင်ရေး၊ တကိုယ်ရေလုံခြုံရေးနဲ့ မိမိသွားလိုသည့် နေရာအထိ ပို့ဆောင်ပေးရေးတို့ကိုလည်း တာဝန်ဆောင်ရွက်ပေးလျက်ရှိတယ်” လို့ထုတ်ပြန်ထားပါတယ်။ အခြားအလင်းဝင်ရောက်လိုတဲ့…

Read More