ကန်ပက်လက်မြို့နယ်စစ်ရှောင်စခန်းကို စစ်ကော်မရှင်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့လို့ စစ်ရှောင်အမျိုးသမီး အပြင်းအထန်ဒဏ်ရာရခဲ့
ဩဂုတ်လ ၂၀ ရက်။ ကန်ပက်လက်မြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေ နေထိုင်ရာ တစ်နေရာကို သြဂုတ်လ ၁၅ ရက်နေ့က စစ်ကော်မရှင်တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ရှောင်အမျိုးသမီး ၁ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပြီး စစ်ရှောင်တဲတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာ ဘေးစီမံဌာနရဲ့ ဒီကနေ့ သြဂုတ်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ရှောင်တွေ နေထိုင်ရာနေရာကို စစ်ကော်မရှင်တပ်ဖွဲ့ဘက်က ဒရုန်းဖြင့် ဗုံးသီး ၂ လုံးချကာ တိုက်ခိုက်ခဲ့လို့ အသက် ၃၅ ခန့်အရွယ် စစ်ရှောင်အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး စစ်ရှောင်တဲ ၂ လုံးမှာလည်း လုံးဝ ပျက်စီးသွားခဲ့ရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ လောက်ကလည်း ကန်ပက်လက်မြို့နယ်အတွင်း စစ်ရှောင်ရင်းသွာလာနေတဲ့…

