Headlines

ပလက်ဝမြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၆ ဦး သေဆုံး

အောက်တိုဘာလ ၁၈ ရက်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံထောင်ရွာ အထက်ဘက် ပီချောင်းဆုံမှာ ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်း ၉ နာရီ ဝန်းကျင်လောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ ဦး သေဆုံးပြီး တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတစ်ဦးက ” ကျနော်တို့ သတင်းရတဲ့အချိန်က နေ့လည် ၁၂ လောက်မှာရတယ် မနက်ပိုင်း ၉ နာရီကနေ ၁၀ ကြားလောက်မှာ ဖြစ်သွားတာ အရပ်သားတွေ ကုန်တင်ကုန်ချ လုပ်တဲ့နေရာ တဲထိုးပြီးနေတဲ့ နေရာကို ကြဲသွားတာ ဖြစ်တယ် ၆ ယောက်သေတယ် ဒဏ်ရာရ စာရင်းတော့ အတိကျမရသေးဘူး တချို့ ဆို အောက်ပိုင်းပြတ်သွားတယ်လို့သိရတယ်” လို့ပြောပါတယ်။

ပလက်ဝ-မတူပီ-မင်းတပ် သုံးမြို့နယ်အစပ်မှာရှိတဲ့ လေးမြိုချောင်းဖျား၊ပီချောင်းဆုံကို စစ်ကောင်စီတပ်က ဒီနေ့ အောက်တိုဘာလ ၁၈ ရက်နေ့၊ မနက်ပိုင်းမှာ Y- 12 လေယာဥ်နဲ့ လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးသူတွေဟာ ပလက်ဝမြို့နယ်၊ လေးမြိုချောင်း၊ သံထောင်ကျေးရွာက မိသားစုတစ်စုဖြစ်တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *