ကာလကြာရှည်ပိတ်ထားတဲ့ အိန္ဒိယ – မြန်မာနယ်စပ် မိုရေးစျေးကို ပြန်ဖွင့်နိုင်ရန်နဲ့နှစ်ဖက်ကုန်သွယ်ရေးပြန်လည်စတင်နိုင်ရန် ပြင်ဆင်
ကာလကြာရှည်ပိတ်ထားတဲ့ အိန္ဒိယ – မြန်မာနယ်စပ် မိုရေးစျေးကို ပြန်ဖွင့်နိုင်ရန်နဲ့နှစ်ဖက်ကုန်သွယ်ရေးပြန်လည်စတင်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ပြင်ဆင်လျက်ရှိကြောင်း မဏိပူရ်ပြည်နယ်တာဝန်ရှိသူတွေက အတည်ပြုပြောကြားတယ်လို့ဇန်နဝါရီလ (၁၀) ရက်နေ့ထုတ် The Mizoram Post သတင်းစာမှာ ဖော်ပြပါတယ်။ အိန္ဒိယနိုင်ငံဖက်ခြမ်း မဏိပူရ်ပြည်နယ်တွင်းမျိုးနွယ်စုပဋိပက္ခများကြောင့် မိုရေး -တမူးနယ်စပ်စျေးနဲ့နယ်စပ်ကို မကြာခဏပိတ်ခဲ့ရပြီးနောက် မြန်မာပြည်ဖက်ခြမ်းပြည်တွင်းစစ်ပဋိပက္ခပိုမိုဆိုးရွားလာတဲ့ အခြေအနေကြောင့်နှစ်နိုင်ငံနယ်နိမိတ်မျဉ်းပေါ်ရှိမိုရေးနယ်စပ်စျေးကို ကာလကြာရှည်စွာပိတ်ထားခဲ့ရာမှယခုကုန်သွယ်ရေးလုပ်ငန်းများပြန်လည်စတင်နိုင်ရန် မဏိပူရ်ပြည်နယ်ဖက်ကတရားဝင်ပြောကြားလာခြင်းဖြစ်ပါတယ်။ ထိုသို့ ကုန်သွယ်ရေးလမ်းကြောင်း အဆင်ပြေစေရန်အတွက် နယ်စပ်ဂိတ် အမှတ် (၁) နဲ့ (၂)နှစ်ခုလုံးကို ပြန်လည်ဖွင့်လှစ်သွားဖို့ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိပြီး ယင်းကြိုးပမ်းမှုရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အိန္ဒိယအာဏာပိုင်များက အိန္ဒိယဖက်ခြမ်းမိုရေးမြို့သို့ဖြတ်ကျော်ဝင်ရောက်နိုင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံသား၊ ကုန်သည် ၆၀ဦးကိုလည်းနယ်စပ်ဖြတ်ကျော်ခွင့်စတင်ပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။ နယ်စပ်ဖြတ်ကျော်ဝင်ရောက်နိုင်ရန်အတွက် ဝင်ခွင့်လက်မှတ်များရရှိဖို့လျှောက်ထားသူများအနေနဲ့ မိုးရေးမြို့ရှိ အိန္ဒိယအာဏာပိုင်များထံဇီ၀ဗေဒဆိုင်ရာအချက်အလက်၊ ဓာတ်ပုံများနဲ့ အခြားလိုအပ်တဲ့ စာရွက်စာတမ်းများကိုတင်သွင်းဖို့ လိုအပ်မှာဖြစ်တယ်လို့ မဏိပူရ်အာဏာပိုင်များကပြောပါတယ်။ အဆိုပါ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် မြန်မာနိုင်ငံသားများအနေနဲ့…