
၂ လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င် ၃၀ ခန့်ရှင်းလင်းနိုင်ခဲ့ပြီး စစ်သုံ့ပန်း (၂၀) ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့သလို ရန်သူ့လက်နက် (၈၀) ခန့်ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ CNF ထုတ်ပြန်
မတ်လ ၁၈ ရက်။ ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ၂၀၂၅ ခုနှစ်၊ နှစ်လတာအတွင်း စစ်ကောင်စီတပ်စခန်းတချို့ သိမ်းပိုက်နိုင်ခဲ့သလို ရန်သူ့အင်အား (၃၀) ခန့်ကိုလည်း ရှင်းလင်းနိုင်တဲ့ပြင် စစ်သုံ့ပန်း (၂၀) ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး ရန်သူ့လက်နက် (၈၀) ခန့်ကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ မတ်လ (၂၀) ရက်နေ့တွင်ကျရောက်မည့် (၃၇) နှစ်ပြည့် ချင်းတော်လှန်ရေးနေ့အတွက် ဒီကနေ့ မတ်လ ၁၈ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦး(CNF) ကထုတ်ပြန်ပါတယ်။ ချင်းအမျိုးသားတပ်ဦးအနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး လှုပ်ရှားမှုအရှိန်ကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်သလို (၃၇) နှစ်ပြည့် ချင်းတော်လှန်ရေးနေ့မှာ အကျဉ်းသား (၇၂) ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့လည်း ချင်းအမျိုးသားတပ်ဦး(CNF) ကထုတ်ပြန်ပါတယ်။ မတ်လ (၂၀) ရက်နေ့ဟာ အာဏာရှင်စနစ်မှန်သမျှ…