Headlines

မလေးရှားရောက် မြန်မာတွေကို နေရပ်ပြန်ပို့ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် ပြောကြား

အောက်တိုဘာလ ၈ ရက်။ မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ဆီ ပြန်လည်ပို့ ဆောင်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ အေဂျင်စီတွေ ဆက်လက်ချိတ် ဆက် ဆောင်ရွက်သွားမယ်လို့ အောက်တိုဘာ (၈) ရက်နေ့မှာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က မြန်မာ – မလေးရှား နှစ်နိုင်ငံ တွေ့ဆုံပွဲအတွင်း တရားဝင် ပြောကြားလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာဘက်ကလည်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေ ဖို့အတွက် သံအမတ်ကြီးအဆင့် ပြန်လည်ခန့်အပ်ထားရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားဖို့ မျှော်လင့်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ မလေးရှား ဝန်ကြီးချုပ်က မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်လည်ခေါ်ယူရေး တောင်းဆိုချက်အပေါ် မြန်မာဘက်က အပြည့်အဝ ပူးပေါင်းကူညီပေးခဲ့တာကို အထူးပဲ ကျေးဇူးတင်တယ်လို့ ဦးစွာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ…

Read More

Joshua Van ကို ဂျော့ရှူဝါဗန်/ဂျိုရူဝါဗန် ဆိုပြီးမရေးသင့်ပါ(အယ်ဒီတာ့ထံ ပေးစာ)

Chin World Editor ခင်ဗျာ။ ကျ နော့်စိတ်ထဲမှာ အရင်ကတည်းကနေ အခုထိ ခိုးလုခိုးလိုဖြစ်နေတဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van နာမည်စာလုံဲးပေါင်းကိစ္စကို ရင်ဖွင့်ချင်ပါတယ်။ ကမ္ဘာ့ကျော် UFC တိုက်ခိုက်ရေးပြိုင်ပွဲ ဖလိုင်းဝိတ်တန်းချန်ပီယံ ချင်းလူငယ်ဖိုက်တာ Joshua Van ကို မြန်မာမီဒီယာများက သတင်းများမှာ အနီးစပ်ဆုံး မြန်မာအသံထွက်ဖြင့် ဂျော့ရှူဝါဗန်/ဂျိုရူဝါဗန်/ဂျိုရူအာဗန် လို့ စာလုံး ပေါင်းပြီး ခဏခဏ ဖော်ပြတာကိုမြင်ရတာစိတ်မသက်သာပါ။ ဂျော့ရှူဝါဗန်/ဂျိုရူဝါဗန်/ဂျိုရူအာဗန် ဆိုတာ Joshua Van ဆိုတဲ့ သူ့နာမည်မူရင်းအသံထွက်နဲ့အတော်ကွဲလို့ဖြစ်ပါတယ်။ဂျိုရူ နဲ့ ဝါဗန် က သက်သက်လိုလို ဘာလိုလို။Joshua Van ကို မြန်မာလို ဂျိူးရူ့ဗန် /ဂျိူးရွှဗန် လို့ စာလုံးပေါင်းရင် -ဂျိုရူဝါဗန် ထက်ပိုမနီးစပ်ဘူးလား ?? မြန်မာပြည်ကနာမည်များနဲ့အခေါ်အဝေါ်တခြားစီဖြစ်တဲ့ နိုင်ငံခြားရုပ်ရှင်မင်းသား/မင်းသမီးများ/…

Read More

မြန်မာနိုင်ငံသားတွေကို ပြည်နှင်ဒဏ်ပေးတာ ဆိုင်းငံ့ပေးဖို့ မလေးရှားအစိုးရထံ ချင်းပြည် ( Chinland) လွှတ်တော်က အိတ်ဖွင့်စာပေးပို့

အောက်တိုဘာလ ၈ ရက်။ အသက်လုံခြုံရေးနှင့် ဘေးကင်းလုံခြုံရေး ခြိမ်းခြောက်မှုတွေကနေ လွတ်မြောက်ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေအပေါ် အထူးထည့်သွင်းစဉ်းစားပေးပြီး ပြည်နှင်ဒဏ်ပေးတာတွေကို ဆိုင်းငံ့ပေးဖို့ မလေးရှားအစိုးရအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေတုခ်ဆရီ ဆိုင်ဖူဒင် နာဆူရှင်း ဘင် အစ္စမေးလ် ထံ ၂၀၂၀ ခုနစ်ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေနဲ့စုစည်းထားတဲ့ချင်းပြည် ( Chinland) လွှတ်တော်က အိတ်ဖွင့်စာပေးပို့ခဲ့တယ်လို့အောက်တိုဘာလ (၇) ရက်နေ့က ဖော်ပြပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေအပါအဝင် စစ်ရေးပဋိပက္ခ အပြင်းအထန်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံကို မလေးရှားနိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ချင်းလူမျိုးတွေအပါအဝင် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကို စက်တင်ဘာလ ၂၉ ရက်နေ့က မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ပထမအဆင့်အဖြစ် ပြန်လည်ပို့ဆောင်ခဲ့ပြီး နောက်ထပ်ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ထပ်မံပို့ဆောင်ဖို့ ပြင်ဆင်နေတဲ့ သတင်းတွေကြောင့် လွန်စွာစိုးရိမ်ပူပန်ရတယ်လို့ အိတ်ဖွင့်စာမှာ ထည့်သွင်းထားပါတယ်။…

Read More

အာရှရွှေတံဆိပ်ရ မီဇိုဟော်ကီမယ် ၂ ဦးကို မီဇိုရမ်အစိုးရ ရူပီး ၂၅ သိန်းစီ ဆုချီးမြှင့်မယ်

အောက်တိုဘာလ ၇ ရက်။ အိန္ဒိယအမျိုးသမီး ဟော်ကီလက်ရွေးစင်အသင်းမှာ ပါဝင်ပြီး နိုင်ငံအတွက် ရွှေတံဆိပ်ဆွတ်ခူးပေးခဲ့ကြတဲ့ မီဇိုတိုင်းရင်းသူ အားကစားသမားနှစ်ဦးဖြစ်တဲ့ Lalremsiami နဲ့ Lalthantluangi တို့ကို မီဇိုရမ်ပြည်နယ်အစိုးရက တစ်ဦးကို ရူပီး ၂၅ သိန်းစီ ဂုဏ်ပြုဆုကြေး ချီးမြှင့်မှာဖြစ်ပါတယ်။ အဆိုပါ ချီးမြှင့်မှုဟာ ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၆ အာရှအားကစားပြိုင်ပွဲမှာ အိန္ဒိယအသင်း ဗိုလ်စွဲနိုင်ရေးအတွက် အဓိကစွမ်းဆောင်ပေးခဲ့ကြတဲ့ သူတို့နှစ်ဦးရဲ့ စွမ်းဆောင်ရည်ကို အသိအ မှတ်ပြုတဲ့အနေနဲ့ အောက်တိုဘာ ၃ ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ်သူ အဆိုပါ တိုင်းရင်းသူနှစ်ဦးဟာ နောက်ဆုံးဗိုလ်လုပွဲမှာ အင်အားကြီး တရုတ်အသင်းကို အနိုင်ယူပြီး သမိုင်းဝင် အောင်ပွဲအရယူပေးခဲ့တဲ့ အိန္ဒိယ လက်ရွေးစင်အသင်းကြီးမှာ အဓိက ကစားသမားတွေအဖြစ် ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်…

Read More

မလေးရှားမှာ ချင်းလူငယ်အချင်းချင်း ရန်ဖြစ်ပြီး ချင်းလူငယ်တစ်ဦး ကတ်ကြေးဖြင့် ထိုးသတ်ခံရ

အောက်တိုဘာလ ၇ ရက်။ မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့၊ Maluri ရပ်ကွက်မှာ မနေ့ အောက်တိုဘာလ ၆ ရက်နေ့ညက ချင်းလူငယ်အချင်းချင်းအရက် သောက်စားပြီး စကားများရန်ပွဲဖြစ်ပွါးခဲ့ကာ အိမ်ပြန်လမ်းမှာ အသက် ၂၃ နှစ်အရွယ် ချင်းလူငယ် Van Lal Chawn ဟာကတ်ကြေးဖြင့် တစ်ချက်အထိုးခံရပြီး ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့မနက်ပိုင်းမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မနေ့ညပိုင်းက Pu Biak Hlei ဆိုသူက ၎င်း မိတ်ဆွေတချို့နဲ့ သေဆုံးသူ Van Lal Chawn တို့အဖွဲ့ အရက်သောက်စားကြရာကနေ ရန်ပွဲဖြစ်ပွားခဲ့ပြီးနောက် အိမ်ပြန်လမ်းမှာ Pu Biak Hlei က လမ်းတဝက်ကနေ သူ့မိတ်ဆွေတချို့ခေါ်ပြီး ထပ်မံစောင့်ကာ Van Lal Chawn ကို…

Read More

ပလက်ဝ-ဇိုရင်းပွီ ကားလမ်း စီမံကိန်းကို အရှိန်ဟုန်မြင့် ဆောင်ရွက်ဖို့ မီဇိုရမ်အုပ်ချုပ်ရေးမှူး တိုက်တွန်း

အောက်တိုဘာလ ၆ ရက်။ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အိန္ဒိယ – မြန်မာနယ်စပ် ချင်းပြည်နယ်၊ ပလက်ဝမြိုနယ်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ပလက်ဝ – ဇိုရင်းပွီ အကြား ကားလမ်းဖောက်လုပ်ရေး စီမံကိန်းကို အမြန်ဆုံး အရှိန်အဟုန်မြင့် အကောင်ထည်ဖော်ဆောင်ရွက်ဖို့ မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူးက IRCON ကုမ္ပဏီဘက်ကို တိုက်တွန်းလိုက်တယ်လို့ အိန္ဒိယအခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး Gen.Dr. Vijay Kumar Singh နဲ့ IRCON International ကုမ္မဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းတာဝန်ခံနဲ့ မနေ့ အောက်တိုဘာလ ၅ ရက် ၊ အိုက်ဇောလ်မြို့မှာ တွေ့ဆုံစဉ် ပလက်ဝ – ဇိုရင်းပွီလမ်းမကြီး…

Read More

Zokhawthar သင်္ချိုင်းက ကျောက်စာကို မီဇိုဘာသာစကားဖြင့် ပြင်ဆင်ခိုင်းတဲ့အပေါ် CYLA ကန့်ကွက်

စက်တင်ဘာလ ၂၉ ရက်။ ချင်းစစ်ဘေးရှောင်တွေ ထောင်နဲ့ချီရှိတဲ့ အိန္ဒိယ – မြန်မာနယ်စပ် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Zokhawthar သင်္ချိုင်းမှာ မီဇိုဘာသာစကားနဲ့ မရေးထားတဲ့ သင်္ချိုင်းကျောက်စာတွေကို ပြန်လည်ပြင်ဆင်ဖို့ Zokhawthar Branch YMA ထုတ်ပြန်ထားတဲ့အပေါ် မီဇိုရမ်ပြည်နယ်အခြေစိုက် Central Young Lai Association ( CYLA) က ကန့်ကွက်ကြောင်း ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မီဇိုရမ်ပြည်နယ်၊ Zokhawthar သင်္ချိုင်းမှာ မီဇိုဘာသာစကားနဲ့ မရေးထားတဲ့ကျောက်စာတွေကို တစ်ပတ်အတွင်း ပြန်လည်ပြင်ဆင်ဖို့ နဲ့ သတ်မှတ်ရက်အတွင်း ပြင်ဆင်တာမရှိရင် လိုအပ်သလို ဆောင်ရွက်ဖို့ Zokhawthar Branch YMA က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။…

Read More

မလေးရှားအစိုးရက ဒီကနေ့မနက်ပိုင်းမှာ ချင်းလူမျိုးအမြောက်အများပါဝင်တဲ့ မြန်မာနိုင်ငံသား ၁,၅၀၀ ခန့်ကိုမြန်မာအစိုးရထံ လွှဲပြောင်း

စက်တင်ဘာလ ၂၉ ရက်။ မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာ နှစ်ရှည်လများ ထိန်းသိမ်းခံရသူတွေ ပထမသုတ်အနေဖြင့် လူဦးရေ ၁,၅၀၀ ခန့်ကို ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့မနက်ပိုင်းမှာ မြန်မာစစ်တပ်ပိုင် စစ်ရေယာဉ်နဲ့ ပြန်လည်ပို့ဆောင်ခံရသူတွေအထဲ ချင်းလူမျိုးလည်း အမြောက်အများပါဝင်တယ်လို့ ဒုက္ခသည်အရေးကူညီဆောင်ရွက်နေတဲ့ မလေးရှားမြန်မာ လူမှုရေးအသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ မလေးရှားနိုင်ငံ၊ ပီရက်ပြည်နယ် ၊ လမ်မတ်မြို့မှာ ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ မြန်မာနိုင်ငံသား ၁,၅၀၀ ခန့်ကို ရဲတပ်ဖွဲ့ စောင့်ကြပ်မှုဖြင့် ဘတ်စ်ကားပေါ်တွေ တင်ဆောင်လာပြီး မြန်မာစစ်တပ်ပိုင် စစ်ရေယာဉ် ၂ စီးနဲ့ ဆေးရုံသင်္ဘောတစ်စီးရှိရာဆိပ်ကမ်းကို ပို့ဆောင်နေကြပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မလေးရှားမြန်မာ လူမူရေးအသင်းက တာဝန်ရှိသူတစ်ဦးက “မလေးရှားထိန်းသိမ်းရေးစခန်း တွေမှာ…

Read More

မလေးရှားရဲတပ်ဖွဲ့ဝင်တစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့တဲ့ ချင်းလူမျိုး ၂ ဦးကို စစ်ဆေးနေတယ်လို့ သိရ

စက်တင်ဘာလ ၂၈ ရက်။ မလေးရှားနိုင်ငံ၊ ပါဟန်ပြည်နယ်၊ Raub မြို့မှာ မလေးရှားရဲတပ်ဖွဲ့ဝင်တစ်ဦးကို ထိုးကြိတ်ရိုက်နှက်ခဲ့တဲ့ ချင်းအမျိုးသား၂ ဦးကို မလေးရှားအာဏာပိုင်တွေက ရမာန်ယူကာ စစ်ဆေးနေတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တက်ဘာလ ၂၅ ရက်နေ့ မနက် ၂ နာရီဝန်းကျင်ခန့် မှာ Raub မြို့ ၊ Kampung Pamah Kulatမှာ ချင်းလူမျိုး ၂ ဦးက လမ်းဘေးမှာ စပီကာ အကျယ်ကြီးဖွင့်ကာ ဆူညံနေတာကြောင့် ဒေသခံပတ်ဝန်းကျင်က ရဲကို တိုင်ကြားခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆူညံမှုနဲ့ပတ်သက်လို့ သတိပေးတဲ့အချိန် မူးယစ်နေတဲ့ ချင်းလူမျိုး ၂ ဦးက ရဲတပ်ဖွဲ့ဝင်ကို ထိုးကြိတ်ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက “ရဲကို ရိုက်နှက်သွားတဲ့သူ၂ ယောက်စလုံးက ကျနော်တို့…

Read More

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့နိုင်ငံအဖြစ် သတ်မှတ်ပေးဖို့ အမေရိကန်အစိုးရကို BRI တောင်းဆို

စက်တင်ဘာလ ၂၆ ရက်။ နေပြည်တော်အခြေစိုက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က နှစ်ခြင်းခရစ်ယာန် ဓမ္မဆရာ ၃ ဦးရဲ့ထိမ်းမြားပေးနိုင်ခွင့် လိုင်စင်များ ရုပ်သိမ်းလိုက်ခြင်းဟာ ဘာသာရေးလွတ်လပ်ခွင့်ကို အပြင်းအထန် ချိုးဖောက်တာဖြစ်လို့ မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးဖို့ အမေရိကန်အစိုးရကို Burma Research Institute (BRI) က တောင်းဆိုထားပါတယ်။ ခရစ်ယာန်ဓမ္မဆရာ ၃ ဦး၏ ခရစ်ယာန် မင်္ဂလာပွဲများ ထိန်းမြားပေးခွင့် လိုင်စင်များကို ဇွန်လ ၉ ရက်မှာ အမိန့်အမှတ် ၂၅၄/ ၂၀၂၆ ဖြင့်နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ရုတ်သိမ်းခဲ့ပါတယ်။ “စစ်ကောင်စီရဲ့ တရားလွှတ်တော်ချုပ်က ၂၀၂၆ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အမိန့်တွေဟာ…

Read More