Headlines

ကူကီးလက်နက်ကိုင်အဖွဲ့ စစ်ဦးစီးချုပ်နဲ့ မဏိပူရ်မှ ကူကီးကျောင်းသားခေါင်းဆောင် ၂ ဦး အိုင်ဇောလ်မှာဖမ်းဆီးခံရ

စက်တင်ဘာလ ၂၅ ရက်။ အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ (NIA) က မဏိပူရ်အခြေစိုက် ကူကီးလက်နက်ကိုင်အဖွဲ့ (UKNA) ရဲ့ စစ်ဦးစီးချုပ်ကို မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့ အစွန်မှာ ဖမ်းဆီးရမိပြီးနောက် နာရီပိုင်းအကြာမှာပဲ မဏိပူရ်ပြည်နယ်က ကူကီးကျောင်းသားခေါင်းဆောင် ၂ ဦးကို အိုက်ဇောလ်မြို့ရှိ ဟိုတယ်တစ်ခုမှာ ထပ်မံဖမ်းဆီးလိုက်တယ်လို့ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၅ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ အဆိုပါ ဖမ်းဆီးခံရတဲ့ ကျောင်းသားခေါင်းဆောင် ၂ ဦးကို စက်တင်ဘာလ ၂၄ ရက် က အိုက်ဇောမြို့ Khatla ရပ်ကွက်မှာရှိတဲ့ ဟိုတယ်တစ်ခုကနေ ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီမတိုင်မီ နာရီပိုင်းအလိုမှာ NIA နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့ (Assam Rifles) တို့ ပူးပေါင်းပြီး အိုက်ဇောမြို့ အစွန်မှာ…

Read More

မီဇိုရမ်ပြည်နယ်က မတူပီချင်းစစ်ဘေးရှောင်စခန်းတစ်ခုကို (၇) ရက်အတွင်း ဖျက်ခိုင်းကာ ရွှေ့ပြောင်းခိုင်းလို့ စစ်ရှောင်တွေ အခက်အခဲကြုံ

စက်တင်ဘာလ ၂၄ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇော်လ်ခရိုင်ထဲမှာရှိတဲ့ မတူပီ ချင်းစစ်ဘေးရှောင်တွေ နေထိုင်တဲ့ စီမွှေးလ်စစ်ရှောင်စခန်း ၂ ခုက နေအိမ် ၄၅ အိမ်ကို အဝေးပြေးလမ်းဖောက်လုပ်မယ့် လမ်းနဲ့ မလွတ်တာကြောင့် ၇ ရက် အတွင်း ဖျက်ခိုင်းကာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက အကြောင်းကြားထားလို့ စစ်ရှောင်တွေ အခက်အခဲကြုံနေကြရတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က စီမွှေးလ်စစ်ရှောင်စခန်းကို အာဏာပိုင်တွေရောက်လာပြီး အဝေးပြေးလမ်းအတွက် ပေ ၃၀ ချဲ့ရာမှာ လမ်းနဲ့ မလွတ်တဲ့ နေအိမ် ၄၅ အိမ်ကို (၇) ရက်အတွင်း ရွှေ့ပြောင်းဖို့ အသိပေးထားတာဖြစ်ပြီး သတ်မှတ်ရက်အတွင်း မပြောင်းရွှေ့ရင် တစ်ရက်ကို ဒဏ်ငွေ ရူပီး ၅၀၀၀ ဆောင်ရမှာလို့လည်း…

Read More

ချန်ပီယံဟောင်း Alxandre Pantoja နဲ့ပွဲမှာ ပရိသတ်များအား ပေးဖို့ UFC ဖလိုင်းဝိတ်ချန်ပီယံ ချင်းလူငယ် Joshua Van ပြော

စက်တင်ဘာလ ၁၆ ရက်။ UFC ဖလိုင်းဝိတ်ချန်ပီယံဟောင်း Alxandre Pantoja နဲ့ပွဲမှာ “လာမယ့် စနေနေ့မှာ ကျနော် ထပ်မံပွဲထိုးရတော့မှာဖြစ်တယ် ညီအစ်ကိုမောင်နှမအားလုံးက ဆုတောင်းပေးခြင်းတွေနဲ့ ဆက်လက်အားပေးကူညီပေးကြပါဦး “ဆိုပြီး UFC ဖလိုင်းဝိတ်တန်းချန်ပီယံ ချင်းလူငယ် Joshua Van က ၎င်းရဲ့ ဖေ့ဘုတ်ကနေ ဖော်ပြထားပါတယ်။ UFC ဖလိုင်းဝိတ်ချန်ပီယံ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့မှာ အမေရိကန်နိုင်ငံ၊ Los Angeles မြို့ရှိ Crypto.com Arena မှာ UFC 331 ရဲ့ အဓိကပွဲအဖြစ် အရင်ချန်ပီယံဖလိုင်းဝိတ်ချန်ပီယံ ဟောင်း Alxandre Pantoja နဲ့ ချန်ပီယံ ခါးပတ်ကာကွယ်ပွဲအဖြစ် ပြန်လည်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ချင်းလူငယ်ဖိုက်တာ…

Read More

မလေးရှားမှာ ခိုက်ရန်ဖြစ်ပြီး ဒဏ်ရာရကာ ခူမီးချင်းလူငယ် ၁ ဦး ကွယ်လွန်

စက်တင်ဘာလ ၁၆ ရက်။ မလေးရှားနိုင်ငံ၊ ပါဟန်းပြည်နယ် Raub မြို့ရှိ ဒူရင်းခြံတွင် အလုပ်လုပ်ကိုင်နေတဲ့ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရိက္ခာရပ်ကွက် က Ai Mya Nyine အသက် ၃၇ နှစ် ဟာ စက်တင်ဘာလ ၁၃ ရက်နေ့က ခိုက်ရန်ဖြစ်ပွားခဲ့စဉ် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသခံစဉ် ကွယ်လွန်သွားခဲ့ရတယ်လို့ Paletwa Khumi Community Malaysia က စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရိက္ခာရပ်ကွက်က ( ဘ)ဦးကျော်လှဖြူ ၊ ဒေါ်မစိန်တို့ရဲ့ သား Ai Mya Nyine အသက် ၃၇ နှစ် ဟာ စက်တင်ဘာလ ၁၃…

Read More

ကူကီး ဝမ်းနည်းကြေကွဲခြင်း အောက်မေ့ဖွယ်နေ့ (Sahnit Ni) မှာ တိုက်ခိုက်ခံရမှုကြောင့် ကူကီးလူမျိုး ၄ ဦး သေဆုံး

စက်တင်ဘာလ ၁၃ ရက်။ ဒီနေ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ‘ကူကီး ဝမ်းနည်းကြေကွဲခြင်း အောက်မေ့ဖွယ်နေ့ (Sahnit Ni)’ အတွင်း အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ Tamenglong နဲ့ Noney ခရိုင်တို့မှာ သီးခြား တိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ပြီး ကူကီးလူမျိုး ၄ ဦး သေဆုံးခဲ့တယ်လို့ Idia Today သတင်းဌာနက ဖော်ပြပါတယ်။ ပထမ တိုက်ခိုက်မှုဟာ Tamenglong ခရိုင် Tollen ကျေးရွာမှာ စက်တင်ဘာ ၁၃ ရက် မိုးမလင်းမီ အချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကိုင် သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် ဇနီးမောင်နှံ နှစ်ဦး သေဆုံးခဲ့သလို သူတို့ရဲ့ သားငယ်မှာလည်း ကျည်သင့်ဒဏ်ရာတွေ ရရှိပြီး ဆေးရုံမှာ…

Read More

အိန္ဒိယ-မြန်မာ နယ်စပ်အနီး ဝှက်ထားသော လက်နက်ခဲယမ်းများကို Assam Rifles တပ်ဖွဲ့ သိမ်းဆည်းရမိ

စက်တင်ဘာလ ၁၂ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် Chandel ခရိုင်အတွင်းရှိ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ရှင်းလင်းရေး စစ်ဆင်ရေး ပြုလုပ်စဉ် ဝှက်ထားတဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ Assam Rifles တာဝန်ရှိသူတွေက ပြောကြားပါတယ်။ ထောက်လှမ်းရေး သတင်းအချက်အလက်တွေအရ Assam Rifles တပ်ဖွဲ့ဟာ စက်တင်ဘာလ ၁၁ ရက်နေ့က နယ်စပ်မှတ်တိုင် အမှတ် ၅၃ နဲ့ ၅၄ ဝန်းကျင်ဒေသတွေမှာ စစ်ဆင်ရေး စတင်ခဲ့တာ ဖြစ်ပြီး အင်အား ၂၂ ဦးပါ အဖွဲ့တစ်ဖွဲ့ကို အခြေစိုက်စခန်းဖြစ်တဲ့ Company Operating Base AibolJoupi ကနေ ညနေ ၅ နာရီခွဲခန့်မှာ စတင် စေလွှတ်ခဲ့ပါတယ်။ နယ်မြေစိုးမိုးရေး လုပ်ဆောင်ကာ…

Read More

Pi Helen Dawngliani ဒုတိယမြောက် မီဇိုအမျိုးသမီး တရားလွှတ်တော် တရားသူကြီး ဖြစ်လာ

စက်တင်ဘာ ၉ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ် တရားစီရင်ရေးဌာန အရာရှိ Pi Helen Dawngliani ကို ဂူဝါဟတီ တရားလွှတ်တော် (Gauhati High Court) ရဲ့ တွဲဖက် တရားသူကြီး အဖြစ် ခန့်အပ်ဖို့ အိန္ဒိယဗဟိုအစိုးရက အတည်ပြု အတည်ပြုပေးလိုက်တာကြောင့် သူမဟာ မီဇိုအမျိုးသမီးတွေထဲမှာ ဒုတိယမြောက် တရားလွှတ်တော် တရားသူကြီး ဖြစ်လာတော့မယ်လို့ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။ ပြည်ထောင်စုအစိုးရက သူမကို ခန့်အပ်ကြောင်း အမိန့်ကြော်ငြာစာကို စက်တင်ဘာလ ၈ ရက်၊ အင်္ဂါနေ့မှာ တရားဝင် ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယ တရားလွှတ်တော်ချုပ် Supreme Court Collegium ဟာ ဩဂုတ်လ ၁၈ ရက်နေ့မှာ Helen Dawngliani နဲ့အတူ…

Read More

Meiteiလူမျိုးနဲ့ ကူကီး-ဇို (Kuki-Zo)ပဋိပက္ခမှာ လူပေါင်း ၄၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား

စက်တင်ဘာလ ၄ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် မေလက စတင်ဖြစ်ပွားခဲ့တဲ့ (Meitei) လူမျိုးစုနဲ့ ကူကီး-ဇို (Kuki-Zo) လူမျိုးရေး ပဋိပက္ခတွေအတွင်း လူပေါင်း အနည်းဆုံး ၃၀၆ ဦး သေဆုံးခဲ့ပြီး ၄၉ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး Govindas Konthoujam က စက်တင်ဘာ ၃ ရက်နေ့မှာ ပြည်နယ်လွှတ်တော်ဆီ ပြောကြားလိုက်ပါတယ်။ လက်ရှိ ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေး ဒုတိယမြောက်နေ့မှာ BJP ပါတီ လွှတ်တော်အမတ် Sapam Ranjan Singh ရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ ဝန်ကြီး Konthoujam က ဒီကိန်းဂဏန်း အချက်အလက်တွေကို ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပြီး၊ အဆိုပါ စာရင်းဇယားတွေဟာ…

Read More

လူငယ် ၁ သိန်း ၂ သောင်းကျော်ကို စစ်တပ်က အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခဲ့ပြီး မြန်မာနိုင်ငံဟာ ပိုမိုဆိုးရွားတဲ့အကျပ်အတည်းကိုဦးတည်နေကြောင်း​ ကုလသမဂ္ဂ သတိပေး

စက်တင်ဘာ ၄ ရက်။ စစ်ကောင်စီစစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် မြန်မာလူငယ် ၁ သိန်း ၂ သောင်းကျော်ကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုများ၊ အရပ်သားများအပေါ် အကြမ်းဖက်မှုများ၊ နိုင်ငံရေးအကျဉ်းသားများကို ဖမ်းဆီးထိန်းသိမ်းမှုများနှင့် တရားမဝင် သဘာဝသယံဇာတ ထုတ်ယူမှုများကြောင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေဟာ ပိုမိုဆိုးရွားတဲ့ အကျပ်အတည်းဆီကိုဦးတည်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က သတိပေးထုတ်ပြန်လိုက်ပါတယ်။ OHCHR ရဲ့၂၀၂၆ ခုနှစ် စက်တင်ဘာလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၂၀၂၁ ခုနှစ် စစ်အာ ဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်မြင့်တက်နေပြီး အရပ်သားများဟာ စစ်ပွဲ၊ အကြမ်းဖက်မှု၊ အဓမ္မစစ်မှုထမ်းခိုင်းစေမှု၊ အစာရေစာပြတ်လပ်မှုနှင့် နေရပ် စွန့်ခွာထွက်ပြေးရမှုများကို…

Read More

မဏိပူရ် ပြည်နယ်လွှတ်တော်ကို သပိတ်မှောက်ဖို့ ကူကီးအမတ် ၁၀ ဦးကို KIM ညွှန်ကြား

စက်တင်ဘာလ ၁ ရက်။ မဏိပူရ်ပြည်နယ်မှာ စက်တင်ဘာလ ၂ ရက်နေ့ စတင်မယ့် ပြည်နယ်လွှတ်တော် အစည်းအဝေးကို တက်ရောက်ခြင်း မပြုဘဲ ရှောင်ရှားကြဖို့ ကူကီးလူထုရဲ့ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ Kuki Inpi Manipur (KIM) က ကူကီး-ဇို (Kuki-Zo) လွှတ်တော်အမတ် ၁၀ ဦးစလုံးကို ညွှန်ကြားလိုက်ပါတယ်။ ကူကီးလူထု တောင်းဆိုထားတဲ့ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက် မရရှိသေးဘဲနဲ့ လွှတ်တော်အစည်းအဝေး တက်ရောက်တာဟာ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်သွားပြီဆိုတဲ့သဘောမျိုး ပြသရာရောက်စေတယ်လို့ ဆိုပါတယ်။ KIM ရဲ့ ထုတ်ပြန်ချက်ထဲမှာ ကူကီးလူထု တောင်းဆိုထားတဲ့ သီးခြားနိုင်ငံရေး အုပ်ချုပ်ခွင့်ကိစ္စဟာ မပြေလည်သေးဘဲ ကျန်ရှိနေဆဲဖြစ်သလို ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ ပြန်လည်စတင်တာကို ပုံမှန်အခြေအနေ ပြန်ရောက်သွားပြီလို့ မသတ်မှတ်သင့်ကြောင်း ဖော်ပြထားပါတယ်။ ကူကီး-ဇို လွှတ်တော်အမတ်တွေအနေနဲ့…

Read More