Headlines

ကျောင်းအုပ်ကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် နီပေါရေကြီးမှုကြား ကျောင်းသား ၉၀၀ အချိန်မီ လွတ်မြောက်

ဩဂုတ်လ ၃၁ ရက်။ နီပေါနိုင်ငံ၊ Nuwakot ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိဘက်-နီပေါ နယ်စပ် ရုတ်တရက် တောင်ကျရေကြီးမှုအတွင်း ကျောင်းအုပ်ကြီးတစ်ဦးရဲ့ အချိန်မီ သတိပေး ရွှေ့ပြောင်းနိုင်ခဲ့မှုကြောင့် ကျောင်းသူကျောင်းသား ၉၀၀ နီးပါး အသက်ဘေးကနေ ကပ်ပြီး လွတ်မြောက်ခဲ့တယ်လို့ သက်ဆိုင်ရာ ဒေသန္တရ သတင်းရင်းမြစ်တွေနဲ့ နီပေါ သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (NDRRMA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဟိမဝန္တာ တောင်တန်းဒေသရှိ ရေခဲမြစ် ကျိုးပေါက်ပြိုကျမှုကြောင့် ဩဂုတ်လ ၂၆ ရက်နေ့က Bhote Koshi မြစ်နဲ့ ထရီရှူလီမြစ်တလျှောက် တောင်ကျရေတွေ အလုံးအရင်းနဲ့ စီးဆင်းလာခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်အနီး နူဝါကော့ဒေသမှာရှိတဲ့ ထရီရှူလီ အလယ်တန်းကျောင်း (Trishuli Secondary School)…

Read More

လူမျိုးခြားလက်ထပ်တဲ့ မီဇိုအမျိုးသမီးတွေရဲ့ အမွေဆက်ခံမှုဥပဒေကန့်ကွက်လွှာကို အိန္ဒိယတရားရုံးချုပ် ကြားနာဖို့ ငြင်းပယ်

ဩဂုတ်လ ၃၀ ရက်။ အိန္ဒိယနိုင်ငံမှာ မီဇိုမျိုးနွယ်စုဝင် မဟုတ်တဲ့သူတွေနဲ့ လက်ထပ်တဲ့ မီဇိုအမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု ဖြစ်စေတယ်ဆိုပြီး လျှောက်ထားသူဘက်က တင်ပြထားတဲ့ ၂၀၁၄ ခုနှစ် မီဇိုထိမ်းမြားခြင်း၊ ကွာရှင်းခြင်းနဲ့ ပစ္စည်းအမွေဆက်ခံခြင်းဆိုင်ရာ အက်ဥပဒေရဲ့ ၂၀၂၆ ပြင်ဆင်ချက်တွေကို ကန့်ကွက်တဲ့ အသနားခံလွှာကို ကြားနာစစ်ဆေးဖို့ အိန္ဒိယတရားရုံးချုပ်က ငြင်းပယ်လိုက်ပါတယ်။ အိန္ဒိယတရားရုံးချုပ်ကတရားသူကြီးချုပ်အပါအ၀င် တွဲဖက် တရားသူကြီးနှစ်ဦး ပါဝင်တဲ့ တရားခွင်က ဒီကိစ္စကို သက်ဆိုင်ရာ စီရင်ပိုင်ခွင့်ရှိတဲ့ တရားလွှတ်တော်မှာပဲ ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ လက်ရှိ တင်းမာမှုတွေကြောင့် အိုက်ဇော်လ်တရားခွင်ခွဲ (Aizawl Bench) မှာ အဆင်ပြေချောမွေ့တဲ့ ပတ်ဝန်းကျင် မရှိနိုင်ဘူးဆိုတဲ့ လျှောက်ထားသူရဲ့ စိုးရိမ်မှုကို အသိအမှတ်ပြုပေးခဲ့ပြီး ဂူဝါဟာတီတရားလွှတ်တော်ရဲ့ ပင်မတရားခွင် (Principal Bench of the Gauhati…

Read More

မီဇိုရမ်ပြည်ဝင်ရောက်ခွင့် ILP ၅ သိန်းနီးပါး ထုတ်ပေးပြီးနောက် တရားမဝင် ဝင်ရောက်သူ ၉၃၄ ဦးကို ဖမ်းဆီးခဲ့

ဩဂုတ်လ ၂၈ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အစိုးရအနေနဲ့ ၂၀၂၄ ခုနှစ်ကစတင်ပြီး ပြည်နယ်တွင်း ဝင်ရောက်ခွင့်လက်မှတ် Inner Line Permit (ILP) ပေါင်း ၅ သိန်းနီးပါး ထုတ်ပေးခဲ့သလို ဒီနှစ်အတွင်းမှာတော့ အရှေ့မြောက်ဒေသ ပြည်နယ်ထဲကို တရားမဝင် ဝင်ရောက်လာတယ်လို့ ယူဆရသူ ၉၃၄ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ ကြာသပတေးနေ့က ပြည်နယ်လွှတ်တော်မှာ ပြည်ထဲရေး၀န်ကြီးက တင်ပြပြောဆိုလိုက်ပါတယ်။ လွှတ်တော်တွင်း မေးခွန်းတွေအပေါ် စာဖြင့် ပြန်လည်ဖြေကြားရာမှာ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး K Sapdanga က ပြည်နယ်အစိုးရအနေနဲ့ ၂၀၂၄ ခုနှစ်ကစပြီး စုစုပေါင်း ILP လက်မှတ် ၄၉၄,၀၃၃ စောင် ထုတ်ပေးခဲ့တယ်လို့ ပြောပါတယ်။ ILP ဆိုတာ အကာအကွယ်ပေးထားတဲ့ ဒါမှမဟုတ် ကန့်သတ်ထားတဲ့…

Read More

မီဇိုရမ်ပြည်နယ်မှာ ရှေးဟောင်းအမွေအနှစ် နေရာ ၈၁ ခု ထိန်းသိမ်းထား

သြဂုတ်လ ၂၇ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းဝင် အမွေအနှစ်တွေအပေါ် အလေးထား အာရုံစိုက်မှုအသစ် ပြန်လည်ရရှိလာခဲ့ပြီး လက်ရှိအချိန်မှာ ပြည်နယ်အစိုးရက ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ရှေးဟောင်းအမွေအနှစ်နေရာ စုစုပေါင်း ၇၉ ခု နဲ့ အမျိုးသားအဆင့်ထိန်းသိမ်းထားတဲ့ (၂) ခုရှိတယ်လို့ အနုပညာနှင့် ယဉ်ကျေးမှုဝန်ကြီးC. Lalsawivunga က သြဂုတ်လ (၂၇) ရက်နေ့မှာကျင်းပတဲ့ ပြည်နယ်လွှတ်တော်အစည်းအ၀းမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အဆိုပါ ရှေးဟောင်းအမွေအနှစ်နေရာတွေကို အနာဂတ်မျိုးဆက်သစ်တွေအတွက် ရေရှည်ထိန်းသိမ်း စောင့်ရှောက်နိုင်စေဖို့ “မီဇိုရမ် ရှေးဟောင်းအမွေအနှစ်များ၊ ရှေးဟောင်းသုတေသနနယ်မြေများနှင့် အကြွင်းအကျန်များဆိုင်ရာ အက်ဥပဒေ (၂၀၀၁)” (Mizoram Ancient Monuments and Archaeological Sites and Remains Act, 2001) အရ အကာအကွယ်ပေးထားတဲ့…

Read More

မလေးရှားနိုင်ငံ Bukit Jalil ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၄၀ ဦးကို ဩဂုတ် ၂၆ ရက် မြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်မည်

မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ Bukit Jalil ထိန်းသိမ်းရေးစခန်းမှ မိမိဆန္ဒအလျောက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် လျှောက်ထားတဲ့ မြန်မာနိုင်ငံသား ၄၀ ဦးကို ဩဂုတ် ၂၆ ရက်မှာ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာသံရုံး(ကွာလာလမ်ပူမြို့)မှ ဒီနေ့ ဩဂုတ် ၂၄ ရက်မှာ အသိပေးကြေ ညာထားပါတယ်။ အဆိုပါ မြန်မာနိုင်ငံသားများအား မြန်မာ့လေကြောင်း အမှတ်စဉ် 8M 504 ဖြင့် ပြန်လည်ပို့ဆောင်သွားမည်ဖြစ်ပြီး သက်ဆိုင်သူများ၏ မိသားစုဝင်များ သိရှိနိုင်ရန် စာရင်းကိုလည်း ဖော်ပြထားပါတယ်။ ထို့ပြင် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများတွင် ရှိနေသည့် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ တာဝန်ရှိသူများမဟုတ်သည့်သူများက သက်ဆိုင်ရာ မိသားစုဝင်များထံ ငွေကြေးလိမ်လည်တောင်းခံမှုများရှိနေကြောင်း ကာယကံရှင်များထံမှ ပြန်လည်သိရှိရသည်ဟု မြန်မာသံရုံးက အသိပေးထားပါတယ်။ ယင်းကြောင့် ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များနှင့် နီးစပ်ရာအသိုက်အဝန်းများအနေဖြင့်…

Read More

အရက်သေစာဥပဒေ အတင်းကြပ်ဆုံး မီဇိုရမ်တွင် ဒေသထွက် ဘီယာနှင့် ဝိုင်ထုတ်လုပ်ရန် လိုင်စင်များ ချထားပေး

သြဂုတ်လ ၂၀ ရက်။ အိန္ဒိယတစ်နိုင်ငံလုံးမှာ အရက်သေစာဥပဒေ အတင်းကြပ်ဆုံး ပြည်နယ်တစ်ခု (Dry State) အဖြစ် လူသိများတဲ့ မီဇိုရမ်ပြည်နယ်မှာ ဒေသထွက်သီးနှံအခြေခံ ဘီယာနဲ့ ဝိုင်ထုတ်လုပ်ခွင့် လိုင်စင်တွေကို စတင် စိစစ်ချထားပေးနေပြီ ဖြစ်ပါတယ်။ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Lalduhoma ကိုယ်တိုင် မကြာသေးမီက ပြင်ဆင်ပြဋ္ဌာန်းခဲ့တဲ့ Mizoram Liquor (Prohibition) Amendment Act, 2025 အရ ဒေသထွက်သီးနှံဘီယာ (Local Fruit Beer) ထုတ်လုပ်ရေးနဲ့ ဝိုင်စက်ရုံ (Wineries) တည်ထောင်ခွင့် လျှောက်ထားမှုတွေကို စိစစ်တဲ့ ရွေးချယ်ရေးကော်မတီ အစည်းအဝေးကို ဗုဒ္ဓဟူးနေ့မှာ သဘာပတိအဖြစ် ဦးဆောင်ကျင်းပခဲ့ပါတယ်။ ရရှိထားတဲ့ လျှောက်လွှာပေါင်း ၉၉ ခုအနက် ကော်မတီက စိစစ်မှုများ၊ အင်တာဗျူးများနှင့် ကွင်းဆင်းစစ်ဆေးမှုများ…

Read More

မီဇိုရမ်ပြည်နယ်ရဲ့ ဆေးကောလိပ်မှာ ပထမဆုံးအကြိမ် နှလုံးခွဲစိတ်ကုသမှု အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့

သြဂုတ်လ ၂၀ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မြို့တော်အိုင်ဇောလ်မှာရှိတဲ့ အစိုးရပိုင် ဇိုရမ်ဆေးကောလိပ်နဲ့ ဆေးရုံ (ZMC&H) က ဆရာဝန်တွေဟာ ဆေးရုံသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် နှလုံးဖွင့်ခွဲစိတ်မှု (Open-heart surgery) ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက သြဂုတ်လ ၂၀ ရက်မှာ ပြောဆိုလိုက်ပါတယ်။ နှလုံးသွေးကြောမကြီး သုံးခုစလုံး ပိတ်ဆို့နေတဲ့ (Triple Vessel Disease) ဝေဒနာကို ခံစားနေရတဲ့ အသက် ၆၉ နှစ်အရွယ် လူနာတစ်ဦးကို ဆေးရုံက နှလုံးနဲ့ ရင်ခေါင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန် Dr Mary Hmingthantluangi နဲ့ Guwahati မြို့က ပုဂ္ဂလိကဆေးရုံတစ်ခုက Dr Intekhab Alam တို့ ဦးဆောင်တဲ့အဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ခွဲစိတ်ကုသပေးခဲ့တာ ဖြစ်ပါတယ်။…

Read More

မီဇိုရမ်ပြည်နယ်သီချင်းအဖြစ် ‘Ro Min Rel Sak Ang Che’ ကို အတည်ပြုရန် လွှတ်တော်မှာ ဆွေးနွေးမယ်

ဩဂုတ်လ ၁၈ ရက်။ Mizoram ပြည်နယ်ရဲ့ နှစ်ပေါင်းများစွာ ထင်ရှားခဲ့တဲ့ ‘Ro Min Rel Sak Ang Che’ သီချင်းကို တရားဝင် ပြည်နယ်ကိုယ်စားပြု သီချင်းအဖြစ် သတ်မှတ်ဖို့ လာမယ့် ဩဂုတ်လ ၂၅ ရက်နေ့ လွှတ်တော် အစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။ ဒီသီချင်းကို တရားဝင် ပြည်နယ်သီချင်းအဖြစ် သတ်မှတ်ဖို့ Mizoram ပြည်နယ် အစိုးရအဖွဲ့က ဩဂုတ်လ ၁၀ ရက်နေ့မှာ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ လာမယ့် လွှတ်တော် အစည်းအဝေးမှာတော့ တရားဝင် အသိအမှတ်ပြုရေး ဆုံးဖြတ်ချက် မူကြမ်းကို တင်သွင်းအတည်ပြုသွားမှာပါ။ ‘Ro Min Rel Sak Ang Che’ ဆိုတာ “ကျွန်ုပ်တို့ကို…

Read More

မြင်းချေးနဲ့ ရေးဆွဲထားတဲ့ ဒေါ်နယ်ထရမ့် ပုံတူပန်းချီကား ကနေဒါမှာ ဒေါ်လာ ၁,၈၀၀ နဲ့ ရောင်းထွက်

ဩဂုတ်လ ၄ ရက်။ ကနေဒါနိုင်ငံ၊ ဗြိတိသျှ ကိုလံဘီယာ (British Columbia) ပြည်နယ်မှာ ပြုလုပ်တဲ့ ပန်းချီပြပွဲတစ်ခုမှာ မြင်းချေးကို အသုံးပြုပြီး ရေးဆွဲထားတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပုံတူပန်းချီကားတစ်ချပ်ဟာ အမေရိကန်ဒေါ်လာ ၁,၈၀၀ နဲ့ လျှင်မြန်စွာ ရောင်းချသွားခဲ့ရတယ်လို့ ကနေဒါအခြေစိုက် CTV News သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီပန်းချီကားကို ကနေဒါနိုင်ငံသူ ပန်းချီဆရာမ Wendy Chartrand က ရေးဆွဲခဲ့တာဖြစ်ပြီး Sooke Fine Arts Show ပန်းချီပြပွဲမှာ ပြသခဲ့ရာမှာ ပရိသတ်တွေအကြား ရေပန်းအစားဆုံးနဲ့ ငြင်းခုံဖွယ်ရာ ပန်းချီကားတစ်ချပ် ဖြစ်လာခဲ့တာပါ။ ယခုလို မြင်းချေးကို အသုံးပြုရေးဆွဲတာဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး စိတ်ပျက်စရာ အခြေအနေတွေအပေါ် သူမရဲ့…

Read More

UN ဒုက္ခသည်မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွေ ယာယီရပ်ဆိုင်းဖို့ မလေးရှားအစိုးရညွှန်ကြားစာပေးပို့တာတွေ ရှိ ၊ မရှိ မသိရသေး

ဇူလိုင်လ ၂၄ ရက်။ မလေးရှားအစိုးရက ကုလသမ္မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR) ရဲ့ ဒုက္ခသည်သစ် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွေ အားလုံး ယာယီရပ်ဆိုင်းဖို့ သတင်းထုတ်ပြန်တာတွေရှိပေမယ့် အစိုးရဘက်က UNHCR ရုံးကို ညွှန်ကြားစာပေးပို့တာတွေ ရှိမရှိကိုတော့ မသိရသေးဘူးလို့ မလေးရှားမြန်မာ လူမှုရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မလေးရှားမြန်မာ လူမှုရေးအသင်းက တာဝန်ရှိသူတစ်ဦးက “မလေးရှားအစိုးရဘက်ကနေတော့ UNHCR ကို နောက်ထပ်မှတ်ပုံတင်အသစ်တွေ UN ကဒ်ထုတ်ပေးတာတွေ ရပ်တန့်ဖို့ သူတို့ထုတ်ပြန်ချက်နဲ့ သတင်းမှာ ထုတ်ပြန်လာတာဖြစ်တယ်။ UN ရုံးကို သူတို့စာပို့တာ မပို့တာကိုတော့ လောလောဆယ်မသိရသေးဘူး UN ဘက်ကို တတ်နိုင်သလောက် မေးကြည့်တော့ အစိုးရဘက်က တရားဝင်ညွှန်ကြားတာမရှိသေးဘူးလို့ သိရတယ်။ ဆိုတော့ UN ရဲ့ ထုတ်ပြန်ချက်ကို…

Read More