Headlines

ဒရုန်းသုံး မူးယစ်ဆေးဝါးမှောင်ခိုကူးမှုများကို ကြိုတင်ကာကွယ်သတိထားရန် မီဇိုရမ်ဝန်ကြီးချုပ် တိုက်တွန်း

ဇွန်လ ၃၀ ရက်။ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ဒရုန်း (Drone) နည်းပညာလိုမျိုး အဆင့်မြင့်နည်းပညာသစ်တွေကို အသုံးပြုပြီး မှောင်ခိုကူးလာနိုင်မယ့် အခြေအနေတွေကို ကြိုတင်ပြင်ဆင် သတိထားကြဖို့ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma က တိုက်တွန်းသတိပေးလိုက်ပါတယ်။ Dawrpui Multipurpose Hall မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ဝန်ကြီးချုပ်က တက်ရောက်လာကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ၊ အစိုးရအရာရှိတွေနဲ့ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေကို အခုလိုမျိုး ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ သူက ဆက်လက်ပြောကြားရာမှာ မူးယစ်ဆေးဝါးကုန်သွယ်မှု ကွန်ရက်တွေနဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုခေတ်မီဆန်းပြားလာသလို၊ ချက်လုပ်ထားတဲ့ စိတ်ကြွဆေးဝါးတွေ (Synthetic drugs) အပြင် သယ်ယူပို့ဆောင်ရေးအတွက်ပါ အဆင့်မြင့်နည်းပညာတွေကို…

Read More

စည်းလုံးညီညွတ်မှုဖြင့် ခက်ခဲခဲခဲ ရယူထားသည့် ငြိမ်းချမ်းရေးအမွေအနှစ်ကို ခိုင်မာအောင်ဝိုင်းဝန်းလုပ်ဆောင်ကြရန် မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ ဝန်ကြီးချုပ် တိုက်တွန်း

ဇွန်လ ၃၀ ရက်။ သမိုင်းဝင် အိန္ဒိယဗဟိုအစိုးရနဲ့ မီဇိုရမ်ငြိမ်းချမ်းရေးသဘောတူညီချက် (Mizoram Peace Accord) ချုပ်ဆိုခဲ့သည့် နှစ် ၄၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ပြည်နယ်သူပြည်နယ်သားများအနေဖြင့် စည်းလုံးညီညွတ်မှု၊ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုသဟဇာတဖြစ်မှုများမှတစ်ဆင့် ခက်ခက်ခဲခဲ ရယူထားရသည့် ငြိမ်းချမ်းရေးအမွေအနှစ်ကို ပိုမိုခိုင်မာအောင် ဝိုင်းဝန်းလုပ်ဆောင်ကြရန် ပြည်နယ်အုပ်ချုပ်ရေးမှုးVijay Kumar Singh နှင့် ဝန်ကြီးချုပ် Pu Lalduhoma တို့က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုသဟဇာတဖြစ်မှုနှင့် အနာဂတ်တိုးတက်ပြောင်းလဲမှု အားလုံးသည် အဆိုပါ ငြိမ်းချမ်းရေးအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်မှုပေါ်တွင်သာ မတည်နေဘူးလို့လည်း သူတို့က ပြောဆိုလိုက်ပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက်နေ့ (Remna Ni) အကြိုနေ့ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ပြည်နယ်ခေါင်းဆောင်နှစ်ဦးစလုံးက ၁၉၈၆ ခုနှစ် ငြိမ်းချမ်းရေးသဘောတူညီချက်…

Read More

မဲစာရင်းအထူးစစ်ဆေးမှုအပြီး မီဇိုရမ်မဲဆန္ဒရှင်စာရင်းမှ အမည်ပေါင်း ၄၆,၀၀၀ ကျော် ပယ်ဖျက်ခံရ

ဇွန်လ ၂၉ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ အထူးအထောက်အထားစစ်ဆေးခြင်းလုပ်ငန်း (Special Intensive Revision – SIR) ပြီးစီးသွားတဲ့နောက် မဲစာရင်းထဲကနေ အမည်ပေါင်း ၄၆,၀၀၀ ကျော်ကို ပယ်ဖျက်လိုက်တာကြောင့် ပြည်နယ်ရဲ့ လက်ရှိမဲဆန္ဒရှင်ဦးရေဟာ ၈၂၈,၈၇၇ ဦး ရှိနေတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ အဆင့်မြင့်အရာရှိတစ်ဦးက ဇွန်လ ၂၈ ရက် တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က စတင်ခဲ့တဲ့ မဲစာရင်းပြန်လည်စစ်ဆေးခြင်းလုပ်ငန်းစဉ်ဟာ လူဦးရေစာရင်းကောက်ယူလွှာတွေ အားလုံးကို ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲခြင်းနဲ့အတူ ပြီးဆုံးသွားခဲ့တာဖြစ်တယ်လို့ ပူးတွဲရွေးကောက်ပွဲအရာရှိချုပ် (Joint Chief Electoral Officer) Ethel Rothangpuii က ဆိုပါတယ်။ သေဆုံးခြင်း၊ အမြဲတမ်းရွှေ့ပြောင်းသွားခြင်း၊ မဲစာရင်းနှစ်ထပ်ဖြစ်နေခြင်းနဲ့ ရှာဖွေမတွေ့ရှိခြင်း စတဲ့ အကြောင်းပြချက်အမျိုးမျိုးကြောင့် မဲစာရင်းထဲကနေ…

Read More

မီဇိုရမ်ပြည်နယ်မှာ MNF အာဏာပြန်ရရန် ပြင်ဆင်နေကြောင်း MNF ပါတီဥက္ကဋ္ဌ Pu Zoramthanga ပြော

ဇွန်လ ၂၃ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မိမိတို့ပါတီအနေနဲ့ အာဏာပြန်လည်ရရှိဖို့အတွက် တက်တက်ကြွကြွ ပြင်ဆင်နေပြီဖြစ်ကြောင်း မီဇိုအမျိုးသားတပ်ဦး (MNF)ပါတီဥက္ကဋ္ဌနဲ့ မီဇိုရမ်ဝန်ကြီးချုပ်ဟောင်း Pu Zoramthanga က ဇွန်လ ၂၂ ရက်နေ့မှာ ပြောကြားလိုက်ပြီး ပါတီရဲ့ မျှော်မှန်းချက်တွေအတိုင်း အောင်မြင်အောင် ပါတီဝင်တွေနဲ့ ထောက်ခံသူတွေအနေနဲ့ စည်းလုံးညီညွတ်စွာ ကတိကဝတ်ပြုထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ Aizawl မြို့မှာကျင်းပတဲ့ ပါတီအခမ်းအနားတစ်ခုမှာ Pu Zoramthanga က အခုလို ပြောဆိုခဲ့တာဖြစ်ပြီး လာမယ့် ၂၀၂၈ ခုနှစ်မှာ ကျင်းပဖို့ရှိတဲ့ ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ မတိုင်ခင် ပြည်သူလူထုရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိဖို့အတွက် MNF အနေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် ရွေးကောက်ပွဲတိုက်ပွဲတွေအတွက် အခြေခံအုတ်မြစ်တွေကို စတင် ချမှတ်နေပြီဖြစ်ကြောင်းနဲ့ လိုအပ်တဲ့ခြေလှမ်းတွေကို ပြင်ဆင်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။ “MNF…

Read More

အရှေ့မြောက်ပြည်နယ်များရှိ ပြင်ပအကူအညီရစီမံကိန်းများ၏ ရံပုံငွေတိုးမြှင့်ပေးရန် မီဇိုရမ်ဝန်ကြီးချုပ် တောင်းဆို

ဇွန်လ ၂၀ ရက်။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသ ပြည်နယ်တွေအတွက် သတ်မှတ်ထားတဲ့ ပြင်ပအကူအညီရစီမံကိန်းများ (EAPs) ရဲ့ ရံပုံငွေမျက်နှာကြက် (Funding Ceiling) ကို တိုးမြှင့်ပေးဖို့ မီဇိုရမ်ဝန်ကြီးချုပ် Lalduhoma က ဇွန်လ ၁၉ ရက်နေ့မှာ အိန္ဒိယဗဟိုအစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ် နိုင်ငံတကာ ဖွံ့ဖြိုးရေးဘဏ္ဍာငွေတွေကို ပိုမိုရယူအသုံးပြုခွင့်ရရှိခြင်းဟာ တစ်ဒေသလုံးရှိ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူမှုစီးပွားဘဝ တိုးတက်မှုကို သိသိသာသာ အရှိန်အဟုန်မြှင့်တင်ပေးနိုင်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။ မီဇိုရမ်ပြည်နယ် Shillong မြို့မှာ ကျင်းပတဲ့ “အရှေ့မြောက်ပြည်နယ်များတွင် ပြင်ပအကူအညီရစီမံကိန်းများ (EAPs) ကို ထိရောက်စွာ အသုံးချခြင်း” ဆိုင်ရာ ဆွေးနွေးပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲမှာ ဝန်ကြီးချုပ်က အခုလို တိုက်တွန်းခဲ့တာပါ။ ဒီအစီအစဉ်ကို…

Read More

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က ဝန်ထမ်းရေးရာနှင့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုဌာနကို တာဝန်ယူ

ဇွန်လ ၁၉ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalduhoma ဟာ ဝန်ထမ်းရေးရာနဲ့ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုဌာန (Personnel and Administrative Reforms Department) ရဲ့ တာဝန်တွေကို လွှဲပြောင်းရယူလိုက်ပြီဖြစ်ကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်တဲ့ တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီဌာနရဲ့ ဝန်ကြီးအဆင့် တာဝန်တွေကို အရင်က ကက်ဘိနက်ဝန်ကြီး K. Sapdanga က ကိုင်တွယ်ခဲ့တာဖြစ်ပြီး၊ သူကတော့ ပြည်ထဲရေးဌာန၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဌာနနဲ့ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးဌာနတွေကို ဆက်လက်ကြီးကြပ်သွားမှာ ဖြစ်ပါတယ်။ ဇွန်လ ၁၈ ရက် နေ့က နိုင်ငံရေးနှင့် ကက်ဘိနက်ဌာနက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေ အကျိုးရှိစေဖို့အတွက် အဆိုပါဌာနကို ဝန်ကြီးချုပ်ထံ ချက်ချင်းလွှဲပြောင်းပေးအပ်လိုက်တာဖြစ်ပြီး၊ ရလဒ်အနေနဲ့ ဝန်ကြီး Sapdanga ကို…

Read More

မီဇိုရမ် မဲဆန္ဒရှင် ၉၅ ရာခိုင်နှုန်းကျော်ရဲ့ စာရင်းများကို ဒီဂျစ်တယ်စနစ် ပြောင်းလဲပြီးစီး

ဇွန်လ ၁၉ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ အိန္ဒိယရွေးကောက်ပွဲကော်မရှင်က နိုင်ငံတစ်ဝန်း လုပ်ဆောင်နေတဲ့ ၂၀၂၆ ခုနှစ် အထူးမဲစာရင်း ပြန်လည်စစ်ဆေးပြင်ဆင်ခြင်း (SIR 2026) လုပ်ငန်းစဉ်အရ ပြည်နယ်မဲဆန္ဒရှင် စုစုပေါင်းရဲ့ ၉၅ ရာခိုင်နှုန်းကျော် ဖြစ်တဲ့ မဲဆန္ဒရှင် ၈ သိန်း ၇ သောင်း ၅ ထောင်ကျော်ရဲ့ စာရင်းကောက်ယူမှုပုံစံတွေကို ဒီဂျစ်တယ်စနစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ပြီလို့ ပြည်နယ် ပူးတွဲရွေးကောက်ပွဲအရာရှိချုပ် Ethel Rothangpuii က ပြောကြားပါတယ်။ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ကြာသပတေးနေ့အထိ ပြောင်းလဲပြီးစီးမှုဟာ ပြည်နယ်မဲဆန္ဒရှင် စုစုပေါင်းရဲ့ ၉၅.၅၃ ရာခိုင်နှုန်းရှိပြီး နောင်လာမယ့် ရွေးကောက်ပွဲတွေအတွက် မဲစာရင်းပြုစုမှုလုပ်ငန်းစဉ်မှာ ကြီးမားတဲ့ မှတ်တိုင်တစ်ခု ဖြစ်လာခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ်ရဲ့ ခရိုင် ၁၁…

Read More

အမေရိကန်မှာ လိင်ပိုင်းဆိုင်ရာ ပြစ်မှုစောင့်ကြည့်ရေးဥပဒေဖောက်ဖျက်မှုဖြင့် ချင်းအမျိုးသား ၁ ဦးကို ဖမ်းဆီး

ဇွန်လ ၁၈ ရက်။ ​အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှာလိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူများ စောင့်ကြည့်စစ်ဆေးရေး မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပြဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်မှု ၂ ခုကြောင့် ချင်းအမျိုးသား ၁ ဦး ဖြစ်တဲ့ Thang Suan Dal ကို ဖမ်းဆီး ထိန်းသိမ်း ထားတယ် လို့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ထိန်းသိမ်းရေးအဖွဲ့ (ICE) ရဲ့ Facebook လူမှုကွန်ယက် စာမျက်နှာ မှာ ဖော်ပြထားပါတယ်။ ဖမ်းဆီး ထိန်းသိမ်း ခံရသူ Thang Suan Dal မှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ကလေးသူငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားရန် ကြိုးပမ်းမှုဖြင့် ပြစ်ဒဏ်စီရင်ခြင်း ခံခဲ့ရဖူးတဲ့ ပြစ်မှုနောက်ခံမှတ်တမ်း ရှိခဲ့ သူ ဖြစ်ကာ၊၎င်းသည်…

Read More

မီဇိုရမ်ပြည်မှာ အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ပြီး အက်စစ်နဲ့ပက်ခဲ့တဲ့ BSF တပ်ဖွဲ့ဝင် ၂ ဦးကို ၈ နှစ်ကြာအမှုစစ်ပြီးနောက် ထောင်ဒဏ် ၄၂ နှစ်စီ ချမှတ်

ဇွန်လ ၁၈ ရက်။ ၂၀၁၇ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် Mamit ခရိုင်ထဲမှာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်ပြီး အက်စစ်နဲ့ပက် တိုက်ခိုက်ခဲ့တဲ့ အိန္ဒိယနယ်ခြားစောင့်တပ် (BSF) ရဲဘော်နှစ်ဦးကို ၈ နှစ်ကြာ အမှုစစ်ဆေးပြီးတဲ့နောက် ဇွန်လ ၁၆ ရက်နေ့မှာ အိုက်ဇောလ်တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄၂ နှစ်စီ ချမှတ်လိုက်ပြီဖြစ်တယ်လို့ India Today သတင်းဌာနက ဖော်ပြထားပါတယ်။ ဒါ့အပြင် တရားရုံးက ပြစ်မှုအားလုံးအတွက် ပြစ်ဒဏ်ကျခံရသူတွေကို တစ်ဦးလျှင် ရူပီး ၆၀,၀၀၀ စီ ငွေဒဏ်ချမှတ်ခဲ့ပြီး အကယ်၍ အဲဒီငွေဒဏ်ကို မဆောင်နိုင်ဘူးဆိုရင် ပြစ်မှုတစ်ခုစီအတွက် ထောင်ဒဏ် နှစ်လစီ ထပ်မံကျခံရမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၆…

Read More

တရုတ်အစိုးရက မှားယွင်းစွာ ဖမ်းဆီးထားတဲ့ ISP – Myanmar အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို အမြန်ဆုံးလွှတ်ပေးဖို့ ISP – Myanmar တောင်းဆို

ဇွန်လ ၁၇ ရက်။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်အစိုးရအာဏာပိုင်များက မှားယွင်းစွာဖမ်းဆီးထားခြင်း (wrongful detention) ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ISP – Myanmar က တောင်းဆိုတဲ့ကြောင်း ဒီကနေ့ ဇွန်လ ၁၇ ရက်နေ့မှာထုတ်ပြန်ပါတယ်။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြုလုပ်မည့် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ရန် သွားရောက်ချိန်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ISP-Myanmar အဖွဲ့အစည်းဟာ လွတ်လပ်ပြီး ပါတီစွဲကင်းသော၊ အစိုးရမဟုတ်သည့် သုတေသနအဖွဲ့အစည်း (think tank)တခုသာဖြစ်ပြီး မြော်မြင်ချက်မှာ မြန်မာနိုင်ငံအတွင်း ရုန်းထကြံ့ခိုင်မှုအားကောင်းပြီး သည်းခံစိတ်ကြီးမားသောလူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်းလာစေရေး၊ ဒီမိုကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင်…

Read More