Headlines

SCEF ကောင်စီကို အသိအမှတ်ပြုရန်နဲ့ မြန်မာနိုင်ငံပိုင် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ လွှဲပြောင်းပေးရန် BRI တောင်းဆို

ဇွန်လ ၅ ရက်။ မြန်မာနိုင်ငံမှာ မကြာသေးမီက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ပူးပေါင်းပြီး ဖွဲ့စည်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ကို အမေရိကန်အစိုးရအနေနဲ့ တရားဝင်အသိအမှတ်ပြု ထိတွေ့ဆက်ဆံပေးဖို့နဲ့ ဖက်ဒရယ်ရီဆာ့ဗ်ဘဏ်မှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံပိုင် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို အဆိုပါ‌ကောင်စီထံ လွှဲပြောင်းပေးဖို့ ဗဟိုပြုတောင်းဆိုထားတဲ့ အထူးထုတ်ပြန်ချက်တစ်ရပ်ကို Burma Research Institute (BRI) အဖွဲ့က ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်ဆီနိတ်အသုံးစရိတ်ဆိုင်ရာ ကြားနာပွဲမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆီနိတ်တာ မစ်ချ်မက်ကောနယ်က နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို ဖိအားပေးမေးမြန်းခဲ့ပြီးနောက်၊ အမေရိကန်အစိုးရရဲ့ ဒီမိုကရေစီလိုလားတဲ့ အာဘော်ကို လက်တွေ့ပြတ်သားတဲ့ လုပ်ဆောင်ချက်တွေနဲ့ သက်သေပြဖို့ BRI အဖွဲ့က ယခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ…

Read More

အိန္ဒိယနဲ့ မြန်မာ့မြေမှာ တစ်ဖက်နိုင်ငံရဲ့ လုံခြုံရေးထိခိုက်မည့် ကိစ္စရပ်များအလွဲသုံးစားလုပ်ခွင့် မပြုရန် ၂ ဖက်သဘောတူညီ

ဇွန်လ ၂ ရက်။ အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံစလုံးအနေဖြင့် မိမိတို့ရဲ့ အချုပ်အခြာအာဏာပိုင် နယ်မြေတွေမှာ တစ်ဖက်နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်စေမည့် ကိစ္စရပ်များတွင် အလွဲသုံးစားလုပ်ခွင့် လုံးဝပြုမည်မဟုတ်ကြောင်း ၂ နိုင်ငံခေါင်းဆောင်များက အလေးအနက် ပြောကြားခဲ့ကြပြီး၊ အာဏာသိမ်းစစ်ခေါင်းဆောင်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း မြန်မာ့မြေကို အိန္ဒိယ၏ လုံခြုံရေးအကျိုးစီးပွားကို ဆန့်ကျင်သည့်နေရာတွင် အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း ကတိပြုပြောကြားခဲ့ပါတယ်။ အဆိုပါ ကတိကဝတ်ပြုမှုကို မေလ ၃၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ သွားရောက်နေတဲ့ သမ္မတဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယနိုင်ငံတရားဝင်ခရီးစဉ်အတွင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနှင့် တွေ့ဆုံဆွေးနွေးအပြီး ထုတ်ပြန်ခဲ့သည့် နှစ်နိုင်ငံ ပူးတွဲကြေညာချက်တွင် ထည့်သွင်းဖော်ပြထားခြင်း ဖြစ်ပါတယ်။ ဆွေးနွေးပွဲအတွင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအပေါ် အိန္ဒိယနိုင်ငံ၏ ထောက်ခံမှုကို…

Read More

နာမည်အမျိုးမျိုးနဲ့ပြန့်ကြဲနေကြတဲ့ လူမျိုးစုကြီးကို Joshua Van က စုစည်းပေးနိုင်ခဲ့ပြီ

မေလ ၃၁ ရက်။ မေလ ၃၀ ရက်ညက ကျင်းပတဲ့ Mizoram MISMA ပွဲမှာ အိန္ဒိယနိုင်ငံ၊Mizoram ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma က “ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကြောင့် နိုင်ငံအသီးမှာ အကွဲကွဲအပြားပြား နာမည်အမျိုးမျိုးနဲ့ပြန့်ကြဲနေကြတဲ့ ချင်း/မီဇို/ကူကီး စတဲ့ လူမျိုးစုကြီးကို UFC ဖလိုင်းဝိတ်တန်းချန်ပီယံ Joshua Van က စုစည်းပေးနိုင်ခဲ့ပါပြီ” လို့ပြောကြားခဲ့ပါတယ်။ UFC ဖလိုင်းဝိတ်တန်းချန်ပီယံ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ မေလ ၂၉ ရက်နေ့မှာ နယူးဒေလီမြို့မှတဆင့် မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး မေလ ၃၀ ရက်နေ့ အိုက်ဇောလ်မြို့မှာ ပြုလုပ်တဲ့ MISMA Fight Night” ပွဲစဉ်ကို အထူးဧည့်သည်အဖြစ် တက်ရောက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်ကို အလည်အပတ်ရောက်ရှိလာတဲ့…

Read More

မီဇိုအမျိုးသမီးတွေကို လူကုန်ကူးမှုကို ထိရောက်စွာအရေးယူပေးရန်မီဇိုအမျိုးသမီးအဖွဲ့(MHIP)မှ တောင်းဆို

မေလ ၁၄ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရဲ့ အဆင့်မြင့်ဆုံး အမျိုးသမီးအဖွဲ့အစည်းဖြစ်တဲ့ Mizo Hmeichhe Insuihkhawm Pawl (MHIP) ဟာ ပြည်နယ်ပြင်ပမှာ အလုပ်အကိုင်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မီဇိုအမျိုးသမီးတွေကို လူကုန်ကူးပြီး လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်နေမှုတွေကို အင်္ဂါနေ့မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး ကိုလာဆစ် (Kolasib) ခရိုင်မှာ နေထိုင်တဲ့ Lalnunsiami (အသက် ၃၀) နဲ့ သူမရဲ့ ခင်ပွန်းအဖြစ် ဟန်ဆောင်ကာ စပါး (Spa) ဆိုင်ဖွင့်ထားသူ Uttar Pradesh ပြည်နယ်သား Mohammad (အသက် ၃၁) တို့ကို မီဇိုရမ်ရဲတပ်ဖွဲ့က Uttarakhand ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး မေလ ၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။…

Read More

မဏိပူရ်ပြည်နယ်မှာ တိုက်ခိုက်ခံရလို့ ကူကီး ခရစ်ယာန်သင်းအုပ်ဆရာ ၃ ဦး သေဆုံး

မေလ ၁၃ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ကန်ပေါ့ပီ (Kangpokpi) ခရိုင်မှာ ဒီနေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက လက်နက်ကိုင်အဖွဲ့တစ်ခုရဲ့ ကြားဖြတ်ခြုံခိုတိုက်ခိုက်မှုကြောင့် ကူကီးချင်း ခရစ်ယာန်သင်းအုပ်ဆရာ ၃ ဦး သေဆုံးပြီး၊ တခြားလူ ၅ ဦးထက်မနည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။ တိုက်ခိုက်ခံရသူတွေဟာ ချူရာချန်ပူရ် (Churachandpur) မြို့မှာကျင်းပတဲ့ UBC ညီလာခံကနေ ကန်ပေါ့ပီကို မော်တော်ယာဉ်နှစ်စီးနဲ့ ပြန်လာကြတာဖြစ်ပါတယ်။ ကန်ပေါ့ပီခရိုင်အတွင်းရှိ ကော့ဇင် (Kotzim) နဲ့ ကော့လန် (Kotlen) ကျေးရွာကြားအရောက်မှာတော့ အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုက ယာဉ်တွေကို တားဆီးပြီး အတွင်းမှာပါလာသူတွေကို သေနတ်နဲ့ တရစပ် ပစ်ခတ်ခဲ့တာလို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူတွေကတော့ Thadou Baptist Association (TBA)…

Read More

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသမှ လူမျိုးနွယ်စု လူဦးရေထောင်ပေါင်းများစွာ ချင်းပြည်နယ်နဲ့ ရခိုင်ဘက်ကို ထွက်ပြေးခိုလှုံလာနေတယ်လို့ သိရ

မေလ ၁၃ ရက်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသက လူမျိုးနွယ်စုတွေဟာ မြေပြန့်ဒေသက ရွှေ့ပြောင်းမွတ်ဆလင်တွေရဲ့ အကြမ်းဖက်မှုတွေနဲ့ အစိုးရရဲ့ အကာအကွယ်မပေးမှုတွေကြောင့် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဘက်ကို ထွက်ပြေးခိုလှုံနေကြရတယ်လို့ The Diplomat သတင်းဌာနရဲ့ မေလ ၁၂ ရက်နေ့ ဖော်ပြချက်အရ သိရပါတယ်။ စစ်တကောင်း တောင်တန်းဒေသတွင် လူမျိုးနွယ်စု ၁၁ စုရှိပြီး လူဦးရေအားဖြင့် ၈၅၀,၀၀၀ ခန့်ရှိပြီး ဗုဒ္ဓဘာသာ ၊ ခရစ်ယာန်ဘာသာ နဲ့ ဟိန္ဒူ ဘာသာ ကိုးကွယ်ကြတယ်လို့လည်း The Diplomat က ဖော်ပြထားပါတယ်။ စစ်တကောင်း တောင်တန်းဒေသတွင် နေထိုင်ကြတဲ့ လူမျိုးနွယ်စုတွေဟာ မြေပြန့်ဒေသကနေ ရွှေ့ပြောင်းအခြေချ နေထိုင်လာတဲ့ မွတ်ဆလင်တွေရဲ့ အကြမ်းဖက်မှုတွေ နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အကာအကွယ် မပေးမှုတွေကို…

Read More

မလေးရှား CRC ငွေရတုဂျူဗလီမှာ UFC ချန်ပီယံ Joshua Van တက်ရောက်မည်

မေလ ၁၃ ရက်။ မေလ ၂၇ ရက်မှာကျင်းပမယ့် မလေးရှားနိုင်ငံအခြေစိုက် ချင်းဒုက္ခသည်များကော်မတီ (CRC, Malaysia) ရဲ့ ၂၅ နှစ်ပြည့် ငွေရတုဂျူဗလီအခမ်းအနားမှာ UFC Flyweight ကမ္ဘာ့ချန်ပီယံ Joshua Van ပါဝင်တက်ရောက်မှာဖြစ်တယ်လို့ CRC က မေလ ၁၂ ရက်နေ့မှာ တရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ CRC, Malaysia ရဲ့ ထုတ်ပြန်ချက်မှာတော့ “ကျွန်တော်တို့ရဲ့ အံ့သြစရာကောင်းတဲ့ အထူးဧည့်သည်တော်ကြီးတစ်ယောက် ငွေရတုဂျူဗလီမှာ ပါဝင်မှာဖြစ်ပါတယ်။ သူကတော့ UFC Flyweight ကမ္ဘာ့ချန်ပီယံ Joshua ‘The Fearless’ Van ပဲ ဖြစ်ပါတယ်၊ သူဟာ ကျွန်တော်တို့နဲ့အတူ လာရောက်ပူးပေါင်းမှာပါ” ဆိုပြီး ဖော်ပြထားပါတယ်။ လက်ရှိမှာ Joshua Van ဟာ UFC…

Read More

မီဇိုရမ်တွင် တရားရုံးအမိန့်အတုများဖြင့် အကျဉ်းသား ၁၇ ဦးကို ထောင်မှလွှတ်ပေးခဲ့သည့် လိမ်လည်မှုဖြစ်စဥ်ကို ဖော်ထုတ်နိုင်ပြီဖြစ်

မေလ ၁၂ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောခရိုင်ထောင်ကနေ တရားရုံးအမိန့်စာအတုတွေ အသုံးပြုပြီး အကျဉ်းသား ၁၇ ဦးကို မတရားလွှတ်ပေးခဲ့တဲ့ ကြီးမားတဲ့ လိမ်လည်မှုဖြစ်စဥ်ကြီးတစ်ခုလုံးကို ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့က မေလ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့ကမှ စတင်ပေါ်ပေါက်လာတာဖြစ်ပြီး လုံလေ (Lunglei) ခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ အကျဉ်းသားနှစ်ဦးဟာ အာမခံနဲ့ လွတ်မြောက်သွားပြီလို့ မှတ်တမ်းတွေမှာ ပြနေပေမဲ့ တရားရုံးကို လူကိုယ်တိုင် လာရောက်ခြင်းမရှိတာကြောင့် တရားသူကြီးက သံယယဖြစ်ပြီး စုံစမ်းရာကနေ အမိန့်စာအတုတွေ ဖြစ်နေတာကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါအကျဉ်းသားနှစ်ဦးဟာ အိန္ဒိယငွေ ရူပီး ၅၀,၀၀၀ နဲ့ အာမခံရရှိထားတယ်ဆိုတဲ့ တရားရုံးချုပ်နဲ့ ခရိုင်တရားရုံး အမိန့်စာအတုတွေကို တင်ပြပြီး…

Read More

အိန္ဒိယ – မြန်မာနယ်စပ်မှာ မြေကြီးအောက် ဝှက်ထားတဲ့ လက်နက်ခဲယမ်းတချို့ ဖမ်းဆီးရမိ

မေလ ၁၁ ရက်။ အိန္ဒိယ – မြန်မာနယ်စပ် ချင်းပြည်နယ် နယ်စပ် ကျန်ဖိုင်ခရိုင်၊ Saikhumphai ဒေသမှာ အာသံရိုင်ဖယ်တပ်ဖွဲ့က မြေကြီးအောက် ဖွက်ထားတဲ့ လက်နက်ခဲယမ်းတချို့ကို မေလ ၉ ရက်နေ့က တွေ့ရှိဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ဒေသ Bengvarna သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အာသံရိုင်ဖယ်တပ်ဖွဲ့အနေနဲ့ အိန္ဒိယ – မြန်မာနယ်စပ်က ချင်းပြည်နယ် နယ်စပ် ကျန်ဖိုင်ခရိုင်၊ Saikhumphai ဒေသမှာ လက်နက်တွေ ဝှတ်ထားတယ်ဆိုတဲ့ သတင်းရရှိခဲ့လို့ အသေးစိတ်ရှာဖွေစစ်ဆေးမှုတွေ လုပ်ခဲ့ရာ မြေကြီးအောက်မှာ ဝှက်ထားတဲ့ လက်နက်ခဲယမ်းတချို့ကို တွေ့ရှိ သိမ်းဆည်းမိခဲ့တာလို့ ဆိုပါတယ်။ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေက 60 mm မော်တာပြောင်း၊ ဗုံးသီး၊ လက်ပစ်ဗုံး၊ စကားပြောစက်နဲ့ လက်လုပ်မိုင်းတချို့ဖြစ်ပြီး လက်ရှိ လက်နက်ခဲယမ်းတွေကို…

Read More

အိန္ဒိယ-မြန်မာနယ်စပ်အနီး ပစ်ခတ်မှုများဖြစ်ပွား၊ ရွာသား ၁၅ ဦးကို Assam Rifles ကယ်ဆယ်

မေလ ၉ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ကမ်ဂျောင် (Kamjong) ခရိုင်အတွင်းရှိ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်မှာ ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ မနက်အစောပိုင်းက ပြင်းထန်တဲ့ ပစ်ခတ်မှုတွေနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အတွင်း ပိတ်မိနေတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် ဒေသခံရွာသား ၁၅ ဦးကို Assam Rifles တပ်ဖွဲ့ဝင်တွေက ဘေးကင်းရာကို အချိန်မီ ကယ်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ပစ်ခတ်မှုတွေဟာ ခရိုင်အတွင်းက Z Choro ရွာအနီးနဲ့ မြန်မာနိုင်ငံဘက်ခြမ်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းက နမ်လီ (Namlee) ရွာရဲ့ တစ်ဖက်ကမ်း နယ်စပ်တစ်လျှောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်ခဲ့ကြတာပါ။ ဒီတိုက်ခိုက်မှုဟာ မြန်မာနိုင်ငံဘက်ခြမ်းမှာ အခြေစိုက်တဲ့…

Read More