Headlines

ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တို့ရဲ့ထိုးသတ်ပွဲ ဒီဇင်ဘာလ ၇ ရက်မှာ ကျင်းပမယ်

အောက်တိုဘာလ ၁၄ ရက်။ ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ UFC ရဲ့ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Alexandre Pantoja တို့ရဲ့ Flyweight (ဖလိုင်းဝိတ်) ချန်ပီယံခါးပတ်လုပွဲကို လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့မှာကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ UFC က ဒီကနေ့မှာ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကြေညာပါတယ်။ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ UFC 317 ဖလိုင်းဝိတ်တန်းပြိုင်ပွဲမှာ UFC ဖလိုင်းဝိတ်တန်းရဲ့ အဆင့် ၁ နေရာက အမေရိကန်ဖိုက်တာ Brandon Royval ကို အနိုင်ရခဲ့ပြီး UFC ရဲ့ ဖလိုင်းဝိတ်တန်းမှာ Joshua Van…

Read More

ရွေးကောက်ပွဲကို ငြင်းပယ်ဖို့အပါအဝင် အချက် ၅ ချက် ဆောင်ရွက်ပေးရန် အာဆီယံကို NUG၊KNUနဲ့ CNF အပါအဝင် အဖွဲ့ ၂၀ က တောင်းဆို

အောက်တိုဘာလ ၁၂ ရက်။ အာဏာသိမ်းစစ်ကော်မရှင်က ပြုလုပ်မည့် မည်သည့် ရွေးကောက်ပွဲမဆို ငြင်းပယ်ရန်နှင့် အသိအမှတ်မပြုရန် ၊ နိုင်ငံရေးအကျဉ်း သားအားလုံး လွတ်မြောက်ရေး အပါအဝင် အချက် ၅ ချက် ဆေင်ရွက်ပေးရန် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ၊ NUCC နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ချင်းအမျိုးသားတပ်ဦး(CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/IEC )အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များနှင့် အဖွဲ့အစည်းပေါင်း ၂၀ က အောက်တိုဘာလ ၁၁ ရက်မှာ စုပေါင်းပြီး တောင်းဆိုလိုက်ပါတယ်။ မလေးရှားနိုင်ငံ က အာဆီယံဥက္ကဋ္ဌ ဖြစ်လာသည့်အချိန်မှစတင်၍ မြန်မာ့အရေးအတွက် ဖြေရှင်းရေး အတွက် NUG အမျိုး သား ညီညွတ်ရေးအစိုးရ၊ NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ CRPH-ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊…

Read More

မလေးရှားမှာ ချင်းလူငယ်တစ်ဦး မိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်ခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၁၀ ရက်။ မလေးရှားနိုင်ငံ ၊ ဆလန်ဂေါပြည်နယ်၊ Sungai Buloh မှာ အသက် (၁၇)နှစ်အရွယ် ချင်းလူငယ်တစ်ဦးဟာ ဒီကနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၅ နာရီလောက်မှာ မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်ပြီး သေဆုံးလျက်သူ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ နီးစပ်တဲ့သူတစ်ဦးက “ဒီမနက် ၅ နာရီလောက်မှာ စက်ရုံမှာရှိတဲ့ သူ့သူငယ်ချင်းတွေက အိပ်ယာကထတော့ သူ့ကိုမတွေ့လို့လိုက်ရှာတာ စက်ရုံနားမှာဘဲ သူ့ကိုယ်သူ ကြိုးဆွဲချ သေဆုံးတဲ့ အလောင်းကိုတွေ့ကြတယ် သူက မလေးရှားရောက်လာတာလည်း မကြာသေးဘူးလို့ပြောတယ်” လို့ပြောပါတယ်။ မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ ချင်းလူငယ်ဟာ အသက် (၁၇) နှစ်အရွယ်ခန့်သာရှိသေးတဲ့ Chhietu Paw ဖြစ်ပြီး ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဒါရ်လင်းကျေးရွာက မရာ(ချင်း)…

Read More

မလေးရှားမှာ ၁ ရက်အကြာ ပျောက်ဆုံးနေတဲ့ ချင်းအမျိုးသားကို ဒဏ်ရာနဲ့သေဆုံးလျက်ပြန်တွေ့

အောက်တိုဘာလ ၈ ရက်။ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့၊ ပူဒူးမြို့မှာနေထိုင်တဲ့ အသက် ၄၀ နှစ်အရွယ် ချင်းအမျိုးသား ဦးကော်လျာ (U Kaw Lia ) ဟာအောက်တိုဘာလ ၆ ရက်နေ့က နေအိမ်ကနေထွက်ခွာပြီး ၁ ရက်အကြာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး အောက်တိုဘာလ ၇ ရက်နေ့ ညမှာ ဦးခေါင်းနောက်စေ့မှာ ဒဏ်ရာနဲ့ သေဆုံးလျက် အလောင်းကိုသာ နီးစပ်သူတွေက တွေ့ရှိခဲ့ကြတာလို့ သိရပါတယ်။ နီးစပ်သူတစ်ဦးက “ အခုသူတို့နေတဲ့ နေအိမ်နဲ့ အရမ်းကြီးမဝေးတဲ့ ဂိုထောင်လိုလို တနေရာမှာ အလောင်းတွေ့တဲ့ခါ ခေါင်းနောက်စေ့ဒဏ်ရာနဲ့ သွေးတွေ ထွက်တယ်လို့ ပြောတယ် ဆေးစစ်ချက်မရသေးတော့ ဘယ်လိုကြောင့်လဲဆိုတာ အတည်ပြုလို့ မရသေးပေမယ့် အရိုက်ခံရတာလို့ ယူဆကြတယ်” လို့ပြောပါတယ်။ တစ်ရက်အကြာ ပျောက်ဆုံးခဲ့သူ…

Read More

တရားမဝင်နေထိုင်မှုနဲ့ ဖမ်းခံရတဲ့ ချင်းအမျိုးသား ၁၁ ဦးရဲ့ အမူကိုမနက်ဖြန် တရားရုံးတင်မယ်လို့ သိရ

အောက်တိုဘာလ ၇ ရက်။ စက်တင်ဘာလ ၂၅ ရက်နေ့က မလေးရှားနိုင်ငံ ၊ ပါဟန်းပြည်နယ်၊ Raub မြို့နယ်မှာ တရားမဝင်နေထိုင်မှုနဲ့ ဖမ်းဆီးခံရတဲ့ ချင်းလူမျိုးအမျိုးသား ၁၁ ဦးရဲ့အမှုနဲ့ ပတ်သက်ပြီး မနက်ဖြန် အောက်တိုဘာလ ၈ ရက်နေ့ မှာ တရားရုံးတင်မှာဖြစ်တယ်လို့ မလေးရှား မြန်မာ လူမူရေးအသင်း (MMA) ရဲ့ ဒီကနေ့ အောက်တိုဘာလ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဖမ်းဆီးခံရတဲ့ ချင်းအမျိုးသား ၁၁ ဦးတို့ဟာ မင်းတပ်မြို့နယ်က ၆ ဦး၊ ကန်ပက်လက်မြို့နယ်က ၃ ဦး၊ ပလက်ဝမြို့နယ်က ၂ ဦးတို့ဖြစ်ပြီး အဖမ်းဆီးခံရသူတွေထဲမှာ အထောက်အထားရှိသူ ကုလ UN ကဒ်ကိုင်ဆောင်ထားသူ ၃ ဦးသာရှိပြီး ကျန်…

Read More

နောက်ဆုံးပွဲမှာ မြန်မာဖိုက်တာ အောင်လအန်ဆန် အလဲထိုးနိုင်ပွဲနဲ့ အဆုံးသတ်

အောက်တိုဘာလ ၄ ရက်။ မြန်မာ MMAကစားသမား ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ ကစားသမားဘဝသူ့ရဲ့နောက်ဆုံးပွဲမှာ ဆွီဒင်နိုင်ငံသား ဇီဘက်တီယန်ကာဒက်စတမ်ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူပြီး ကစားသမားဘဝကို လှလှပပ အဆုံးသတ်နိုင်ခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ ကစားသမားဘဝသူ့ရဲ့နောက်ဆုံးပွဲအခုပွဲကို ONE Fight Night 36 ရဲ့ ဒုတိယခေါင်ပွဲ မစ်ဒယ်ဝိတ်တန်း MMAပွဲစဉ်အဖြစ် အောက်တိုဘာလ ၄ ရက်မနက်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Lumpinee Stadium မှာ ပြုလုပ်ခဲ့တာပါ။ အောင်လအန်ဆန်ဟာ ၂၀၀၅ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် ပွဲဦးထွက်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ ၁၈ ရက်မှာ ONE Championship ပထမဆုံးပွဲ ထိုးသတ်ခဲ့ပါတယ်။ မြန်မာဖိုက်တာ အောင်လအန်ဆန် ဟာ ONE Championship လက်အောက် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း…

Read More

စစ်ဘေးရှောင်နေရတဲ့ မြန်မာဒုက္ခသည်တွေကို လှူဒါန်းပေးဖို့ နှုတ်ဆက်ပွဲမှာ ပြောသွားတဲ့ မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်

အောက်တိုဘာလ (၄) ရက်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ မှာ အောက်တိုဘာလ (၄) ရက်နေ့ က ကျင်းပတဲ့ ONE Fight Night ပွဲစဉ်မှာ မြန်မာ့ဂုဏ်ဆောင် Burmese Python ကချင်တိုင်းရင်းသား အောင်လအန်ဆန်က သူ့ရဲ့ အားကစားသမားဘ၀ ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲအဖြစ် ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန် ကာဒက်စတမ် ကို ဒုတိယအချီမှာပဲ အလဲထိုးအနိုင်ယူခဲ့ကာ ပြိင်ပွဲပြီးတဲ့နောက် အောက်လအန်ဆန်းက မြန်မာပြည်မှာ စစ်ဘေးရှောင်နေရတဲ့ ဒုက္ခသည်တွေကိုလှူဒါန်းပေးဖို့ ပရိတ်သတ်ကို အခုလို မေတ္တာရပ်ခံစကားပြောခဲ့ပါတယ်။ “ဒီနေရာမှာရှိတဲ့ လူတိုင်းကိုရော၊ မြန်မာပြည်မှာရှိတဲ့ လူတိုင်းကိုပါ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။ ကျေးဇူးပြုပြီးတော့၊ သင့်မှာ ပိုလျှံတဲ့ ငွေကြေးလေးတွေရှိမယ်ဆိုရင်၊ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ (IDP) တွေအတွက် လှူဒါန်းပေးပါ။ IDP တွေကို ကျေးဇူးပြုပြီး…

Read More

မလေးရှားရောက် ချင်းဒုက္ခသည်များအရေး အဖြေရှာပြင်ဆင်မှုများအတွက် အစည်းအဝေးကျင်းပခဲ့တယ်လို့ ထုတ်ပြန်

အောက်တိုဘာလ ၃ ရက်။ မလေးရှားရောက် ချင်းဒုက္ခသည်များအရေး အဖြေရှာပြင်ဆင်မှုများအတွက် မလေးရှားရောက်ချင်းစု‌ပေါင်းအဖွဲ့ (ACR, CRC, DAI နှင့် FRO) မှ ၄ ဖွဲ့ပူးပေါင်း ဦးဆောင်ပြီး နိုင်ငံတကာချင်းအဖွဲ့စည်းခေါင်းဆောင်များ၊မလေးရှားနိုင်ငံအတွင်း အသင်းတော်နှင့်ချင်းအဖွဲ့စည်းခေါင်းဆောင်များအားလုံးတွေ့ဆုံတဲ့ ၂ ရက်ကြာ အစည်းအဝေးကို အောက်တိုဘာလ ၁ ရက်နဲ့၂ ရက်နေ့မှာ ကွာလာလမ်ပူ မြို့မှာ ကျင်းပခဲ့ကြတယ်လို့ ဒီကနေ့ အောက်တိုဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်က လတ်တလော ဖြစ်ပေါ်နေတဲ့ အထောက်ပံ့များလျှော့ချခံနေရသည့် UNHCR ၏အခြေနေများနှင့် ချင်းဒုက္ခသည်များအရေးအဖြေရှာပြင်ဆင်မှုများအတွက်အဓိကထားဆွေးနွေးခဲ့ကြသည့်အပြင်သ‌ ဘောတူဆွေးနွေးချက်များပတ်သက်ပြီးလည်း UNHCR ကိုဆက်လက်သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အစည်းဝေးကြီးကို UK မှ ဆရာ Jeremy Hoipangs နှင့် USA နိုင်ငံမှ…

Read More

မလေးရှားနိုင်ငံမှာ စက်တင်ဘာ ၁ လအတွင်း မြန်မာနိုင်ငံသား ၅၀၁ ဦး ထက်မနည်း ဖမ်းဆီးခံရ

အောက်တိုဘာလ ၁ ရက်။ မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁) လ အတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုကြောင့် ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၅၀၁ ဦးထက်မနည်း ရှိခဲ့တယ်လို့ မလေးရှား – မြန်မာ လူမှုရေးအသင်းအဖွဲ့(MMA)ရဲ့ ဒီကနေ့ အောက်တိုဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ စက်တင်ဘာလ ၁ လအတွင်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ လုပ်ငန်းခွင်အတွင်း နဲ့ နိုင်ငံသားတွေရဲ့ တိုင်ကြားမှုကြောင့် ဖမ်းဆီးခဲ့ နိုင်ငံခြားသား ၂၉၆၃ ဦးထဲမှာ မြန်မာနိုင်ငံသား ၅၀၁ ဦး ပါဝင်ပြီး လက်ရှိဖမ်းဆီးခံရတဲ့ စာရင်းဟာ MMA အဖွဲ့ရဲ့ စုစောင်းရသလောက်သာဖြစ်ပြီး ဒီထက်ပိုပြီး များနိုင်တယ်လို့ ဆိုထားပါတယ်။ အဖမ်းဆီးခံရချိန် အခက်ခဲရောက်နေသူတွေ ၊ တရားရုံးရင်ဆိုင်နေရသူတွေ၊ ရှေ့နေအခက်ခဲရှိသူတွေ၊…

Read More

မလေးရှားထောင်ထဲမှာ ချင်းအမျိုးသားတစ်ဦး တီဘီရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရ

စက်တင်ဘာလ ၃၀ ရက်။ မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ Sungai Buloh ထောင်ထဲမှာ အကျဉ်းကျနေတဲ့ အသက် ၄၄ နှစ်အရွယ် ချင်းအမျိုးသားတစ်ဦး စက်တင်ဘာလ ၂၉ ရက်နေ့မှာ အဆုတ် တီဘီရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသွားသူဟာ ပလက်ဝမြို့နယ် ၊ Lovai ကျေးရွာဇာတိက မရာချင်းအမျိုးသား အသက် ၄၄ နှစ်အရွယ် U Saung Saung လို့လည်း သိရပြီး မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေရင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုနဲ့ ထောင်ကျပြီး အခုလို ထောင်ထဲမှာဘဲ သေဆုံးခဲ့ရတာလို့လည်း သိရပါတယ်။ မလေးရှားရောက် ချင်းအမျိုးသားတစ်ဦးက “ ထောင်ထဲ ဖျားနာနေချိန် ၊ ဆေးကုသခွင့် ရမရတွေနဲ့ ပက်သက်ပြီး ကျနော်လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေကို မေးကြည့်သေးတယ် သူတို့လည်း…

Read More