Headlines

မလေးရှားနိုင်ငံမှာ နိုဝင်ဘာလအတွင်း ချင်းလူမျိုး ၁၄၀ ကျော်အပါအဝင်မြန်မာနိုင်ငံသား ၆၉၃ ဦးဖမ်းဆီးခံရ

ဒီဇင်ဘာလ ၄ ရက်။ မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွင်း ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၆၉၃ ဦးအထဲ ချင်းလူမျိုး ၁၄၀ ကျော်ခန့်လည်း ပါဝင်တယ်လို့ ရွှေ့ပြောင်းမြန်မာတွေအရေးကူညီဆောင်ရွက်ပေးနေတဲ့ Malaysia Myanmar Association – MMA အဖွဲ့ က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ တစ်လအတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုနဲ့ မလေးရှားတစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား ၂၈၀၉ ဦး ရှိပြီး အဲဒီထဲမှာ ရွှေ့ပြောင်းမြန်မာနိုင်ငံသား ၆၉၃ လည်း ဖမ်းဆီးခံရပြီး အဲဒီမှာ ချင်းလူမျိုး ၁၄၀ ကျော်ခန့်လည်း ဖမ်းဆီးခံရတယ်လို့ MMA အဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လက်ရှိဖမ်းဆီးခံရတဲ့စာရင်းဟာ MMA အဖွဲ့ရဲ့…

Read More

အိန္ဒိယ (မီဇိုရမ်) – မြန်မာ ( ပလက်ဝ) နယ်စပ်ဝင်ထွက်သွားလာခွင့် ပြန်ဖွင့်ပေးပြီ

နို၀င်ဘာလ ၂၅ ရက်။ ပြင်းထန်တဲ့ ကူးစက်ဝမ်းရောဂါကြောင့် နိုဝင်ဘာလ ၁၂ ရက်နေ့ကစလို့ ယာယီပိတ်ထားတဲ့ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် နဲ့ မြန်မာနိုင်ငံ၊ချင်းပြည်နယ်၊ ပလက်ဝအကြားရှိ နယ်စပ်ဝင်ထွက်သွားလာခွင့်ကို နိုဝင်ဘာလ ၂၄ ရက်နေ့လောက်ကစလို့ ပြန်ဖွင့်လိုက်ပြီလို့ ပလက်ဝဒေသခံတွေဆီကနေ သိရပါတယ်။ အိန္ဒိယနယ်စပ်မှာနေထိုင်တဲ့ ပလက်ဝဒေသခံတစ်ဦးက “မနေ့ကစလို့ ထင်တယ် လော့ဒေါင်းတွေ ပြန်ဖွင့်လိုက်တာ ပလက်ဝဘက်ပြန်မယ့်သူတွေ ပြန်ဖို့ လုပ်တာတွေ ရှိတယ် ကျနော်အသိတွေ ဒီအခုက ဝမ်းရောဂါလည်း သက်သာသွားတဲ့ အခြေအနေမျိုးရှိလို့ ဖြစ်မယ် ဘယ်နေ့ကစလို့ အခုလို ပြန်ခွင့်ပြုတာလည်းဆိုတာ ရက်တိကျတော့ မသိလိုက်ဘူး မနေ့လောက်ကနေ ခွင့်ပြုတာထင်တယ်” လို့ပြောပါတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊လောင်တလိုင်ခရိုင်၊ ကာကီကျေးရွာ၊ တွီဒန်းကျေးရွာ လုံတင်းကျေးရွာတွေမှာ နိုဝင်ဘာလဆန်းလောက်ကနေ စပြီး ပြင်းထန်တဲ့…

Read More

အမေရိကန်မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၄,၀၀၀ နီးပါးအား ယာယီခိုလှုံခွင့်ပေးထားမှုကို ရပ်စဲ

နို၀င်ဘာလ ၂၅ ရက်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေများ တိုးတက်လာပြီ ယူဆချက်ကြောင့် အမေရိကန်ပြည်ထောင်စုသို့ စစ်အာဏာသိမ်းမှု အပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေမတည်မငြိမ်ဖြစ်မှုများကြောင့် ခိုလှုံရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများအား ယာယီခိုလှုံခွင့်အဆင့် (Temporary Protected Status – TPS) ပေးထားမှုကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့ တွင် အပြီးသတ် ရပ်စဲတော့မှာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံသားများအား ယာယီခိုလှုံခွင့်အကာအကွယ်အဆင့် (TPS) ပေးထားခြင်းကို ရပ်ဆိုင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေများ တိုးတက်လာပြီ ဟူသော ယူဆချက်အမြင်ကြောင့်ဖြစ်ကြောင်း Department of Homeland Security (DHS) အတွင်းရေးမှူး Kristi…

Read More

ပြင်းထန်ကူးစက်ဝမ်းရောဂါကြောင့် လူ သေဆုံးမှုရှိလာတာကြောင့် အိန္ဒိယ(မီဇိုရမ်) – မြန်မာ(ပလက်၀)နယ်စပ် ဝင်ထွက်သွားလာခွင့် ပိတ်ထားတယ်လို့ သိရ

နို၀င်ဘာလ ၁၄ ရက်။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှာ နိုဝင်ဘာလဆန်းကနေ ပြင်းထန်တဲ့ ကူးစက်ဝမ်းရောဂါဖြစ်ပွားခဲ့ကာ လူသေဆုံးမှုရှိလာတာကြောင့် အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ ချင်းပြည်နယ်၊ ပလက်ဝအကြားရှိ နယ်စပ်ဝင်ထွက်သွားလာခွင့်ကို နိုဝင်ဘာလ ၁၂ ရက်နေ့ကစလို့ ပလက်၀မြို့နယ်ကိုထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (ULA/ AA )ဘက်က ယာယီ ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။ နယ်စပ်မှာ နေထိုင်တဲ့ ပလက်ဝဒေသခံတစ်ဦးက “အခုက ကာကီမှာ ဝမ်းရောဂါကြောင့် သေဆုံးလူနာတွေ ကူးစက်ဖြစ်ပွားမှု များတာတွေကြောင့် မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်၊ တွီတင်း၊ ကာကီရွာနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အကြားကို ULA / AA ဘက်က ၁၂ ရက်နေ့ကစလို့ ယာယီပိတ်ထားတယ်လို့ ကြားပါတယ် ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝတိုက်နယ်က ULA/ AA…

Read More

မလေးရှားမှာ ချင်းအမျိုးသားနေ့မှာ ချင်းအမျိုးသားအလံနှင့်အတူ နိုင်ငံရေးဆိုင်ရာ (သို့) အဖွဲ့အစည်းဆိုင်ရာ အလံတွေနဲ့ ကျင်းပတာကြောင့် လာမယ့်နှစ်ကျင်းပမယ့် ချင်းအမျိုးသားနေ့မှာ မပါဝင်တော့ဘူးလို့ CEAM အသိပေးထုတ်ပြန်

နိုဝင်ဘာလ ၁၀ ရက်။ မလေးရှားနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ ချင်းအမျိုးသားနေ့မှာ ချင်းအမျိုးသားအလံနဲ့အတူ နိုင်ငံရေးဆိုင်ရာ (သို့မဟုတ်) အဖွဲ့အစည်းဆိုင်ရာ အလံတွေကို လွှင့်ထူပြသတာတွေ ကျင်းပတာတွေကြောင့် လာမယ့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျရောက်မယ့်(၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့မှာ မပါဝင်တော့ဘူးလို့ မလေးရှားချိုလူမျိုးစုအသင်း (CEAM) က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လတ်တလောနှစ်တွေမှာ မလေးရှားနိုင်ငံတွင် ကျင်းပတဲ့ ချင်းအမျိုးသားနေ့အခမ်းအနားတွေမှာ ချင်းအမျိုးသားအလံနှင့်အတူ နိုင်ငံရေးဆိုင်ရာ (သို့မဟုတ်) အဖွဲ့အစည်းဆိုင်ရာ အလံတွေကို တပြိုင်တည်းလွှင့်ထူပြသခြင်းကို ထပ်ခါတလဲလဲ ကျင့်သုံးလာတဲ့ အလေ့အထတစ်ခုဖြစ်လာသလို လာမယ့်နှစ် အခမ်းအနားတွင်လည်း ဒီအလေ့အထကို ဆက်လက်ကျင့်သုံးဖို့ ဆုံးဖြတ်ထားတဲ့အတွက် အသိုင်းအဝိုင်းတွေပေါ် သက်ရောက်မှုရှိတဲ့ နိုင်ငံရေးဆိုင်ရာ ကွဲလွဲမှုတွေကို အလေးအနက် သုံးသပ်ကာ ယနှစ်…

Read More

ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်း နဲ့ ထိုင်းဖိုက်တာ တို့ One Championship ပွဲ အောက်တိုဘာလ ၂၄ ရက်ညမှာ ယှဉ်ပြိုင်ထိုးသတ်မယ်

အောက်တိုဘာလ ၂၂ ရက်။ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ အောက်တိုဘာလ ၂၄ ရက်ညမှာ ကျင်းပပြုလုပ်မယ့် One Championship , One Friday Flight – 130 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု အသက် ၁၉ နှစ်အရွယ် ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်းနဲ့ ထိုင်းဖိုက်တာ ဆောင်ချိုင်နွိုင်တို့ ယှဉ်ပြိုင်ထိုးသတ်သွားကြမှာဖြစ်ပါတယ်။ ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်း ဟာ မြန်မာရိုးရာလက်ဝှေ့မှာ လက်ဆပြင်းသူဖြစ်ပြီး One Championship ပြိုင်ပွဲမှာ သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်ထိုးရမယ့်ပွဲဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် ၊ အရပ် ၅ ပေ ၄ လက်မရှိတဲ့ မြန်မာကိုယ်စားပြု ချင်းဖိုက်တာ ဆလိုင်းထန်းခွီရှိန်းဟာ သူ့ရဲ့ ပထမဆုံး ပွဲဦးထွက် One Championship ပြိုင်ပွဲမှာ…

Read More

ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေးနဲ့ ဂျပန်ဖိုက်တာ One Championship ပွဲ ယှဉ်ပြိုင်ထိုးသတ်မယ်

အောက်တိုဘာလ ၁၆ ရက်။ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့မှာ မနက်ဖြန် အောက်တိုဘာလ ၁၇ ရက်ညမှာ ကျင်းပပြုလုပ်မယ့် One Championship , One Firday Fight 129 ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေးနဲ့ ဂျပန်ဖိုက်တာ ဟာယူယူကီတာနစ်ဆု တို့ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။ ဂျပန်ဖိုက်တာ ကစားသမား ဟာယူယူကီတာနစ်ဆုဟာ One Championship မှာပြိုင်ပွဲပေါင်း ၅ ပွဲထိုးထားပြီး ၄ ပွဲနိုင်၊ ၁ ပွဲရှုံး ဆိုတဲ့ ရလဒ်ပိုင်ဆိုင်ထားသူဖြစ်ပြီး အတွေ့ကြုံရှိကစားသမားလည်းဖြစ်လို့ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အာက်ချင်းလေး အတွက်တော့ ခက်ခဲမဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။ ချင်းလူငယ်ဖိုက်တာ ဟာလိန်းအွမ် (ခ) အောက်ချင်းလေး ကတော့ One…

Read More

မလေးရှားနိုင်ငံမှာ ချင်းအချင်းချင်း ဓားထိုးသတ်မှုဖြစ်ခဲ့ပြီး အသက် ၅၀ အရွယ် ချင်းအမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သိရ

အောက်တိုဘာလ ၁၅ ရက်။ မလေးရှားနိုင်ငံ၊ ကင်မရွန်ဟိုက်လန်းရှိ စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ချင်းအမျိုးသား အချင်းချင်း အောက်တိုဘာလ ၁၃ ရက်နေ့ညက ဓားထိုးသတ်မှုဖြစ်ခဲ့ပြီး မင်းတပ်မြို့နယ်က အသက် (၅၀ ) နှစ်အရွယ် ချင်းအမျိုးသား တစ်ဦး လည်ပင်းဒဏ်ရာနဲ့ သေဆုံးသွားခဲ့တယ်လို့ နီးစပ်သူတွေ ပြောပြချက်အရ သိရပါတယ်။ ဓားထိုးသတ်ခံရတဲ့ အသက် (၅၀) အရွယ် ချင်းအမျိုးသားဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် မလိုင်ကျေးရွာသားလို့ သိရပြီး သူ့ကိုသတ်သွားသူ ေတွဟာ သူအလုပ်သွင်းပေးတဲ့၂ယောက်ဖြစ်ပြီး အလုပ်အဆင်မပြေဘူးပြောလို့ပြန်သွားခေါ်ပြီး သူအိမ်မှာထားကာ သူအိပ်ချိန် ဓားနဲ့ ထိုးသတ်ခံရတာလို့ သိရပါတယ်။ အခြေအနေသိရှိသူတစ်ဦးပြောတာက “ သတ်တဲ့သူတွေက မကွေးတိုင်းဘက်က ချင်းတွေပေါ့ သူတို့က မလေးရှားရောက်တာလည်း မကြာသေးဘူးလို့ သိရတယ် ဒီဓားထိုးခံရတဲ့ အစ်ကိုက စိတ်ရင်းကောင်းတဲ့သူလို့…

Read More

ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တို့ရဲ့ထိုးသတ်ပွဲ ဒီဇင်ဘာလ ၇ ရက်မှာ ကျင်းပမယ်

အောက်တိုဘာလ ၁၄ ရက်။ ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ UFC ရဲ့ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Alexandre Pantoja တို့ရဲ့ Flyweight (ဖလိုင်းဝိတ်) ချန်ပီယံခါးပတ်လုပွဲကို လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့မှာကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ UFC က ဒီကနေ့မှာ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ကြေညာပါတယ်။ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့က ကျင်းပခဲ့တဲ့ UFC 317 ဖလိုင်းဝိတ်တန်းပြိုင်ပွဲမှာ UFC ဖလိုင်းဝိတ်တန်းရဲ့ အဆင့် ၁ နေရာက အမေရိကန်ဖိုက်တာ Brandon Royval ကို အနိုင်ရခဲ့ပြီး UFC ရဲ့ ဖလိုင်းဝိတ်တန်းမှာ Joshua Van…

Read More

ရွေးကောက်ပွဲကို ငြင်းပယ်ဖို့အပါအဝင် အချက် ၅ ချက် ဆောင်ရွက်ပေးရန် အာဆီယံကို NUG၊KNUနဲ့ CNF အပါအဝင် အဖွဲ့ ၂၀ က တောင်းဆို

အောက်တိုဘာလ ၁၂ ရက်။ အာဏာသိမ်းစစ်ကော်မရှင်က ပြုလုပ်မည့် မည်သည့် ရွေးကောက်ပွဲမဆို ငြင်းပယ်ရန်နှင့် အသိအမှတ်မပြုရန် ၊ နိုင်ငံရေးအကျဉ်း သားအားလုံး လွတ်မြောက်ရေး အပါအဝင် အချက် ၅ ချက် ဆေင်ရွက်ပေးရန် အရှေ့တောင်အာရှနိုင်ငံများအသင်း(ASEAN)ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ၊ NUCC နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ချင်းအမျိုးသားတပ်ဦး(CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/IEC )အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များနှင့် အဖွဲ့အစည်းပေါင်း ၂၀ က အောက်တိုဘာလ ၁၁ ရက်မှာ စုပေါင်းပြီး တောင်းဆိုလိုက်ပါတယ်။ မလေးရှားနိုင်ငံ က အာဆီယံဥက္ကဋ္ဌ ဖြစ်လာသည့်အချိန်မှစတင်၍ မြန်မာ့အရေးအတွက် ဖြေရှင်းရေး အတွက် NUG အမျိုး သား ညီညွတ်ရေးအစိုးရ၊ NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ CRPH-ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊…

Read More