Headlines

မီဇိုရမ်ပြည်ကနေ မြန်မာနိုင်ငံဘက်ကို ဓာတ်မြေသြဇာ ရောင်းချတာ၊ တင်သွင်းတာတွေ မလုပ်ဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ပြန်

စက်တင်ဘာလ ၁၈ ရက်။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေ မြန်မာနိုင်ငံဘက်ကို ဓာတ်မြေသြဇာတင်သွင်းတာတွေ မလုပ်ဖို့ အာဏာပိုင်တွေက စက်တင်ဘာလ ၁၆ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။ လောင်တလိုင်မြို့မှာနေထိုင်သူ ဒေသခံတစ်ဦးက “ဓာတ်မြေသြဇာက မိုင်းအတွက် အသုံးပြုတယ်ဆိုတာမျိုး လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးက သတင်းကြားလို့ထင်တယ် ကုန်ပစ္စည်းတော်တော်များများကလည်း ပလက်ဝကနေ တဆင့် ရခိုင်ဘက် သယ်ယူနေတာဆိုတော့ ဒီဓာတ်မြေသြဇာသယ်ယူတာတွေကို ပိတ်တာဖြစ်တယ်” လို့ပြောပါတယ်။ ဒီတားမြစ်ချက်ဟာ ၂ လအတွင်း အကျုံးဝင်မှာဖြစ်ပြီး သယ်ယူတာလုပ်တဲ့သူတွေကို လိုင်စင်သိမ်းတာ၊ ကားသိမ်းတွေ အပြင် စတဲ့ အရေးယူမှုတွေကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း လောင်တလိုင်ခရိုင်က အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ထားပါတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့ကနေ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်း၊ ကုလားတန်မြစ်ကမ်းတွေကနေတဆင့် ကုန်ပစ္စည်းတွေ…

Read More

UNHCR ကဒ် မတရားသိမ်းခံရပြီး ဒီကနေ့ချိန်ထိ မရသေးတဲ့ ချင်းဒုက္ခသည်တွေ နာမည်စာရင်းပေးအပ်ဖို့ အသိပေး

စက်တင်ဘာလ ၁၇ ရက်။ မလေးရှားနိုင်ငံမှာ UNHCR ရဲ့ Chin Cessation policy ခေါ် ချင်းဒုက္ခသည်များ ဒုက္ခသည်အဖြစ်မှ ရပ်ဆဲခြင်းကာလ ၂၀၁၇ ၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်အတွင်း UNHCR ကဒ် မတရားသိမ်းခံရပြီး ကဒ်ပြန်ပေးရန် အဖွဲ့အစည်းအသီးသီးမှ အသနားခံစာတင်ထားသော်လည်း ဒီကနေ့ချိန်ထိ မရသေးတဲ့ မလေးရှားရောက် ချင်းဒုက္ခသည်တွေ အနေနဲ့ သက်ဆိုင်ရာချင်းအဖွဲ့အစည်းတွေဆီကနေ နာမည်စာရင်း နဲ့ လက်ရှိကိုင်ဆောင်တဲ့ ဖုန်းနံပတ်တွေပေးဖို့ မလေးရှားရှိ ချင်းအဖွဲ့အစည်းအသီးသီးက အသိပေးထုတ်ပြန်ထားပါတယ်။ Dai Community in Malaysia က တာဝန်ရှိသူတစ်ဦးက “အဖွဲ့အစည်းတိုင်းရဲ့ ရုံး Email ကနေတဆင့် အရင်က ချင်းဒုက္ခသည်ကဒ်သိမ်းခံရပြီး ပြန်မရတဲ့သူတွေရှိရင် နာမည်စာရင်းပေးပို့ဖို့ UN ရုံးဘက်က လာတောင်းလို့ဖြစ်တယ်။ ခုနှစ်တော့…

Read More

မီဇိုရမ်ပြည်က ပလက်ဝစစ်ဘေးရှောင်တွေရဲ့တောင်ယာစပါးခင်းတွေ ကြွက်တွေဖျက်ဆီးတာခံရ

စက်တင်ဘာလ ၁၂ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ တွီဒန်းကျေးရွာမှာခိုလှုံတဲ့ ပလက်ဝစစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေရဲ့ တောင်ယာစပါးတွေကို ကြွက်တွေက အစုလိုက်အပြုံလိုက် ဖျက်ဆီးနေလို့ စားနပ်ရိက္ခာအတွက် စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေပြောဆိုချက်အရ သိရပါတယ်။ စစ်ဘေးရှောင် ပလက်ဝဒေသခံတစ်ဦးက “တွီဒန်းမှာ ပလက်ဝစစ်ဘေးရှောင် နဲ့ ရွာကဒေသခံတောင်ယာစပါးတွေကို ကြွက်တွေက စားသောက်ဖျက်ဆီးတာ တော်တော်လေးအခြေအနေဆိုးတယ်လို့ပြောတယ် တချို့ဆို တောင်ယာတစ်ခုလုံးပျက်စီးတာမျိုးလည်းရှိတယ် အခုက စပါးမှည့်ချိန်ဆိုတော့ မှည့်တဲ့စပါးတွေဆို ကြွတ်တွေက အကုန်ဖျက်စီးသွားတယ် မမှည့်တဲ့ဟာတွေလောက်ပဲ ကျန်တယ် ၉ လပိုင်း နဲ့ ၁၀ လပိုင်းက စပါးရိတ်သိမ်းချိန်မှာ အခုလို စပါးတွေ အဖျက်ဆီးခံရတော့ သူတို့မှာ စားနပ်ရိက္ခာအတွက်လည်း” လို့ပြောပါတယ်။ တောင်ယာစပါးတွေဟာ သြဂုတ်လကုန်ပိုင်းကတည်းကနေစလို့ မှည့်လာတဲ့ချိန် ကြွက်တွေရဲ့ စားသောက်ဖျက်ဆီးတာခံရတာဖြစ်ပြီး ဒေသခံအိမ်ခြေ ၁၅၀ ကျော်နဲ့…

Read More

မလေးရှားမှာ လူသတ်မှုကျူးလွန်ခဲ့တဲ့ ချင်းအမျိုးသားတစ်ဦးကို ပထမအကြိမ် ရုံးထုတ် စစ်ဆေးနေပြီလို့သိရ

စက်တင်ဘာလ ၁၁ ရက်။ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့မှာ လူသတ်မှုကျူးလွန်ခဲ့တဲ့ ချင်းအမျိုးသားတစ်ဦးကို စက်တင်ဘာလ ၉ ရက်နေ့က ပထမအကြိမ် ရုံးထုတ်ပြီး အမှုကြားနာ စစ်ဆေးတာတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ Dai Community in Malaysia ကတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်နေ့က ကွာလာလမ်ပူမြို့၊ Kotaraya , Jalan Silang မှာ မြိုချင်းအမျိုးသားတစ်ဦးကို အသက် ၃၀ ဝန်းကျင်အရွယ်ရှိတဲ့ ဒိုင်ရ်(ချင်း) အမျိုးသားက ဓားထိုးမှုကျူးလွန်ခဲ့ပြီး ဓားထိုးခံရတဲ့ မြို(ချင်း) အမျိုးသားဟာ သေဆုံးသွားခဲ့ပါတယ်။ Dai Community in Malaysia က တာဝန်ရှိသူတစ်ဦးက “အမှုဖြစ်သွားတာက ပြီးခဲ့တဲ့ ၂ ပတ်ကျော်လောက်ကဖြစ်တယ် ကျူးလွန်သူက ရှောင်နေတော့…

Read More

မီဇိုရမ်ပြည်မှာ မူးယစ်ဆေးဝါးနဲ့အတူဖမ်းဆီးခံရလို့ ထွက်ပြေးခဲ့တဲ့ ချင်းအမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရ

စက်တင်ဘာလ ၁၀ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ ပန်ခွားရွာမှာ မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးခံရတဲ့ ချင်းအမျိုးသားတစ်ဦးဟာ ထွက်ပြေးစဉ် အိန္ဒိယ – မြန်မာ နယ်စပ် Tio ချောင်းမှာ ရေနစ်သေဆုံးလျက်အလောင်းကို စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ရေနစ်သေဆုံးခဲ့တဲ့ ချင်းအမျိုးသားဟာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် Salen ကျေးရွာက ဦးရွှေကျုံးဖြစ်ပြီး ၎င်းယာဉ်မောင်းနဲ့အတူ စက်တင်ဘာလ ၄ ရက်နေ့မှာ လောင်တလိုင်ခရိုင်၊ ပန်ခွားကျေးရွာမှာ မူးယစ်ဆေးဝါးသယ်ဆောင်မှုဖြင့် ဖမ်းဆီးခံရစဉ် ထွက်ပြေးခဲ့တာလို့ သိရပါတယ်။ အခြေနေသိရှိသူတစ်ဦးက “ဖမ်းဆီးမိတဲ့နေ့ကတည်းက ထွက်ပြေးတာလို့သိရတယ် အဲဒီလမ်းတလျောက် ဂိတ်တွေကလည်းချထားတော့ သူက တောလမ်းကနေ ထွက်ပြေးတာလို့ပြောတယ် အဲဒါမနေ့က Vartekkai ရွာချောင်းမှာ ဒဏ်ရာများစွာနဲ့ သူ့လောင်းကို တွေ့ကြတယ်လို့ သိရတယ်”…

Read More

မလေးရှားမှာ မနေ့ညက အထောက်ထားမဲ့ မြန်မာနိုင်ငံသား ၄၁ ဦး အပါအဝင် နိုင်ငံခြားသား ၅၅ ဦး ကိုဖမ်းဆီး

စက်တင်ဘာလ ၉ ရက်။ မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ပူချွန်းမာရှိ အစားအသောက်ဆိုင်တန်းကို မနေ့စက်တင်ဘာလ ၈ ရက်နေ့က မလေးရှားအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အထောက်ထားမဲ့ နိုင်ငံခြားသား ၅၅ ဦး ဖမ်းဆီးမိတဲ့အထဲ မြန်မာနိုင်ငံသား ၄၁ ဦးပါဝင်တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဒီကနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပူချွန်မြို့ရှိ အစားအသောက်ဆိုင်တန်းကို မနေ့က ၁ နာရီခန့်အကြာ နိုင်ငံခြားသား ၆၀ ဦးနဲ့ ပြည်တွင်းနိုင်ငံသား ၂၇၄ ဦး စုစုပေါင်း ၃၃၄ ဦးတို့ကို စစ်ဆေးမှုပြုလုပ်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသား ၇ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃ ဦး၊ မြန်မာနိုင်ငံသား ၄၁ ဦးနဲ့ ပါကစ္စတန်နိုင်ငံသား ၁ ဦးနဲ့ ဗီယက်နမ်နိုင်ငံသား ၃…

Read More

သန်းချီတဲ့ မြန်မာပြည်သူတွေရဲ့ ခံစားချက်နဲ့ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတဲ့ အလောင်းတွေ အပေါ်မှာလုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ကုလသမဂ္ဂမှာ CHRO တိုက်တွန်း

စက်တင်ဘာလ ၉ ရက်။ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ သန်းနဲ့ချီတဲ့ မြန်မာပြည်သူတွေရဲ့ ခံစားချက်နဲ့ အသက်ပေါင်း များစွာ ပေးဆပ်ခဲ့ရတဲ့ အလောင်းတွေအပေါ်မှာ လုပ်မယ့် ရွေးကောက်ပွဲဖြစ်တဲ့အတွက် တရား၀င် အဖြစ် အသိအမှတ်မပြုဖို့ ၆၀ ကြိမ်မြောက်ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအ‌‌ေ၀းမှာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်း ကပြောကြားခဲ့ပါတယ်။ ဆလိုင်းဇအုပ်လိန်းက “ဒီလိုလုပ်တာဟာ အခြေအနေကို ပိုဆိုးစေပြီး ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ပိုမိုပြင်းထန်လာစေကာ နှစ်ပေါင်းများစွာ ပိုပြီး ဆင်းရဲဒုက္ခရောက်စေမှာပါ။ ဒါကြောင့် ဒီရွေးကောက်ပွဲကို တရားဝင်အဖြစ် အသိအမှတ်မပြုပါနဲ့” လို့ ပြောကြားခဲ့ပါတယ်။ စစ်ကောင်စီဟာ အာဆီယံရဲ့ သဘောတူညီတဲ့ အချက်တွေထဲက အခြေခံအကျဆုံးဖြစ်တဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ဆိုတဲ့ ပထမဆုံးအချက်ကိုတောင် အကောင်အထည်မဖော်နိုင်တဲ့အပြင် အဲဒီသဘောတူညီချက် ငါးချက်ထဲမှာလည်းရွေးကောက်ပွဲအကြောင်း ဘာတစ်ခုမှထည့်သွင်းထားခြင်းမရှိကြောင်း၊ စစ်ကောင်စီဟာ…

Read More

မြန်မာ နယ်စပ် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်၊ ချမ်ဒူပါရွာမှာ လက်နက်ခဲယမ်းများ ထပ်မံဖမ်းဆီးရမိ

စက်တင်ဘာလ ၄ ရက်။ မြန်မာနိုင်ငံ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ဩဂုတ်လ ၂၉ ရက်နေ့ အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်တွေက လက်နက်ခဲယမ်းအများအပြား ဖမ်းဆီးရမိပြီး နောက် မကြာမီအတွင်း ချမ်ဒူပါရွာမှာ သံသယရှိသူတစ်ဦးနဲ့အတူ လက်နက်ခဲယမ်းများ ထပ်မံဖမ်းဆီးထားတယ်လို့ India Today Media က ဒီကနေ့စက်တင်ဘာလ ၄ ရက်မှာ ဖော်ပြပါတယ်။ တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ စက်တင်ဘာ ၂ ရက်နေ့က လက်နက်နဲ့ ခဲယမ်းတွေ မှောင်ခိုကူးနေတယ်လို့ သတင်းရတာကြောင့် စစ်ဆင်ရေးတစ်ခုလုပ်ခဲ့ရာ သံသယရှိသူတစ်ဦးစစ်ဆေးခဲ့ရာ ၄င်းနဲ့အတူ .22 လေရိုင်ဖယ်တစ်လက်၊ .22 single-barrel သေးငယ်တဲ့ ရိုင်ဖယ်တစ်လက် (နိုင်ငံခြားလုပ်)၊ .22 ကျည်အိမ်နှစ်ခုနဲ့ .22 ကျည်ဆယ်တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး  ဖမ်းမိတဲ့ပစ္စည်းတွေနဲ့ သံသယရှိသူကို ထပ်မံစစ်ဆေးဖို့အတွက် လောင်တလိုင်ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ မီဇိုရမ်ပြည်နယ်၊ ချမ်ဖိုင်းခရိုင်မှာ လက်နက်အများအပြား ဖမ်းဆီးရမိပြီး ရက်အနည်းငယ်အကြာမှာ…

Read More

မြန်မာနိုင်ငံကနေ မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးမှောင်ခိုကူးမှု တိုက်ဖျက်ရေး ၄ လကြာ အထူးစစ်ဆင်ရေးစတင်

စက်တင်ဘာလ ၃ ရက်။ မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးမှောင်ခိုကူးမှုတိုက်ဖျက်ရေး အတွက် ၄ လကြာ အထူးစီမံချက်တစ်ခုကို စက်တင်ဘာလ (၁) ရက်ကနေစတင်ပြီဖြစ်တယ်လို့ မီဇိုရမ်ပြည်နယ်က ရဲအရာရှိတစ်ဦးပြောကြားကြောင်း India Today သတင်းဌာနက ဖော်ပြပါတယ်။ အခုမူးယစ်ဆေးဝါးမှောင်ခိုမှုတိုက်ဖျက်ရေး အထူးစစ်ဆင်ရေးကို စက်တာဘာလ (၁) ရက်နေ့ကနေ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီစစ်ဆင်ရေးမှာ ပြည်နယ်ရဲတပ်ဖွဲ့အပြင် အကောက်ခွန်၊ မူးယစ်ဆေးဝါးဌာနနဲ့ မီဇိုရမ်ပြည်နယ်ရဲ့ အရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ Young Mizo Association (YMA) တို့ ပူးပေါင်းပါဝင်မှာဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီး K Sapdanga က မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ မှောင်ခိုသမားတွေဟာ ခိုးမှုနဲ့တခြားပြစ်မှုတွေမှာ ပါဝင်နေတာကြောင့် လူ့အဖွဲ့အစည်းအတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့စစ်ဆေးရေးအရာရှိချုပ် H…

Read More

မြန်မာဖက်ကိုပို့မယ့် လက်နက်ခဲယမ်းများ မီဇိုရမ်ပြည်နယ်မှာဖမ်းမိ

ဩဂုတ်လ ၃၁ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်၊ ဆိုင်းကမ်းဖိုင်းရွာမှာထောက်လှမ်းရေးသတင်းအရ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တွေက စစ်ဆင်ရေးပြုလုပ်ခဲ့ရာ မြန်မာနယ်စပ်ဖက်ကို တင်ပို့မယ်လို့ ယူဆရတဲ့ လက်နက်ကြီး၊ လက်နက်ငယ်၊ ဖောက်ခွဲရေးပစ္စည်းနဲ့ စစ်သုံးပစ္စည်း အမြောက်အများနဲ့ အတူ လူတစ်ဦး ကို ဖမ်းဆီးရမိတယ်လို့ ဩဂုတ်လ (၃၁) ရက်နေ့မှာ India Today Media ကဖော်ပြပါတယ်။ ထောက်လှမ်းရေးအဖွဲ့အနေနဲ့ သတင်းအတိအကျရထားတဲ့အတွက် တပ်ဖွဲ့ဝင်တွေက သံသယရှိတဲ့အိမ်တစ်အိမ်ကို ဝိုင်းထားပြီး စစ်ဆေးရှာဖွေခဲ့ရာမှာ ၁၂-ဘို့ရိုင်ဖယ်တစ်လက်၊ ပစ္စတိုတစ်လက်၊ ခဲယမ်းတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို တွေ့ရှိခဲ့တဲ့အတွက် အိမ်ပိုင်ရှင်ကို ဖမ်းဆီးခဲ့ပြီး ဘေးပတ်ဝန်းကျင်က တောအုပ်ထဲမှာ ဆက်လက်ရှာဖွေတဲ့အခါ ဝှက်ထားတဲ့ လက်နက်ပစ္စည်းတွေကို ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေထဲမှာ Heckler & Koch G3 ချေမှုန်းရေးရိုင်ဖယ်တစ်လက်၊ Springfield…

Read More