ချင်းလက်နက်ကိုင်အဖွဲ့များအချင်းချင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် တစ်လျှောက် လုံခြုံရေး တိုးမြှင့်ချထား
ဇူလိုင်လ ၁၀ ရက်။ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့မှာ ဇူလိုင် ၄ရက်နဲ့ ၅ ရက်မှာ CNO/ CNDF နဲ့ CDF – Hualngoram တို့တိုက်ပွဲဖြစ်ပွားပြီးနောက် အိန္ဒိယဖက်ခြမ်း၊ မီဇိုရမ်ပြည်နယ် နယ်စပ်တစ်လျှောက် မီဇိုရမ်ပြည်နယ်ရဲ တပ်ဖွဲ့နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့တို့ကို လုံခြုံရေးတိုးမြှင့်ချထားပြီး အထူးသတိဖြင့်ရှိကြရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီး Pu K Sapdanga ကအတည်ပြုပြောကြားခဲ့တယ်လို့ ဇူလိုင် (၉) ရက်နေ့မှာ India Today သတင်းဌာနက ဖော်ပြပါတယ်။ ချင်းလက်နက်ကိုင်တစ်ဖွဲ့နှစ်ဖွဲ့ကြားတိုက်ပွဲပြင်းထန်ခဲ့တာကြောင့် ရိခေါဒါရ်မြို့Khawmawi နဲ့ အနီးအနားရှိ ဒေသများမှ ဒေသခံ ဒုက္ခသည် ၃၀၀၀ နီးပါး ဇိုခေါထာရ်မှာခိုလှုံလျက်ရှိပြီး ထိုမှတစ်ဆင့် အချို့မှာ အခြား မီဇိုရမ်ပြည်နယ်တွင်းက အခြားမြို့များမှာ ဆက်လက်ထွက်ပြေးတိမ်းရှောင်မှုများရှိနေပါတယ်။ ဒါကြောင့် မီဇိုရမ်ပြည်ထဲရေးဝန်ကြီးက…

