Headlines

ကူကီး အမျိုးသမီး အသတ်ခံရမှုအပေါ်  မဏိပူရ်ပြည်နယ်ခရိုင် ၃ ခု မှာ လုပ်ငန်းများ ရပ်ဆိုင်းကာ ဆန္ဒထုတ်ဖော်

ဇွန်လ ၂၁ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ ဒေသခံ ကူကီး/ဇို/ချင်းအမျိုးသမီးတစ်ဦး အသတ်ခံရမှုကို ကန့်ကွက်တဲ့အနေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းနှစ်ဖွဲ့ရဲ့တောင်းဆိုမှုအရ  ပြည်နယ်အတွင်းရှိ ခရိုင် (၃) ခုမှာ လူမှုဘ၀နေ့စဉ်လှုပ်ရှားမှုများနဲ့ ပတ်သက်တဲ့ လုပ်ငန်းများကို သောကြာနေ့ကစပြီး ရပ်ဆိုင်းထားလိုက်တယ်လို့ The Mizoram Post က ဒီကနေ့ ဖော်ပြပါတယ်။ မဏိပူရ်ပြည်နယ် Kangpokpi၊ Churachandpur၊ Tengnoupal နဲ့ Chandel ခရိုင်များရှိ ဆိုင်များ၊ စီးပွားရေးလုပ်ငန်းများ၊ ပညာရေးအဖွဲ့အစည်းများ၊ ဘဏ်များနဲ့ အစိုးရရုံးများပါ ပိတ်ထားခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ ဒေသတည်ငြိမ်ရေး ထိန်းသိမ်းရန် ၎င်းတို့၏ယာဉ်များဖြင့်လှည့်လည် တာဝန်ထမ်းဆောင်နေသည်ကို တွေ့ရသော်လည်း ပုဂ္ဂလိကယာဉ်များ ပြေးဆွဲခြင်းမရှိဘူးလို့သိရပါတယ်။ ဒေသခံတိုင်းရင်းသားခေါင်းဆောင်များဖိုရမ် (ITLF) က Churachandpuri ခရိုင်Langchingmanbi ရွာသူကြီး၏ ဇနီးဖြစ်သူ Hoikohling သေဆုံးမှုကို ကန့်ကွက်သောအားဖြင့် Churachandpuri ခရိုင်တွင်း အဝင်အထွက်များ အကန့်အသတ်မရှိ ပိတ်ဆို့ရန် တောင်းဆိုထားသလို မျိုးနွယ်စုစည်းလုံးညီညွတ်ရေး ကော်မတီ (CoTU) ကလည်း ဆာဒါတောင်တန်းများနေထိုင်သူများ အနေနဲ့ ဇွန်လ ၂၀ ရက်၊ သောကြာနေ့ ၊ နေ့လည် ၁ နာရီမှစတင်ပြီး Kangpokpi ခရိုင်တွင်း ၂၉ နာရီကြာ ဒေသတွင်းအဝင်အထွက်များကိုပိတ်ဆို့ရန် တောင်းဆိုထားတာဖြစ်ပါတယ်။ ITLF က ဗဟိုအစိုးရကို အသက်အန္တရာယ် ကာကွယ်ရေးအတွက် ခိုင်မာသော ဆောင်ရွက်မှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့သလို CoTU ကလည်း သတ်ဖြတ်မှုအတွက် တာဝန်ရှိသူများကို အရေးယူရန်၊ မျိုးနွယ်စုများ၏ အသက်အန္တရာယ်နှင့် နယ်မြေများကို ကာကွယ်ရန် ဗဟိုအစိုးရထံမှ ခိုင်မာသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန်၊ ကြားခံဇုန် သဘောတူညီချက်များ ထပ်ခါတလဲလဲ ချိုးဖောက်မှုများအပေါ် လွတ်လပ်စွာ စုံစမ်းစစ်ဆေးရန် စတဲ့ အချက်များကို တောင်းဆိုခဲ့ကြပါတယ်။ မဏိပူရ်ပြည်နယ်၊ ချူရာချန်ပူရ် မှာ ဇွန်လ ၁၉ ရက် ကြာသပတေးနေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း Langchingmanbi ရွာသူကြီး၏ ဇနီးဖြစ်သူ ကူကီး-ဇိုလူမျိုးအမျိုးသမီး Hoikohling အသက်သေဆုံးခဲ့တာဖြစ်ပါတယ်။

Read More

ဒုက္ခသည် အခွင့်အရေးရဖို့အတွက် အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့မှာ မြန်မာနိုင်ငံသားတွေ ဆန္ဒပြတောင်းဆိုခဲ့

ဇွန်လ ၂၁ ရက်။ ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာဒုက္ခသည်များနေ့မှာ ဒုက္ခသည်များရသင့်ရထိုက်တဲ့ အခွင့်အရေးရဖို့အတွက် ချင်းဒုက္ခသည်ကော်မတီ (CRC)-နယူးဒေလီ ဦးဆောင်မှုနဲ့ မနေ့ ဇွန်လ ၂၀ ရက်နေ့ နေ့လည် ၂ နာရီမှာ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့၊ဂျန်တားမန်းတားရပ်ကွက်မှာ စစ်ဘေးရှောင် မြန်မာနိုင်ငံသားတွေက ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ၁၉၅၁ ခုနှစ်ကနေ စတင်ကျင်းပခဲ့တဲ့ ကမ္ဘာဒုက္ခသည်များနေ့သည် ၂၀၂၅ နှစ်မှာ နှစ်ပေါင်း (၇၄) နှစ် တိုင်ခဲ့ပြီဖြစ်ပေမယ့် အိန္ဒိယနိုင်ငံမှာ ခိုလှုံနေသူအများစုကို ကုလသမဂ္ဂ ဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည် အဆင့်အတန်းအသိအမှတ်ပြုရန်ပျက်ကွက်တာ၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးကိစ္စတွေမှာ ကာကွယ်စောင့်ရှောက်မှု မလုံလောက်တဲ့ အခြေအနေများဖြင့် ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း ချင်းဒုက္ခသည်ကော်မတီ (CRC) နယူးဒေလီ…

Read More

မဏိပူရ်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့ အပြန်အလှန်ပစ်ခတ်မှုအတွင်း ကူကီး-ဇို လူမျိုး အမျိုးသမီးတစ်ဦးသေဆုံး

ဇွန်လ ၂၀ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ချူရာချန်ပူရ် မှာ ဇွန်လ ၁၉ ရက် ကြာသပတေးနေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အမည်မသိလက်နက်ကိုင်အဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း ကူကီး-ဇိုလူမျိုးအမျိုးသမီးတစ်ဦး အသက်သေဆုံးခဲ့တယ်လို့ Mizoram News ကဒီကနေ့ ဇွန်လ ၂၀ ရက်မှာ ဖော်ပြပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေကြားသေဆုံးသွားသူဟာ Langchingmanbi ရွာသူကြီးရဲ့ ဇနီးဖြစ်သူ Hoikholhing ဖြစ်ပြီး  ကျည်ဆံဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူမရဲ့ ရုပ်အလောင်းကို ချူရာချန်ပူရ်ခရိုင်ဆေးရုံကို ပို့ဆောင်ပြီး ရင်ခွဲစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။ ခရိုင်တာဝန်ရှိသူတွေက တရားခံကို ဖမ်းဆီးရနိုင်ရေး ကြိုးပမ်းနေဆဲဖြစ်ပြီး ပြည်သူလူထုအနေနဲ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့နဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေခြင်းမပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ယခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကူကီးအမျိုးသမီးအဖွဲ့အစည်း (KWOHR) က “ ယခုဖြစ်စဉ်ဟာ လူမျိုးရေးခွဲခြားမှုနဲ့ ကူကီးလူမျိုးအပေါ် တမင်ပစ်မှတ်ထားအကြမ်းဖက်မှုရဲ့ အသိပေးချက်အဖြစ်သတ်မှတ်ပြီး အဆိုပါအမျိုးသမီးကို Meitei စစ်သွေးကြွတွေက ပစ်သတ်တာ” လို့ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။ ဒေသခံတိုင်းရင်းသားခေါင်းဆောင်များဖိုရမ် (ITLF) က ယခုကဲ့သို့…

Read More

အစ္စရေးနဲ့ချက်ခြင်းအပစ်အခတ်ရပ်စဲနိုင်ရေးအတွက် အမေရိကန်ကိုဖိအားပေးရန် ဆော်ဒီအာရေဗျ၊ ကာတာနဲ့ အိုမန်နိုင်ငံတို့ကို အီရန်ကတောင်းဆို

ဇွန်လ ၁၇ ရက်။ အစ္စရေးနဲ့ချက်ခြင်းအပစ်အခတ်ရပ်စဲနိုင်ရေးအတွက် အစ္စရေးအပေါ်ဩဇာလွှမ်းမိုးမှုကြီးတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို ဖိအားပေးရန် ဆော်ဒီအာရေဗျ၊ ကာတာနဲ့ အိုမန်နိုင်ငံတို့ကို အီရန်ကတောင်းဆိုထားတယ်လို့ အီရန်သတင်းရင်းမြစ်နှစ်ခုနဲ့ ဒေသတွင်းသတင်းရင်းမြစ်သုံးခုက ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ဒီကနေ့ ဖော်ပြပါတယ်။ အီရန်သတင်းရင်းမြစ်တစ်ခုက အပစ်အခတ်ရပ်စဲရေးရှိပါက နူကလီးယားဆွေးနွေးပွဲများကို အီရန်ဖက်က ပြန်လည်ပြုလုပ်ရန် ဆန္ဒရှိတယ်လို့ အီရန်သတင်းရင်းမြစ်တစ်ခုကပြောပါတယ်။ နှစ်နိုင်ငံပဋိပက္ခထိန်းချုပ်မှုမဲ့စွာ ဖြစ်ပွားလာမည်ကို ပင်လယ်ကွေ့နိုင်ငံများအနေနဲ့ စိုးရိမ်ပူပန်နေပြီး အစ္စရေးကို အပစ်အခတ်ရပ်စဲရေးသဘောတူညီရန်နဲ့ နူကလီးယားသဘောတူညီချက်ရရှိရေးအတွက် တီဟီရန်နဲ့ဆွေးနွေးပွဲများပြန်လည်စတင်ဖို့ ဝါရှင်တန်က နှစ်နိုင်ငံကို ဖိအားပေးဖို့လိုအပ်လို့ ကာတာ၊ အိုမန် နဲ့ဆော်ဒီအာရေဗျ နိုင်ငံတို့အနေနဲ့ ဝါရှင်တန်ကို ဖိအားပေးတိုက်တွန်းပေးရန် အီရန်ကတောင်းဆိုထားတယ်လို့ ရိုက်တာသတင်းမှာဖော်ပြတာဖြစ်ပါတယ်။ အီရန်အနေနဲ့ နူကလီးယားဆွေးနွေးပွဲများပြန်လည်စတင်နိုင်ရေး ကြားဝင်စေ့စပ်ပေးရန် အာတာနဲ့အိုမန်တို့ကိုဆက်သွယ်ခဲ့ပေမယ့်လည်း အစ္စရေး နဲ့ အပစ်အခတ်ရပ်စဲရေးကို ဦးစွာလုပ်ဆောင်ရမည်ဟု တောင်းဆိုခဲ့ပါတယ်။ အီရန်အနေနဲ့ တိုက်ခိုက်ခံရချိန်မှာ ဆွေးနွေးပွဲလုပ်ဆောင်ရန်…

Read More

မလေးရှားက မြန်မာဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်တာမျိုးမပြုလုပ်ဖို့ ACR ဥက္ကဌမှတောင်းဆို

ဇွန်လ ၁၆ ရက်။ မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံကိုရောက်လာတဲ့ ဒုက္ခသည်များဟာ နိုင်ငံသားခံယူလိုခြင်းမဟုတ်ပဲ အသိအမှတ်ပြုမှုနဲ့အကာအကွယ်ရရှိဖို့ဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်တာမျိုးကို မလေးရှား အာဏာပိုင်များအနေနဲ့ မပြုလုပ်ဖို့မျှော်လင့်ကြောင်း ကမ္ဘာ့ဒုက္ခသည်များနေ့နဲ့ပတ်သက်ပြီး ဇွန်လ (၁၆) ရက်နေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မလေးရှားအခြေစိုက် ချင်းဒုက္ခသည်တွေအရေးကူညီပံ့ပိုးနေတဲ့ Alliance of Chin Refugee (ACR)အဖွဲ့ဥက္ကဌ James Bawi Thawng Bik က တောင်းဆိုပြောကြားပါတယ်။ ACR ဥက္ကဌ James Bawi Thawng Bik က မလေးရှားရောက်ရှိသူတွေဟာ မလေးရှားနိုင်ငံအတွင်း နေထိုင်စဉ် ဒုက္ခသည်အဆင့်အတန်းအသိအမှတ်ပြုမှု ရရှိဖို့နဲ့ အကာအကွယ်ရဖို့ဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ခြင်းမျိုးကို မလေးရှား အာဏာပိုင်များအနေနဲ့ မပြုလုပ်ရန် မျှော်လင့်ကြောင်း၊ နေရပ်ပြန်လျှင် မလုံခြုံတဲ့ အန္တရယ်ဒုက္ခနဲ့ အသက်သေဆုံးခြင်းသာလျှင်…

Read More

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တစ်ဦး အရက်မူးပြီး ပတ်ဝန်းကျင်ကို ဒုက္ခ ခဏခဏ ပေးတာကြောင့် မြန်မာနိုင်ငံပြန်ပို့ခံရမယ်လို့ သိရ

ဇွန်လ ၁၆ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်၊ Helipad ရပ်ကွက်မှာနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်တစ်ဦးဟာ အရက်သောက်ပြီး မူးတဲ့အချိန် ပတ်ဝန်းကျင်ကို ဒုက္ခ ခဏခဏပေးနေတာကြောင့် ဇွန်လ ၁၈ ရက်နေ့မတိုင်ခင် မြန်မာနိုင်ငံပြန်ပို့ဖို့ New Champhai Branch YMA က အသိပေးထားတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကနေ မြန်မာနိုင်ငံကို ပြန်ပို့ခံရမယ့် မြန်မာစစ်ဘေးရှောင်ဟာ ချင်းလူမျိုးစစ်ဘေးရှောင်တစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းခရိုင်မှာ မြန်မာစစ်ဘေးရှောင် တစ်သောင်းကျော်ခန့် စစ်ဘေးရှောင် နေထိုင်နေကြတယ်လို့လည်း သိရပါတယ်။.

Read More

ကမ္ဘာဒုက္ခသည်များနေ့မှာ ဒုက္ခသည်အခွင့်အရေးအတွက် တောင်းဆိုဆန္ဒပြဖို့ နယူးဒေလီမြို့မှာချင်းဒုက္ခသည်ကော်မတီ (CRC)က ပြင်ဆင်

ဇွန်လ ၁၆ ရက်။ ဇွန်လ ၂၀ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာဒုက္ခသည်များနေ့မှာ ဒုက္ခသည်များရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက်ဆန္ဒပြတောင်းဆိုဖို့ ချင်းဒုက္ခသည်ကော်မတီ (CRC)-နယူးဒေလီက အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့ရောက် မြန်မာနိုင်ငံသားတွေကို ဖိတ်ကြားထားပါတယ်။ ၁၉၅၁ ခုနှစ်ကနေ စတင်ကျင်းပခဲ့တဲ့ ကမ္ဘာဒုက္ခသည်များနေ့သည် ၂၀၂၅ နှစ်မှာ နှစ်ပေါင်း (၇၄) နှစ် တိုင်ခဲ့ပြီဖြစ်ပေမယ့် အိန္ဒိယနိုင်ငံမှာ ခိုလှုံနေသူအများစုကို ကုလသမဂ္ဂ ဒုက္ခသည်မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည် အဆင့်အတန်းအသိအမှတ်ပြုရန်ပျက်ကွက်တာ၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးကိစ္စတွေမှာ ကာကွယ်စောင့်ရှောက်မှု မလုံလောက်တဲ့ အခြေအနေများဖြင့် ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း ချင်းဒုက္ခသည်ကော်မတီ (CRC) နယူးဒေလီက ဆိုပါတယ်။ ဒါကြောင့် နယူးဒေလီမြို့ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မိမိရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို UNHCR နဲ့တကွ တာဝန်ရှိသူတွေထံ တောင်းဆိုကြဖို့အတွက် ဇွန်လ…

Read More

Air India လေယာဉ်ပျက်ကျမှုမှာ အသက် ၂၀ ကျော် လေယာဉ်မယ် ကူကီး(ချင်း) လူမျိုးတစ်ဦးနဲ့ ကသည်းလူမျိုး တစ်ဦးလည်းသေဆုံးခဲ့ရ

ဇွန်လ ၁၃ ရက်။ လေယာဥ်အမှုထမ်းနဲ့ ခရီးသည်စုစုပေါင်း ၂၄၂ ဦး လိုက်ပါလာတဲ့ Air India လေယာဥ် Boeing AI171 ဟာ ဇွန်လ ၁၂ရက်နေ့ က အိန္ဒိယအနောက်ပိုင်း Ahmedabad, Gujarat မှ လန်ဒန် Gatwick သွားဖို့ ပျံတက်ပြီး မကြာခင်ပျက်ကျခဲ့ပြီး လေယာဉ်အမှုထမ်းများဖြစ်တဲ့ မဏိပူရ်ပြည်နယ်က အသက် ၂၀ ကျော်ကူကီး(ချင်းအနွယ်ဝင်) လူမျိုးနဲ့ ကသည်းလူမျိုးဖြစ်တဲ့ လေယာဉ်မယ်နှစ်ဦးလည်း သေဆုံးခဲ့ရပါတယ်။ ကူကီးကျောင်းသားအဖွဲ့အစည်း (နယူးဒေလီ) နဲ့ Yong Kuki အဖွဲ့အစည်းတို့ကလည်း ကူကီးလူမျိုးလေယာဉ်မယ် Miss Lamnunthem Singson ရဲ့မထင်မှတ်ဖွယ် သေဆုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းကြောင်း အသီးသီးထုတ်ပြန်ခဲ့ပါတယ်။ ကူကီးကျောင်းသားအဖွဲ့အစည်း (နယူးဒေလီ) ရဲ့ ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်မှာ လေယာဉ်မယ်…

Read More

မြန်မာပြည်မှ လက်နက်ကိုင်များ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လှုပ်ရှားမှုနဲ့ နယ်စပ်မူးယစ်ဆေးဝါးမှောင်ခိုမှုများကို မီဇိုရမ်ပြည်နယ်လုံခြုံရေးညှိနှိုင်းအစည်းအဝေးမှာ ဆွေးနွေး

ဇွန်လ ၁၀ ရက်။ မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်အဖွဲ့များရဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနဲ့လှုပ်ရှားမှုပြသနာများ၊ မြန်မာ – အိန္ဒိယနယ်စပ်ဖြတ်ကျော်မူးယစ်ဆေးဝါးကုန်သွယ်မှုကိစ္စများနဲ့ပတ်သက်ပြီး မီဇိုရမ်ပြည်နယ်လုံခြုံရေးကောင်စီ၊ ညှိနှိုင်းရေးကော်မတီရဲ့ ပထမဆုံးအစည်းဝေးမှာ ပြည်နယ်ဝန်ကြီးချုပ် Pu Lalduhoma ကိုယ်တိုင်ပါဝင်တက်ရောက်ကာ အလေးအနက်ဆွေးနွေးကြပြီးနောက်  ပြည်တွင်းနယ်နိမိတ် ဝင်ခွင့်ပါမစ် (ILP) စနစ်ကို တင်းကြပ်ရန် ဝန်ကြီးချုပ်ကိုယ်တိုင်မှာကြားခဲ့ကြောင်း ဇွန်လ (၁၀) ရက်နေ့တွင် India Today သတင်းဌာနကဖော်ပြပါတယ်။ လုံခြုံရေးကောင်စီ၏ ညှိနှိုင်းရေးကော်မတီအစည်းအဝေးတွင် မူးယစ်ဆေးဝါးမှောင်ခိုမှုဟာ မီဇိုရမ်ပြည်နယ်တွင် အကြီးဆုံး ရာဇဝတ်မှုဖြစ်လာတယ်လို့ဆွေးနွေးကြပြီး ၂၀၂၄ ခုနှစ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဥပဒေ (ND&PS Act) အရ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အမှုပေါင်း ၃၃၈ မှု၊ ၂၀၂၅ ခုနှစ် မေလကုန်အထိ အမှုသစ် ၁၁၄ မှု ရှိနေပြီဖြစ်ပြီး တရားမဝင်မူးယစ်ဆေးဝါး အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း ယင်းတို့တွင် မက်သမ်ဖက်တမင်းဆေးပြား ၆၄၈ ကီလိုဂရမ်ကျော်၊ ရူပီး ၈၄ ကုဋေခန့် တန်ဖိုးရှိတဲ့ ဆေးပြားများနဲ့ ၁၅.၅ ကုဋေခန့် တန်ဖိုးရှိသော Crystal Meth (အခဲ) ၅ ကီလိုဂရမ်ကျော် ပါဝင်တယ်လို့ သက်ဆိုင်ရာကော်မတီဝင်တွေက တင်ပြခဲ့ကြပါတယ်။ အဲဒီအပြင် မီဇိုရမ်ပြည်နယ်အတွင်း ကလေးသူငယ်များကို လိင်ပိုင်းဆိုင်ရာ ပြစ်မှုများမှ ကာကွယ်တဲ့ ဥပဒေအောက်ကနေ ကိုင်တွယ်ဖြေရှင်းရတဲ့ အမှုများလည်းတိုးလာသကဲ့သို့ လူကုန်ကူးတဲ့ ပြသနာဟာလည်း စိုးရိမ်စရာပြသနာတစ်ခုဖြစ်လာတယ်လို့ ဆိုပါတယ်။…

Read More

ချင်းလူငယ်ဖိုက်တာ Joshua Van နဲ့ UFC Flyweight နံပတ် ၁ ဖိုက်တာ ဒီလထဲ ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ သိရ

ဇွန်လ ၁၀ ရက်။ ပြီးခဲ့တဲ့ ရက်ပိုင်းကဘဲ UFC 316 ပြိုင်ပွဲယှဉ်ပြိုင်ထားတဲ့ ချင်းလူငယ်ဖိုက်တာ Joshua Van ဟာ ဒီလထဲ လာမယ့် ဇွန်လ ၂၈ ရက်နေ့မှာ ကျင်းပမယ့် UFC 317 ပြိုင်ပွဲမှာ UFC Flyweight နံပတ် ၁ ဖိုက်တာ Brando Royval နဲ့ ထပ်ပြီး ယှဉ်ပြိုင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။ မှုလက UFC Flyweight အဆင့် ၁ ဖိုက်တာ Brando Royval နဲ့ Manel Kape တို့ကို ပွဲတည်ပေးပေမယ့် Manel Kape ဘက်က ဒဏ်ရာကြောင့် ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ပြီး Joshua Van က အစားဝင်ထိုးဖို့…

Read More