Headlines

မလေးရှားနိုင်ငံမှာ မနေ့က အထောက်ထားမရှိတဲ့ ချင်းလူမျိုး ၁၀၀ ကျော်အပါအဝင် နိုင်ငံခြားသား ၅၉၇ ဦးကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီး

မေလ ၂၃ ရက်။ မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ဆန်းဝေးမန်တရီကောအရပ်မှာ မနေ့ မေလ ၂၂ ရက်နေ့ ည ၁၁ နာရီ၀န်းကျင်မှာ အထောက်ထားမရှိ နိုင်ငံခြားသား ၅၉၇ ဦးကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာနိုင်ငံသား ချင်းလူမျိုးအယောက် ၁၀၀ ကျော်လည်း ပါဝင်တယ်လို့ သိရပါတယ်။ မေလ ၂၂ ရက်နေ့က မလေးရှားနိုင်ငံ၊ဆလန်ဂေါပြည်နယ်၊ဆန်းဝေးမန်တရီကောအရပ်မှာ နိုင်ငံခြားသား ၁၅၉၇ ဦးကို မလေးရှားအာဏာပိုင်တွေက စစ်ဆေးခဲ့ပြီး အထောက်ထားမရှိသူ ၅၉၇ ဦးကို ဖမ်းဆီးထားတဲ့အကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ဒီကနေ့ မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အထောက်ထားမရှိ ဖမ်းဆီးခံရသူတွေထဲ မြန်မာနိုင်ငံသား ၂၂၆ ဦး၊ အင်ဒိုနီးရှား (၂၀၁) ၊ ဘင်္ဂလားဒေ့ရှ် (၇၁) ဦး၊…

Read More

မြန်မာနိုင်ငံရှိ ပွဲစားကလိမ်လည်ပို့လိုက်ပြီး မလေးရှားနိုင်ငံရောက်သွားတဲ့ ချင်းအမျိုးသမီးတစ်ဦးကို ရွေးပေးတဲ့သူရှိလို့ ပြန်လွတ်လာပြီလို့ သိရ

မေလ ၂၀ ရက်။ မြန်မာနိုင်ငံမှာရှိတဲ့ ပွဲစားက လိမ်လည်ပြီး မလေးရှားကိုပို့ပေးလိုက်တဲ့ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ချောင်းနန်းကျေးရွာနေ အသက် ၂၂ နှစ်အရွယ် လေးတူချင်းအမျိုးသမီးတစ်ဦးဟာ မေလ ၁၈ ရက်နေ့မှာ မလေးရှားပွဲစားဆီကနေ ရွေးပေးတဲ့သူရှိလို့ပြန်လွတ်လာတယ်လို့သိရပါတယ်။ သူမနဲ့ နီးစပ်တဲ့သူတွေပြောပြချက်အရ “၁၈ ရက်နေ့ မနက်စောပိုင်းလောက်မှာ ရွေးမယ့်သူကို ဆက်သွယ်လာတယ်တဲ့ ဆက်သွယ်လာပြီးတော့ ကွာလာလမ်ပူမြို့ထဲက စားသောက်ဆိုင်မှာတွေ့ကြပြီး ခုနှစ်ထောင် နဲ့ ရွေးခိုင်းတယ်တဲ့ အစက သူတို့တောင်းတာက တစ်သောင်းလေးထောင်ပေါ့ ဒါပေမယ့် မနေ့ကလိုက်ပို့ပေးတာတဲ့ ရွေးဖို့ ပိုက်ဆံမရှိသေးဘူးပြောတာတောင်မရဘူး ခုနှစ်ထောင်နဲ့ အတင်းရွေးခိုင်းတာတဲ့ အခုကလွှတ်သွားပြီပေါ့” လို့ပြောပါတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ ပွဲစားက KTV မှာအလုပ်လုပ်မယ့် အမျိုးသမီးခေါ်တာဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ ပွဲစားက စားသောက်ဆိုင်မှာအလုပ်ရမယ်လို့ လိမ်ခေါ်ပြီး ပို့ပေးလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။ ရခိုင်ပြည်နယ်…

Read More

မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ပြစ်ဒဏ်မပေးဘဲ တရားဝင်လမ်းကြောင်းကနေ နေရပ်ပြန်ပို့တော့မယ်

မေလ ၁၉ ရက်။ မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ နေထိုင်တဲ့ နိုင်ငံခြားသားတွေကို ပြစ်ဒဏ်ကျခံစရာမလိုတော့ဘဲ တရားဝင်လမ်းကြောင်းကနေ နေရပ်ပြန်ပို့ဆောင်တဲ့ အစီအစဉ်ကို မလေးရှားအစိုးရက မေလ ၁၉ ရက်နေ့ကနေ စတင်တော့မယ်လို့ မလေးရှားသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်အရသိရပါတယ်။ အဲဒီအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်နေ့က ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ မလေးရှားတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စတင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ မလေးရှားမှာ နေထိုင်သူတစ်ဦးက “လွန်ခဲ့တဲ့ ၂ ပတ်လောက်က ကျနော်တို့ ချင်းလူမျိုးတွေ (၇) ယောက်အဖမ်းခံရတာ သူတို့ ထောင်ဒဏ်မပေးတော့ဘဲ ချက်ခြင်းလေယာဉ်လက်မှတ်ဝယ်ပြီး ပြန်ပို့လိုက်တယ် ဘာမှအထောက်အထားမရှိရင်တော့ စိုးရိမ်ရတယ် လိုက်ဖမ်းနေတယ် လဝက ကနေ နေရာအလိုက် မြန်မာနိုင်ငံသားတွေနဲ့ တခြားနိုင်ငံခြားသားတွေများတဲ့ ဖက်တွေပေါ့ လိုက်ဖမ်းနေကြတယ်အထောက်အထားမရှိတဲ့သူ…

Read More

မင်းပြားမြို့နယ်က ချင်းအမျိုးသမီးတစ်ဦး မလေးရှားက ပွဲစားအိမ်မှာ အကြမ်းဖက်ခံနေရကြောင်း လွတ်မြောက်လာသူတွေဆီက သိရ

မေလ ၁၄ ရက်။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ချောင်းနန်းကျေးရွာက အသက် ၂၂ နှစ်အရွယ် ချင်းအမျိုးသမီးတစ်ဦးဟာ မလေးရှားနိုင်ငံက ပွဲစားအိမ်မှာ ရွေးမယ့်သူမရှိလို့ အကြမ်းဖက်ခံနေရတယ်လို့ လွတ်မြောက်လာသူတွေဆီက သိရပါတယ်။ မင်းပြားမြို့နယ်နဲ့ အမ်းမြို့နယ်မှ ချင်းအမျိုးသမီး ၆ ဦးဟာ မလေးရှားနိုင်ငံက စားသောက်ဆိုင်တစ်ခုမှာ အလုပ်ရမယ်လို့ ပွဲစားတွေရဲ့ ချိတ်ဆက်ပေးမှုနဲ့ မေလ ၅ ရက်နေ့က ရန်ကုန်မြို့မှ ထွက်လာပြီး မေလ ၁၀ ရက်နေ့မှာ မလေးရှားကို ရောက်ရှိခဲ့ကာ၊အဲဒီအမျိုးသမီးတွေကို ပွဲစားတွေက စားသောက်ဆိုင်မှာ အလုပ်မသွင်းပေးဘဲ မလေးရှားနိုင်ငံက KTV ဆိုင်တစ်ခုမှာ အတင်းဓမ္မ လုပ်ခိုင်းတာကြောင့် အမျိုးသမီးတွေဟာ မလုပ်ချင်တဲ့အတွက် ပွဲစားရဲ့ အကြမ်းဖက်မှုကိုခံနေရကြရတာဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေဟာ မိမိအသိမိတ်ဆွေ၊ ဆွေမျိုးတွေကို ပွဲစားဆီက ရွေးပေးဖို့ အကူညီတောင်းခဲ့ကြပြီး…

Read More

အိန္ဒိယ – ပါကစ္စတန် နှစ်နိုင်ငံကြား စစ်ရေးတင်းမာနေချိန် အိန္ဒိယနိုင်ငံတွင်း ချမှတ်တဲ့ စည်းကမ်းထုတ်ပြန်ချက်တွေ မြန်မာစစ်ရှောင်တွေလိုက်နာဖို့ India for Myanmar တိုက်တွန်း

မေလ ၈ ရက်။ အိန္ဒိယနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံအကြား စစ်ရေးတင်းမာနေတဲ့ ကာလဖြစ်တာကြောင့် အိန္ဒိယနိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ စစ်ဘေးရှောင် မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံတွင်းချမှတ်တဲ့ စည်းကမ်းထုတ်ပြန်ချက်တွေကို လိုက်နာပူးပေါင်းကြဖို့ အိန္ဒိယ-မြန်မာအရေးလေ့လာစောင့်ကြည့်တဲ့ India for Myanmar အဖွဲ့က မနေ မေလ ၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေ လူမှုရေးအသင်းအဖွဲ့တွေနဲ့ အိန္ဒိယနိုင်ငံသားတွေအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်စေနိုင်တဲ့ ကိစ္စတွေကို လုံးဝရှောင်ကြဉ်ဖို့ကိုလည်းတိုက်တွန်းထားပြီး လက်ရှိအချိန်ဟာ အိန္ဒိယနိုင်ငံခေါင်းဆောင်တွေအနေနဲ့ နိုင်ငံလုံခြုံရေးနဲ့ နိုင်ငံသားတွေအရေး ကိစ္စတွေ ဦးစာပေး အာရုံစိုက်နေတဲ့ အခြေအနေဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ မြန်မာနိုင်ငံသားတွေဟာ ဘက်ပေါင်းစုံက အခက်ခဲများစွာ ရင်ဆိုင်ကြုံနေရသလို အိန္ဒိယနိုင်ငံသည်လည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာကို အပြည့်အဝနားလည် စာနာနားလည်ပြီး နိုင်ငံတွင်းချမှတ်တဲ့ စည်းကမ်းတွေကို မယိမ်းမယိုင်လိုက်နာကာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပြီး…

Read More

အိမ်ဖြူတော်မှာ ပြသထားတဲ့ သမ္မတထရမ့်ရဲ့ ရက် ၁၀၀ သက်တမ်းအတွင်း ဖမ်းဆီးခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်တရားခံ ၁၀၀ ဦး စာရင်းမှာ ချင်းလူမျိုး ၂ ဦးအပါအဝင် မြန်မာနိုင်ငံသား ၃ ဦးပါဝင်

ဧပြီလ ၃၀ ရက်။ အမေရိကန်သမ္မတထရမ့် သမ္မတရာထူး ရယူပြီး ရက် ၁၀၀ သက်တမ်းအတွင်း ဖမ်းဆီးခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်တရားခံ ၁၀၀ ဦးရဲ့ ဓာတ်ပုံများကို အမေရိကန်သမ္မတအိမ်တော်၊အိမ်ဖြူတော်မှာ ခင်းကျင်းပြသထားပြီး ချင်းလူမျိုး ၂ ဦး အပါအဝင် မြန်မာနိုင်ငံသား ၃ ဦးပါဝင်ကြောင်း အမေရိကန်အိမ်ဖြူတော်က ဧပြီလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ အမေရိကန်သမ္မတထရမ့် သမ္မတရာထူး ရယူပြီး ရက် ၁၀၀ သက်တမ်းအတွင်း ဖမ်းဆီးခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူ ရာဇဝတ်တရားခံ ၁၀၀ ဦးထဲ မြန်မာနိုင်ငံသား ၃ ဦး ပါဝင်ပြီး နံပါတ် အမှတ်စဉ် ၅၉ အဖြစ် မြန်မာနိုင်ငံသား တေမြင့် ၊ အမှတ်စဉ် ၇၇ အဖြစ် မြန်မာနိုင်ငံသား…

Read More

အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မူးယစ်ဆေးဝါးအပါအဝင် တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းတွေမှာ လုံးဝ ပါဝင်ပတ်သက်ခြင်းမလုပ်ကြဖို့ အပါဝင် အချက် ၅ ခုကို CRC ထုတ်ပြန်

ဧပြီလ ၂၈ ရက်။ အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ လက်ခံကူညီစောင့်ရှောက်ပေးတဲ့ အိန္ဒိယနိုင်ငံကအဖွဲ့အစည်းတွေနဲ့ အစိုးရအာဏာပိုင်တွေကို ကျေးဇူးသိတတ်သောအားဖြင့် မူးယစ်ဆေးဝါးအပါအဝင် တရားမဝင် ရောင်းဝယ်ဖောက်ကားခြင်းတွေမှာ လုံးဝ ပါဝင်ပတ်သက်ခြင်းမလုပ်ကြဖို့ အပါအဝင် အချက် ၅ ခုကို ချင်းဒုက္ခသည်ကော်မတီ – နယူးဒေလီ ( CRC-NewDelhi ) က ဧပြီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒုက္ခသည် ကွန်ဗင်းရှင်း (၁၉၅၁ခုနှစ်) ကို လက်မှတ်ထားခြင်းမရှိသော်လည်း အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံသားတွေကို ခိုလှုံခွင့်ပြုထားတာကြောင့်လည်း အထူးကျေးဇူးတင်ကြောင်းကိုလည်း ချင်းဒုက္ခသည်များ ကော်မတီက ဖော်ပြထားပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လက်ခံကူညီ စောင့်ရှောက်ပေးလျက်ရှိတဲ့ အိန္ဒိယနိုင်ငံမှလူမှုအသင်းအဖွဲ့တွေ၊ ဘာသာရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အစိုးရအာဏာပိုင်တွေကို ကျေးဇူးသိတတ်သောအားဖြင့် မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်…

Read More

မီဇိုရမ်ပြည်နယ်ကိုယ်စားပြု အိန္ဒိယအထက်လွှတ်တော်အမတ် ထံ CRC ကသွားရောက်တွေ့ဆုံပြီး ချင်းဒုက္ခသည်အရေး တင်ပြ

ဧပြီလ ၂၇ ရက်။ အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့တွင် မီဇိုရမ်ပြည်နယ် ကိုယ်စားရွေးချယ်ခြင်းခံရသည့်ပြည်ထောင်စု အထက်လွှတ်တော်အမတ် ရစ်ချတ် ဗန်လားလ်မှငိုက်ရာ (Richard Vanlalhmangaiha) ထံ နယူးဒေလီ ရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များ ကြုံတွေ့ရသည့် အခက်အခဲအခြေအနေများကို ဧပြီလ ၂၆ ရက်မှာ ချင်းဒုက္ခသည်ကော်မတီ (CRC) ကသွားရောက်တွေ့ဆုံ တင်ပြခဲ့တယ်လို့ ဧပြီလ ၂၆ ရက်နေ့မှာ ချင်းဒုက္ခသည်ကော်မတီ (CRC) NewDelhi ကထုတ်ပြန်ပါတယ်။ ပြည်ထောင်စု အထက်လွှတ်တော်အမတ် ရစ်ချတ် ဗန်လားလ်မှငိုက်ရာ (Richard Vanlalhmangaiha) ထံ ချင်းဒုက္ခသည်ကော်မတီ(CRC) မှ ဥက္ကဌဦးဆောင်သော အဖွဲ့ဝင်ကွန်မြူနတီအသီးသီးမှ ဥက္ကဌ များကသွားရောက် တွေ့ဆုံဆွေးနွေးတင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ချင်းဒုက္ခသည်ကော်မတီ (CRC) ဘက်က တင်ပြချက်တွေက ဒုက္ခသည်များအတွင်း ကြုံတွေ့နေရသော…

Read More

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်

ဧပြီလ ၂၁ ရက်။ ကမ္ဘာ့ကတ်သလစ်သာသနာခေါင်းဆောင်အဖြစ် တာဝန်ယူတာ ၁၂ နှစ်ထဲရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဧပြီ ၂၁ ရက် ဒေသစံတော်ချိန် မနက် ၇ နာရီ ၃၅ မိနစ်မှာ ကွယ်လွန်သွားပြီလို့ ဗာတီကန်နန်းတော်က ထုတ်ပြန်ပါတယ်။ “နံနက် ၇ နာရီ ၃၅ မိနစ်အချိန်မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်သွားပြီဖြစ် ပါတယ်။ သူ့ရဲ့တစ်ဘဝလုံး ဘုရားသခင်နဲ့ သူ့ရဲ့ ဘုရားကျောင်းအတွက် အမှုတော်ထမ်း ဖို့ စိတ်ကိုနစ်မြှုပ်ထားခဲ့တာဖြစ်ပါတယ်”လို့ ဗာတီကန်နန်းတော်က ထုတ်ပြန်ပါတယ်။ အသက် ၈၈ နှစ်အရွယ် ရဟန်းမင်းကြီးဟာ ပြီးခဲ့တဲ့လပိုင်းက ဆေးရုံတက် ကုသမှုခံယူခဲ့ပြီးနောက် ဗာတီကန်နန်းတော် မှာပဲ ၂ လလောက် နားနားနေနေ နေဖို့ ဆရာဝန်တွေက အကြံပြုခဲ့တဲ့နောက် ကွယ်လွန်သွားတာဖြစ်ပါတယ်။…

Read More

နယူးဒေလီရှိ ဒုက္ခသည် မြန်မာနိုင်ငံသားတွေကို UNHCR ဘက်က အသိမှတ်ပြုကဒ်တွေ အမြန်ထုတ်ပေးဖို့ တောင်းဆို

ဧပြီလ ၁၆ ရက်။ အိန္ဒိယနိုင်ငံ၊ နယူဒေလီအခြေစိုက် ချင်းဒုက္ခသည်ကော်မတီ Chin Refugee Committe – New Delhi (CRC)ဥက္ကဌဦးဆောင်သော ကွန်မြူနတီ အသီးသီးမှ ဥက္ကဌများက နယူဒေလီက မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ဒုက္ခသည် အသိအမှတ်ပြုကဒ်တွေ အမြန်ဆုံးပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR – Protection Unit (ကတာဝန်ရှိသူတွေကို ဧပြီလ ၁၅ရက်နေ့ကတွေ့ဆုံစဉ်မှာ တောင်းဆိုခဲ့တယ်လို့ CRC က ဧပြီလ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။ လက်ရှိ နယူဒေလီရှိ မြန်မာနိုင်ငံသား ဒုက္ခသည်များ၏ ၉၀ရာခိုင်နှုန်းသည် ယာယီကဒ်ကိုင်ဆောင်သူ များဖြစ်သဖြင့် ၎င်းတို့အတွက် လုံခြုံရေး ၊ ကျန်းမာရေး ၊ အကာကွယ်စောင့်ရှောက်မှုများ အထူးလိုအပ် နေသဖြင့် ဒုက္ခသည် အသိအမှတ်ပြု…

Read More