မီဇိုရမ်ပြည်နယ်မှာ ပိုက်လိုင်းများ၊ ရေစုပ်စနစ်များ ပျက်စီးနေခြင်းကြောင့် မိုးရေ သိုလှောင်သုံးစွဲရန် ပြည်နယ်အစိုးရက ပြည်သူများကိုတိုက်တွန်း
ဇွန်လ ၆ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့မြေပြိုမှုများကြောင့် ပိုက်လိုင်းများ၊ ရေစုပ်စနစ်များ ပျက်စီးနေခြင်းကြောင့် ပြည်သူများအနေနဲ့ မိုးရေများသိုလှောင်ကာ သုံးစွဲရန်ပြည်နယ်အစိုးရက တိုက်တွန်းထားတယ်လို့ India Today သတင်းဌာနက ဒီကနေ့ ဇွန်လ (၆) ရက်နေ့မှာဖော်ပြပါတယ်။ ယခုလက်ရှိအခြေအနေအရ မီဇိုရမ်ပြည်နယ် Kolasib ခရိုင်ရှိမှာ ဆွဲငင်အားသုံးပိုက်လိုင်းစနစ်များ ပြင်းထန်စွာပျက်စီးခဲ့တာကြောင့် ခရိုင်အတွင်းရှိ မြို့ငါးမြို့တွင် ရေပေးဝေမှုများပြတ်တောက်ခဲ့တယ်လို့ ခရိုင်အင်ဂျင်နီယာဌာနက ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ ထို့ကြောင့် သက်ဆိုင်ရာဌာနများက ဒေသခံများကို ရေသုံးစွဲရာတွင် သတိထားရန်နဲ့ရရှိတဲ့ မိုးရေများကို အသုံးပြုကြရန် အကြံပြုထားပါတယ်။ Khawzawl ခရိုင်ရှိ အဓိကရေအရင်းအမြစ်များထဲက တစ်ခုဖြစ်တဲ့ Tuivawl မြစ်ဟာလည်း အလွန်အမင်းညစ်ညမ်းမှုဖြစ်နေတာကြောင့် ရေသန့်စင်စက်ရုံမှ ရေသန့်စင်မှုဆောင်ရွက်ရာမှာ ထိရောက်မှုမရှိတော့တဲ့အတွက် ရေကိုချွေတာသုံးစွဲရန် ခရိုင်အစိုးရအဖွဲ့က တိုက်တွန်းထားပါတယ်။ Hnahthial ခရိုင်ရှိ…

