Headlines

မီဇိုရမ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ ဇီဝ အချက်အလက်တွေကို သြဂုတ်လအတွင်း အပြီးကောက်ယူမယ်လို့သိရ

ဩဂုတ်လ ၅ ရက်။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်ရှိ ခရိုင်အသီသီးရောက်ရှိနေတဲ့ မြန်မာစစ်ဘေရှောင်တွေရဲ့ Biometric ဇီဝအချက်အလက်တွေကို ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်ကနေ စတင်ကောက်ယူနေပြီး သြဂုတ်လအတွင်း အပြီးသတ်ကောက်ယူသွားဖို့ ပြင်ဆင်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ မီဇိုရမ်ပြည်နယ်အတွင်းက Serchhip, Lunglei , Champhai, Saitual, Khawzawl, Aizawl, Lawngtlai, Mamit, Siaha, Kolasib နဲ့ Hnahthial စတဲ့ ခရိုင် ၁၁ ခုမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဖြစ်ကြတဲ့ မြန်မာစစ်ဘေးရှောင်တွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေရဲ့ ဇီဝအချက်အလက်တွေကို မီဇိုရမ်ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပူးပေါင်းပြီး ကောက်ယူနေတာလို့လည်း သိရပါတယ်။ မီဇိုရမ်ပြည်နယ်ထဲ စစ်ဘေးရှောင်နေထိုင်သူတစ်ဦးက “စကောက်တာက ဇူလိုင်လ ကုန်ပိုင်းလောက်ကနေ စကောက်နေကြပြီ ဒီသြဂုတ်လအတွင်း…

Read Full News

အမေရိကန်ကို ကျောင်းသားဗီဇာနဲ့ ရောက်တာ ၅ ရက်သာရှိသေးတဲ့ ချင်းလူငယ်တစ်ဦး မတော်တဆ ရေနစ်သေဆုံး

ဇူလိုင်လ ၃၀ ရက်။ ကျောင်းသားဗီဇာနဲ့ အမေရိကန်နိုင်ငံကို ရောက်ရှိလာတာ ၅ ရက်သာရှိသေးတဲ့ အသက် (၂၀) အရွယ် ချင်းလူငယ်တစ်ဦးဟာ မိသားစုတွေနဲ့ အပန်းဖြေသွားရာမှာ မတော်တဆ ရေနစ်သေဆုံးခဲ့တယ်လို့ Indiana Chin Baptist Church က ဒီကနေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သေဆုံးသွားတဲ့ ချင်းလူငယ် Tony Sui Tling ရဲ့ ရုပ်အလောင်းကို Danville Coroner Office မှာထားရှိပြီး လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ အင်ဒီယားနားပြည်နယ်မှာ သဂြိုလ်ဖို့ မိဘဆွေမျိုးသားချင်းတွေနဲ့ အသင်းတော်တာဝန်ရှိသူတွေက စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ Pu Robin Hmuncung နဲ့ Pi Far Chin Sung…

Read Full News

စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရတဲ့ MDF ဒုတိယဥက္ကဌ ပြန်လွတ်လာပြီလို့သိရ

ဇူလိုင်လ ၃၀ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင် Tipa ကျေးရွာမှာ ဇူလိုင်လ ၁၇ ရက်နေ့က စစ်ဘက်ဆိုင်ရာ ပစ္စည်းသယ်လာတဲ့ ကားပေါ်ပါလာလို့ ဖမ်းဆီးခံခဲ့ရတဲ့ Maraland Defense Force ( MTC/ MDF) ရဲ့ ဒုတိယဥက္ကဌ NB Sila မနေ့ ဇူလိုင်လ ၂၉ ရက်နေ့က ပြန်လွတ်လာတယ်လို့ MDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက Chin World Media ကို ပြောပါတယ်။ MTC/ MDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “MDF ဒုတိယခေါင်းဆောင် မနေ့က ပြန်လွတ်လာပါတယ် သူနဲ့အတူ အဖမ်းဆီးခံရသူတွေလည်းပြန်လွတ်လာတယ်လို့ သိရတယ် ဘယ်လိုအခြေအနေရှိလဲဆိုတာကတော့ သတင်းမရသေးဘူး” လို့ပြောပါတယ်။ ချင်းညီနောင်(CB) အဖွဲ့ဝင် Maraland…

Read Full News

နယူးဒေလီမြို့ရှိ UNHCR ရုံးရှေ့ မြန်မာဒုက္ခသည်တွေ ဆန္ဒထုတ်ဖော်တာတွေ ရပ်တန့်စေဖို့ UNHCR က ရဲတွေနဲ့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရ

ဇူလိုင်လ ၂၉ ရက်။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ( UNHCR – India ) ရုံးရှေ့မှာ ဒုက္ခသည်အခွင့်အရေးပေးဖို့ မြန်မာဒုက္ခသည်တွေ ဆန္ဒထုတ်ဖော်ကြတဲ့ ရက်ပေါင်း ၁၇ ရက်မြောက်နေ့ ဒီကနေ့ဇူလိုင် ၂၉ ရက် မနက်မှာ ဆန္ဒပြတာတွေကို ရပ်တန့်စေဖို့ မဖြစ်မြောက်ဖို့ အတွက် UNHCR ဘက်က ရဲတွေကို ခြိမ်းခြောက်ဖို့ရန် စေလွှတ်ခဲ့တယ်လို့ Chin Refugee Committee – New Delhi (CRC-New Delhi )က ဒီကနေ့ ဇူလိုင်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒီမနက်က ဆန္ဒပြတာတွေ မဖြစ်မြောက်နိုင်ဖို့အတွက် UN ဘက်က ရဲအရာရှိတွေကို စေလွှတ်လိုက်ပေမယ့် ရဲအရာရှိတွေဘက်က…

Read Full News

မလေးရှားရောက် ချင်းဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ICC နဲ့ချင်းဘာသာရေးနှင့်လူမှုရေးအဖွဲ့စည်းခေါင်းဆောင်များအစည်းအဝေးပြုလုပ်

ဇူလိုင်လ ၂၆ ရက်။ မလေးရှားရောက် ချင်းလူမျိုးဒုက္ခသည်များအရေးနဲ့ပတ်သက်ပြီး ချင်းဒုက္ခသည်ညွှန့်ပေါင်းအဖွဲ့ (ICC) နှင့် မလေးရှားရှိ ချင်းဘာသာရေးအသင်းတော်များအပါအဝင်လူမှုရေးအဖွဲ့စည်းခေါင်းဆောင်တွေက ICC Pre-Consultation Meeting အ‌ ဖြစ်အရေးကြီးအစည်းဝေးတစ်ရပ်ကို မနေ့ ဇူလိုင်လ ၂၅ ရက်နေ့က Chin Christian Fellowship (CCF), Pudu ဘုရားကျောင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးမှာပါဝင်တက်ရောက်ခဲ့တဲ့ ICC တာဝန်ရှိသူတစ်ဦးက “အဓိကဆွေးနွေးတာက မလေးရှားမှာ ရိုဟင်ဂျာပြီးရင် ချင်းလူမျိုးက ဒုတိယအများဆုံးဆိုတော့ နိုင်ငံတကာက ချင်းဒုက္ခသည်ခေါ်ယူရေး အရမ်းနှောက်နှေးနေတာရယ် အဲ့ဒါကို ချင်းလူမျိုးတွေထဲက ပညာတတ်လူကြီးတွေ သူတို့နေထိုင်တဲ့ နိုင်ငံမှာ လွှတ်တော်အထိ ချင်းဒုက္ခသည်အရေးစကားပြောတင်ပြနိုင်တဲ့သူတွေကို ခေါ်ပြီး ပြန်ဆွေးနွေးဖို့ပေါ့ ၄ နိုင်ငံလောက်က ဧည့်သည်တွေ ခေါ်ဖို့အစီအစဉ်ရှိတယ် ဒီမလေးရှားမှာ ဖြစ်ပျက်နေတဲ့ ချင်းဒုက္ခသည်အရေးကို သူတို့နဲ့…

Read Full News

မလေးရှားရောက် မြန်မာတွေ ဇူလိုင်လ ၂၆ ရက်နေ့မှာ ကွာလာလမ်ပူမြို့တွင်း မလိုအပ်ဘဲ သွားလာခြင်း မလုပ်ကြဖို့ အထူးသတိပေး

ဇူလိုင်လ ၂၄ ရက်။ မလေးရှားနိုင်ငံရောက် မြန်မာတွေအနေနဲ့ လာမယ့် စနေနေ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ မလေးရှားနိုင်ငံသားတွေ ဆန္ဒပြချီတက်တာတွေလုပ်နိုင်တာကြောင့် အထူးသဖြင့် အထောက်ထားမဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ Merdeka Dataran နေရာတဝိုက် (သို့မဟုတ် ) ကွာလာလမ်ပူမြို့ အတွင်းမလိုအပ်ဘဲ သွားလာခြင်း မလုပ်ကြဖို့ Alliance of Chin Refugees (ACR) က ဇူလိုင် ၂၃ ရက်နေ့မှာ သတိပေးချက်ထုတ်ထားပါတယ်။ လာမယ့် စနေနေ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ မလေးရှားနိုင်ငံသားတွေဟာ Sogo , Pasar, Seni , Masjid India နှင့် Kg Baru စတဲ့ နေရာအသီးသီးကနေ Merdeka Dataran…

Read Full News

မြန်မာစစ်ဘေးရှောင်တွေ မူးယစ်ဆေးဝါးလုပ်ငန်းမှာ ပါဝင်ရင် ဥပဒေအတိုင်း ထောင်ကျခံရမှာဖြစ်ပြီး ထောင်ကလွတ်လာရင်လည်း နေရပ်ပြန်ပို့ခံရမယ်ဆိုတဲ့ စည်းမျဥ်းသစ်အပါအဝင် စည်းမျဉ်းတွေ မီဇိုရမ်ပြည်မှာ ထုတ်ပြန်

ဇူလိုင်လ ၂၄ ရက်။ မြန်မာစစ်ဘေးရှောင်တွေအနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ရင် ဥပဒေအတိုင်း ဖမ်းဆီးထောင်ကျခံရပြီး ပြန်လွတ်လာရင်လည်း နေရပ်ကို ပြည်နှင်ဒဏ်ပေးခံရမယ်လို့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင် ခရိုင် Champhai Sub – Headquarter YMA က ဇူလိုင်လ ၂၃ ရက်နေ့က မြန်မာစစ်ဘေးရှောင်တွေ လိုက်နာရမယ့် စည်းမျဉ်းသစ်တွေ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ လိုက်နာရမယ့် စည်းမျဉ်းသစ်တွေမှာ မြန်မာစစ်ဘေးရှောင်တွေအနေနဲ့ အသင်းတော်တည်ထောင်ခွင့် မရှိတာ၊ လူမျိုးနွယ်စု အခြေခံတဲ့ အသင်းအဖွဲ့ ဖွဲ့စည်းလို့မရတာ၊ မိမိနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်က YMA ထံ အမည်စာရင်းသွင်းပြီး မြန်မာမှတ်ပုံတင်ကဒ်ပြားတွေကိုလည်း အပ်နှံရမှာဖြစ်ပြီး ပြောင်းရွှေ့တာတွေလုပ်ရင်လည်း YMA ကတာဝန်ရှိသူတွေထံက ထောက်ခံစာဖြင့်သာ ပြောင်းရွှေ့ဖို့ နှင့် စစ်ရှောင်တွေအနေနဲ့ အစိုးရထံ…

Read Full News

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်မှာ စိတ်ကြွ ရူးသွပ် ဆေးပြား ၁၀,၁၀၀ ကျော် နဲ့အတူ လူနှစ်ဦး ဖမ်းဆီးခံရ

ဇူလိုင်လ ၂၁ ရက်။ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် ချမ်ဖိုင်း (Champhai) ခရိုင်မှာ မက်သမ်ဖက်တမင်း စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၁၀,၁၀၀ ကျော် နဲ့အတူ လူနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြည်နယ် အခွန်နှင့် မူးယစ်ဆေးဝါးဌာန (Excise and Narcotics Department) မှ တာဝန်ရှိသူတစ်ဦးကအတည်ပြု ပြောကြားခဲ့တယ်လို့ ဇူလိုင်လ (၂၁) ရက်နေ့မှာ India Today မီဒီယာကဖော်ပြပါတယ်။ အလေးချိန် ၁၀.၁ ကီလိုဂရမ်ခန့်ရှိသော အဆိုပါဆေးပြားများကို စနေနေ့ဇူလိုင် ၁၉ ရက် က စစ်ဆင်ရေးတစ်ခုအတွင်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ဌာန၏ ပြောရေးဆိုခွင့်ရှိသူ Peter Zohmingthanga က ဆိုပါတယ်။ သူက “စနေနေ့မှာ မဏိပူရ်ပြည်နယ်၊ Churachandpur မြို့ကနေ အသက် ၃၄ နှစ်အရွယ် Lunminlalzo…

Read Full News

MDF ဒု – ဥက္ကဌကို စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့ အတူ မီဇိုရမ်ပြည်နယ်မှာ ဖမ်းဆီးခံရတယ်လို့ သိရ

ဇူလိုင်လ ၂၁ ရက်။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင် Tuipangကျေးရွာမှာ ဇူလိုင်လ ၁၇ ရက်နေ့က Maraland Defense Force(MDF )ဒု – ဥက္ကဌဟာ စစ်ဘက်ဆိုင်ရာပစ္စည်း သယ်လာတဲ့ ကားပေါ်ပါလာလို့ ခဏဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ MDF ဘက်က တာဝန်ရှိသူတစ်ဦးက Chin World Mdeia ကို ပြောပါတယ်။ ချင်းညီနောင်အဖွဲ့ဝင် ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Maraland Defense Force (MDF )တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “MDF ဒု – ဥက္ကဌကို ဖမ်းဆီးခံရတယ်ဆိုတာ ဟုတ်ပါတယ် သူ့ပစ္စည်းတော့ မဟုတ်ပေမဲ့ စစ်ဘက်ဆိုင်ရာ သယ်လာတဲ့ ကားပေါ်တက်လာလို့ သူ့လဲ ခဏစစ်ဆေးနေတဲ့ သဘောပါ သူက လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင်ဆိုတော့ ရဲတွေက…

Read Full News

မီဇိုရမ်ပြည်နယ် Champhai ခရိုင်မှာ ရူပီး ၃၆.၇၉ ကုဋေတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဇူလိုင် ၁၉ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင် Champhai ခရိုင်မှာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (Narcotics Control Bureau – NCB) နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့ (Assam Rifles) တို့ ပူးပေါင်းစစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့ရာ ရူပီး ၃၆.၇၉ ကုဋေ (အိန္ဒိယရူပီး ၃၆၇.၉ သန်း) တန်ဖိုးရှိ ဘိန်းဖြူ (heroin) နဲ့ မက်သမ်ဖက်တမင်း (methamphetamine) ဆေးပြား အမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ ဇူလိုင်လ (၁၉) ရက်နေ့မှာ India Today မီဒီယာကဖော်ပြပါတယ်။ သတင်းပေးချက်အရ NCB အရာရှိများနှင့် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များသည် ကြာသပတေးနေ့ ဇူလိုင် ၁၇ ရက်က ပူးပေါင်းစစ်ဆင်ရေးကို စတင်ခဲ့ပြီး ဘိန်းဖြူ ၆၄၂ ဂရမ်နှင့် မက်သမ်ဖက်တမင်း ဆေးပြား ၁၀.၄၄ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ ‘ice’ သို့မဟုတ် ‘crystal meth’ ဟု လူသိများတဲ့ မက်သမ်ဖက်တမင်းသည် ကိုကိန်းနှင့် ဆင်တူသော ပြင်းထန် စိတ်ကြွစေသည့် အာနိသင်ရှိပြီး စွဲလမ်းမှု အလွန်အားကောင်းသော ဆေးဝါးတစ်မျိုး ဖြစ်ပါတယ်။ အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးများကို NCB သို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။ ယခုလအစောပိုင်းကလည်း အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့ပူးပေါင်းစစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့ပြီး Champhai ခရိုင်ရှိ အိန္ဒိယ-မြန်မာနယ်စပ် Zokhawthar ကျေးရွာမှာ ရူပီး ၆.၆၇ ကုဋေကျော် (အိန္ဒိယရူပီး ၆၆.၇ သန်း) တန်ဖိုးရှိ တားမြစ်ထားသော မက်သမ်ဖက်တမင်း ဆေးပြားများကို သိမ်းဆည်းရမိကာ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့ဝင်များက ဇွန်လကတည်းက အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ နယ်စပ်ဖြတ်ကျော်ဝင်ထွက်ရာ Zawkhawthar မှာ စစ်ဆေးရေးဂိတ်အသစ်ကိုလည်း ထပ်မံဖွင့်ထားခဲ့ပါတယ်။

Read Full News