မဏိပူရ်ပြည်နယ်မှာ နေထိုင်သူများအနေနဲ့ နောင်တွင် လူမျိုးရေးပြသနာကိုဆွေးနွေးအဖြေရှာခြင်းဖြင့် ဖြေရှင်းရန် ဝန်ကြီးချုပ်တိုက်တွန်း
ဇန်န၀ါရီလ ၂၁ ရက်။ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အတွင်းနေထိုင်ကြတဲ့ မျိုးနွယ်စုအားလုံးအနေနဲ့အချင်းချင်းကြားနားလည်မှုလွဲမှားတဲ့ကိစ္စရပ်များကို အကြမ်းဖက်နည်းလမ်းမဟုတ်ပဲဆွေးနွေးအဖြေရှာတဲ့နည်းလမ်းနဲ့ဖြေရှင်းပြီး လူမျိုးနွယ်စုတစ်ခုနဲ့တစ်ခုအကြား အသိအမှတ်ပြုကာနေထိုင်ကြရမှာဖြစ်တယ်လို့ ဇန်နဝါရီလ (၂၁) ရက်နေ့တွင်ကျရောက်တဲ့ ၅၃ နှစ်မြောက်မဏိပူရ်ပြည်နယ်နေ့မှာ ဝန်ကြီးချုပ် N Biren Singh ကတိုက်တွန်းပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်က “ နားလည်မှုလွဲမှားမှုတိုင်းကို အတူတကွ ဆွေးနွေးဖြေရှင်းသင့်တယ်။မသက်ဆိုင်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေးပြီး ပြသနာကို လမ်းကြောင်းလွှဲဖို့ ကြိုးစားတာကိုရပ်လိုက်ကြရအောင်။ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ မဏိပူရ်ပြည်နယ်အတွင်းတရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို မှန်မှန်ကန်ကန်ဖော်ထုတ်ပြီးမောင်းထုတ်ရမှာဖြစ်တယ်။ ပြည်နယ်အတွင်း မူလကတည်းက အခြေချနေထိုင်တဲ့မျိုးနွယ်စုအချင်းချင်း အသိအမှတ်ပြုပြီး အတူတကွ နေထိုင်ရန် လိုအပ်ပါတယ်”လို့ပြောပါတယ်။ မဏိပူရ်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ကသည်းလူမျိုးများနဲ့ ဇို-ကူကီးလူမျိုးနွယ်စုတို့အကြား၂၀၂၃ ခုနှစ် မေလက စတင်ပြီး လူမျိုးရေးအကြမ်းဖက်မှုများကြောင့် လူပေါင်း ၂၅၀ကျော်သေဆုံးပြီး လူပေါင်း ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့အပြင်ဘာသာရေးအဆောက်အဦးပေါင်း ၃၈၆…

