အိန္ဒိယ – မြန်မာနယ်စပ်လွတ်လပ်စွာဖြတ်သန်းခွင့်ပိတ်ပင်မှုကို ကန့်ကွက်ကြောင်း ဇန်နဝါရီ ၂၉ မှာ မီဇိုရမ်ပြည်နယ်အနှံ့ဆန္ဒဖော်ထုတ်မယ်
ဇန်နဝါရီလ ၁၉ ရက်။ အိန္ဒိယဗဟိုအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက အိန္ဒိယ-မြန်မာ လွတ်လပ်စွာနယ်စပ်ဖြတ်ကျော်ခွင့် Free Movement Regime (FMR) ကိုဖျက်သိမ်းပြီး ၂ နိုင်ငံ နယ်စပ်ဖြတ်ကျော်ခွင့်အတွက် ခွင့်ပြုချက်အထောက်အထားများတောင်းခံတဲ့ စနစ်သစ်ကို ကျင့်သုံးလာတဲ့အပေါ် ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်မှုကို ဇန်နဝါရီလ (၂၉) ရက်နေ့မှာ မီဇိုရမ်ပြည်နယ်အနှံ့ပြုလုပ်မှာဖြစ်တယ်လို့ ZORO အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ R.Sangkawia ကပြောကြားလိုက်ကြောင်း India Today မီဒီယာကဇန်နဝါရီ ၁၇ ရက်နေ့မှာ ဖော်ပြပါတယ်။ အဆိုပါဆန္ဒထုတ်ဖော်မှုကို မီဇိုရမ်ပြည်နယ်အခြေစိုက် Zo Re – Unification Organization (ZORO) အဖွဲ့နဲ့ Chin, Kuki, Mizo အရပ်ဖက် အဖွဲ့အစည်းများရဲ့ ဦးဆောင်မှုနဲ့ ဆန္ဒဖော်ထုတ်သွားမှာဖြစ်ပြီး အင်ဒို – မြန်မာနယ်စပ် ခြံစည်းရိုးကာခြင်း၊ စစ်ရှောင်များအား…

