Headlines

ထိန်းချုပ်နယ်မြေမှာ ကျောင်းသား/ ကျောင်းသူပေါင်း ၆၀,၀၀၀ ကျော်ကို ဆရာ၊ ဆရာမ အင်အား ၅,၀၄၀ ဦးခန့်နဲ့ ပညာသင်ကြားပေးလျှက်ရှိကြောင်းချင်းညီနောင်အဖွဲ့အစီရင်ခံစာမှာဖော်ပြ

ချင်းညီနောင် ထိန်းချုပ်နယ်မြေမှာ ကျောင်းသား/ ကျောင်းသူပေါင်း ၆၀,၀၀၀ ကျော်ကို ဆရာ၊ ဆရာမ အင်အား ၅,၀၄၀ ဦးခန့်နဲ့ ပညာသင်ကြားပေးလျှက်ရှိတဲ့အကြောင်း ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျင်းပခဲ့တဲ့ ချင်းညီနောင်ဖွဲ့စည်းခြင်း ၁ နှစ်ပြည့် အခမ်းအနားအစီစဉ်မှာ ဖော်ပြတဲ့ အစီရင်ခံစာအရ သိရပါတယ်။ ICNCC/CB က Chin State Education Board နဲ့ လက်တွဲပြီး လွတ်မြောက်နယ်မြေ နဲ့ ချင်းညီနောင် ထိန်းချုပ်နယ်မြေတွေမှာ ကျောင်းပေါင်း ၈၃၅ ကျောင်း ဖွင့်လှစ်ပြီး ပညာ သင်ကြားပေးလျှက်ရှိတဲ့ကြောင်း ချင်းညီနောင်အဖွဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ချင်းညီနောင်အဖွဲ့ဟာ လက်ရှိ ချင်းပြည်နယ်မှာ မတူပီမြိို့၊ မင်းတပ်မြို့၊ ကန်ပက်လက်မြို့၊ ကျင်ဒွေးမြို့ ၄ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားသလို ဖလမ်းမြို့ကို…

Read More

စစ်ရှောင်များရဲ့ ဇီ၀ဗေဒဆိုင်ရာ စာရင်းပြုစုခြင်းကိုလုပ်ဆောင်တာ မပြီးနိုင်သေးလို့မီဇိုရမ်ပြည်ထဲရေးဌာနက ဆက်လက်လုပ်ဆောင်မယ်

ဒီဇင်ဘာလ ၃၁ ရက်။ မြန်မာနိုင်ငံတွင်းကနေ မီဇိုရမ်ပြည်နယ်တွင်းကို ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ၃ သောင်းကျော်ရဲ့ ဇီ၀ဗေဒဆိုင်ရာ စာရင်းသွင်းခြင်း (Biometric enrolment)ကိုယခု ဒီဇင်ဘာလကုန်နောက်ဆုံးထားလုပ်ဆောင်ရန် ဖြစ်ပေမယ့်လည်း (form)ဖောင်ပုံစံအခက်အခဲကြောင့် ဇီ၀ဗေဒဆိုင်ရာစာရင်းသွင်းခြင်းကိုဆက်လက်လုပ်ဆောင်နေရသေးကြောင်း မီဇိုရမ်ပြည်နယ်၊ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတွေက ပြောကြားတယ်လို့ ဒီဇင်ဘာ (၃၀) ရက်နေ့မှာ Times of India သတင်းဌာနကဖော်ပြပါတယ်။ “ ဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ပေးပို့တဲ့ စာရင်းသွင်းရမယ့်ဖောင်(form) ပုံစံဟာအိန္ဒိယပြည်တွင်းကို တရားမဝင်ရောက်ရှိလာတဲ့ နိုင်ငံခြားသားတွေအတွက်ပြင်ဆင်ထားတာဖြစ်တဲ့ အတွက် ပြည်နယ်အစိုးရအနေနဲ့ တရားဝင်လက်ခံထားတဲ့ မြန်မာနိုင်ငံကရောက်ရှိလာတဲ့ ဒုက္ခသည်တွေရဲ့ ဇီ၀ဗေဒဆိုင်ရာ အချက်အလက်တွေကို စုဆောင်းရာမှာအကျုံးမဝင်ဘူး ဖြစ်နေတယ်” လို့ မီဇိုရမ် ပြည်ထဲရေးဌာန အကြီးတန်းအရာရှိတစ်ဦးကပြောပါတယ်။ သူကဆက်ပြီး ဗဟိုပြည်ထဲရေးဝန်ကြီး Amit Shah က မြန်မာပြည်အတွင်း…

Read More

မတူပီ၊မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းနဲ့ တီးတိန် မြို့သိမ်းတိုက်ပွဲတွေမှာ ချင်းညီနောင်အဖွဲ့ကရဲဘော် ၁၀၀ ခန့် ကျဆုံးပြီး ၄၀၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့

ဒီဇင်ဘာလ ၃၀ရက်။ ၂၀၂၄ ခုနှစ် ၁ နှစ်တာအတွင်း စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့ မတူပီ၊မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းနဲ့ တီးတိန်မြို့သိမ်းစစ်ဆင်ရေးစတဲ့ စခန်းသိမ်းတိုက်ပွဲတွေမှာ ချင်းညီနောင် ရဲဘော် ၁၀၀ ခန့် ကျဆုံးခဲ့ပြီး ၄၀၀ ခန့် ထိခိုက်ဒဏ်ရာရခဲ့တယ် လို့ ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်မှာ ပြုလုပ်တဲ့ ချင်းညီနောင်အဖွဲ့ ၁ နှစ်ပြည့်အခမ်းအနားမှာ ချင်းညီနောင်အဖွဲ့၊CDF – မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေကပြောပါတယ်။ “ကျနော်တို့ ချင်းညီနောင်တပ်ဖွဲ့ရဲ့ ရဲဘော် ၁၀၀ ဝန်းကျင်လောက် ကျဆုံးပြီးတော့ ၊ရဲဘော် ၄၀၀ ဝန်းကျင်လောက် ထိခိုက်ဒဏ်ရာရရှိတာ ရှိပါတယ်။ ဒါကတော့ ချင်းညီနောင်စစ်ဆင်ရေးသက်သက်ကို ပြောတာဖြစ်ပါတယ်။ ဆို တော့ ကျနော်တို့ရဲ့ ကျသွားတဲ့သူရဲကောင်းတွေပေါ့။ သွေးတွေနဲ့ရေးထားတဲ့ တော်လှန်ရေး…

Read More

ချင်းအမျိုးသားများ ပေါင်းစည်းညီညွှတ်ရေးလုပ်ငန်းစဉ်မှာ ကူညီဖို့ အမြဲအသင့်ရှိတယ်လို့ NUG ယာယီသမ္မတပြော

ဒီဇင်ဘာလ ၃၀ ရက်။ ချင်းအမျိုးသားများရဲ့ ပေါင်းစည်းညီညွှတ်ရေး လုပ်ငန်းစဉ်တွေမှာ ဝိုင်းဝန်းအားဖြည့် ကူညီဖို့ အမျိုးသားညီညွှတ်ရေးအစိုးရအနေနဲ့ အမြဲအသင့်ရှိနေတယ်လို့ ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်မှာ ပြုလုပ်တဲ့ချင်းညီနောင်ဖွဲ့စည်းခြင်း ၁ နှစ်ပြည့် အခမ်းအနားမှာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ယာယီသမ္မတ ဒူဝါလရှီးလက သတင်းစကားပါး ထည့်သွင်းပြောကြားခဲ့ပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက “စစ်အာဏာရှင်စနစ်ကို သုတ်သင်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိိုကရေစီအသစ်တည်ထောင်ရေးဟာ မဟာမိတ်တပ်ပေါင်းစု တည်ဆောက်ရေး မဟာဗျူဟာနဲ့ တော်လှန်ရေးအင်အားစုများအကြား စုစည်းညီညွှတ်မှု ခိုင်မာအားကောင်းမှုအပေါ်မှာ အများကြီးမှုတည်နေတာဖြစ်ပါတယ် ကျနော်တို့အစိုးရအနေနဲ့လည်း ချင်းအမျိုးသားများရဲ့ပေါင်းစည်းညီညွှတ်ရေး လုပ်ငန်းစဉ်တွေမှာ ဝိုင်းဝန်းအားဖြည့်ကူညီဖို့ အမြဲအသင့်ရှိနေတဲ့ကြောင်း ဒီနေ့အခန်းအနားကနေတဆင့် သတင်းစကားပါးချင်ပါတယ်” လို့ပြောပါတယ်။ ချင်းညီနောင်အနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ချင်းပြည်ပြန်လည်ပေါင်းစည်းရေး နှင့် ချင်းလူမျိုးများသွေးစည်းညီညွှတ်ရေးကို လိုလားတဲ့အကြောင်း ချင်းပြည်ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းပေးတဲ့ မည်သည့်အဖွဲ့အစည်း (Third Parties)…

Read More

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၄ခု သိမ်းပိုက်ထားတဲ့ ULA/AA အနေဖြင့် နိုင်ငံရေးနည်းလမ်းများဖြင့်ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိကြောင်းထုတ်ပြန်

ဒီဇင်ဘာလ ၂၉ ရက်။ ချင်းပြည်နယ် ပလက်ဝမြို့နယ် နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၄ခု ကို သိမ်းပိုက်ခဲ့ပြီ ဖြစ်တဲ့ အာရက္ခတပ်တော် (ULA/AA) အနေဖြင့် လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက် များကိုစစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့်ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိပါကြောင်း ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ULA/AA က သဘောထားထုတ်ပြန်ပါတယ်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ၏ လက်ရှိ မြန်မာ့ နိုင်ငံရေး နဲ့ ပတ်သက်ပြီး “၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်ခဲ့သည့် အာရက္ခဒေသအတွင်းမှ အာရက္ခတပ်တော်၏ ထိုးစစ်များသည် မိမိတို့ အာရက္ခဒေသအတွင်းနေ ပြည်သူလူထုတစ်ရပ်လုံး၏ လိုလားသောဆန္ဒနှင့် အာရက္ခ ဒေသနေ လူမျိုးပေါင်းစုံ လွတ်မြောက်ရေးကို အဓိကရည်ရွယ်” တယ်…

Read More

အမ်းမြို့နယ် (နပခ)က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတချို့ကိုဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိတယ်လို့ CDF – Asho ထုတ်ပြန်

ဒီဇင်ဘာလ ၂၈ ရက်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးရမိတာနဲ့အလင်းဝင်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီကနေ လက်နက်ခဲယမ်းအများအပြားနှင့် စစ်အသုံးဆောင်များစွာ သိမ်းဆည်းရရှိတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) ကဒီကနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို အာရက္ခတပ်တော် (AA) တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကြောင်းအသီးသီးက စစ်ကြောင်းပျက် ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၉၀) ခန့်ပါ စစ်ကြောင်း ၂ ကြောင်းကို အမ်း – ပဒါန်း လမ်းမအနီးပျဉ်းဝ စစ်ဆေးဂိတ် အနောက်ဘက်မီတာ (၁၅၀၀) ေကျာ်ခန့်ကနေ ပိတ်ဆို့တားဆီးခဲ့တယ်လို့ CDF – Asho က ထုတ်ပြန်ထားပါတယ်။ အသာတကြည်…

Read More

မဏိပူရ်ပြည်နယ်အတွင်း နိုင်ငံခြားသားများ ဗီဇာ၊ နိုင်ငံကူးလက်မှတ်ဖြင့်သာ သွားလာခွင့်ရမည်

မြန်မာနိုင်ငံနဲ့နယ်နမိတ်ထိစပ်တဲ့ အိန္ဒိယနိုင်ငံ၊မဏိပူရ်ပြည်နယ်အစိုးရမှ ပြည်နယ်တွင်း နိုင်ငံခြားသားဝင်ခွင့်အတွက် ဗီဇာ (သို့)နိုင်ငံကူးလက်မှတ်များဖြင့်သာ မဏိပူရ်ပြည်နယ်တွင်းသို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် N Biren Singh ကသတင်းမီဒီယာများသို့ထပ်မံအသိပေးပြောကြားခဲ့ကြောင်း India Today မီဒီယာက ဒီဇင်ဘာ (၂၆) ရက်နေ့မှာဖော်ပြပါတယ်။ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က “အိန္ဒိယအစိုးရက လွတ်လပ်စွာသွားလာလှုပ်ရှားမှု FreeMovement Regime (FMR) ကိုထိန်းညှိဖို့ကြိုးစားတာဖြစ်တယ်။ ဘေးပြည်နယ်တွေကတော့မပြဌာန်းဖို့တောင်းဆိုကြတယ်။ အစောပိုင်းကတည်းက ပြည်ထဲရေးဝန်ကြီးဌာနက အိန္ဒိယကိုလာလိုတဲ့ မြန်မာနိုင်ငံသားများကို ဗီဇာထုတ်ပေးဖို့ကိုလည်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။ ဗီဇာနဲ့နိုင်ငံကူးလက်မှတ် ရပြီးမှသာ ခွင့်ပြုမှာပါ” လို့ မီဒီယာများကိုပြောပါတယ်။ Free Movement Regime (FMR) ဟာ ပြည်နယ်တစ်ခုလုံးသို့သွားလာခွင့်မဟုတ်ပဲနယ်စပ်တစ်လျှောက်နေထိုင်သူများကို ဗီဇာနဲ့ နိုင်ငံကူးလက်မှတ်မလိုပဲ နိုင်ငံတစ်ဖက်နဲ့တစ်ဖက်၁၆ ကီလိုမီတာ (၁၀ မိုင်ခန့်) အထိသွားလာဖို့ခွင့်ပြုထားခြင်းဖြစ်ပါတယ်။ ထိုသို့နယ်စပ်ဖြတ်ကျော်ခွင့်ကိုလည်း ၁၄ ရက်အထိသာနေထိုင်ခွင့်ပေးထားတာဖြစ်ပြီးသတ်မှတ်ထားတဲ့ ပြန်ဌာန်းချက်များဖြင့်ကိုက်ညီတဲ့အကြောင်းပြချက်များဖြင့်သာခွင့်ပြုချက်ယူပြီးသွားလာခွင့်ရမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံအရှေ့မြောက်ဖက်ခြမ်းရှိ…

Read More

ချင်းပြည်မှာ ချင်းဒေသကာကွယ်ရေးတပ်များ နယ်မြေစိုးမိုးမှုများလာခြင်းကြောင့် မီဇိုရမ်ပြည်က စစ်ရှောင်အများအပြား နေရပ်ပြန်ရန်မျှော်လင့်နေ

ဒီဇင်ဘာလ ၂၇ ရက်။ ချင်းပြည်နယ်အတွင်း ချင်းဒေသကာကွယ်ရေးတပ်များ နယ်မြေစိုးမိုးမှု အများအပြားပြန်လည်ရရှိနေပြီဖြစ်သဖြင့် စစ်ရှောင်ဒုက္ခသည်အများအပြားမှာ နေရပ်ပြန်ရန် မျှော်လင့်နေကြကြောင်း မီဇိုရမ် ပြည်နယ်အစိုးရရဲ့ ဒုက္ခသည်များတည်းခိုနေထိုင်ရန် ရွေးချယ်မှုများကို စုံစမ်းစစ်ဆေးရေးတာဝန်ယူထားတဲ့ သုတေသနအဖွဲ့ရဲ့ အစီရင်ခံတင်ပြမှုမှာပါရှိတယ်လို့ အိန္ဒိယအခြေစိုက် Northeast Today မီဒီယာက ဒီဇင်ဘာလ (၂၆) ရက်နေ့မှာ သတင်းဖော်ပြပါတယ်။ ယခုဒီဇင်ဘာလအတွင်း ချင်းပြည်က မင်းတပ်နဲ့ကန်ပက်လက်မြို့အချို့ကို ဒေသကာကွယ်ရေးတပ်များမှ ထပ်မံထိန်းချုပ်လိုက်ခြင်းဖြစ်ပြီး တစ်ဆက်တည်းမှာ မီဇိုရမ်ပြည်နယ်အတွင်းရှိ အစိုးရ၏ အစီအမံဖြင့် စစ်ဘေးရှောင်ဒုက္ခသည်စခန်းများတွင်နေထိုင်သူများမှာ အခြားနေရာများသို့ရွှေ့ပြောင်းနေထိုင်မှုကြောင့် နှစ်ပတ်အတွင်း စခန်းအတွင်းနေထိုင်သူဦးရေ လေးရာနီးပါး လျှော့နည်းသွားကြောင်း မီဇိုရမ်ပြည်နယ် သဘာ၀ဘေးအန္တရယ် စီမံခန့်ခွဲရေးနဲ့ ပြန်လည်ထူထောင်ရေး ဌာနကထုတ်ပြန်ထားတယ်လို့ NET မီဒီယာမှာဖော်ပြပါတယ်။ မီဇိုရမ်ပြည်နယ်အစိုးရရဲ့ တရားဝင်စာရင်းအရ ဒုက္ခသည်ဦးရေမှာ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ၃၃,၀၃၆ ဦးရှိပြီး…

Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်အဖွဲ့ရဲ့ မဟာမိတ် မုံရွာခရိုင်အမှတ် (၃) တပ်ရင်းက ရဲဘော် (၇) ဦးကျဆုံးခဲ့

ဒီဇင်ဘာလ ၂၇ ရက်။ ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်အဖွဲ့ရဲ့ မဟာမိတ်တပ်ဖွဲ့ မုံရွာခရိုင််အမှတ် (၃) တပ်ရင်းက ရဲဘော် (၇) ဦးကျဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်း မုံရွာခရိုင်အမှတ် (၃)တပ်ရင်းက ဒီကနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းက “ မုံရွာခရိုင်အမှတ် (၃) တပ်ရင်းက ရဲဘော် (၇)ယောက် ပေးဆပ်ကျဆုံးခဲ့ရပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အသက်ကို ပဓာနမထားပဲ အောင်ပွဲတွေရရှိနိုင်ရန် ပေးဆပ်တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော် (၇) ဦးကို ဦးညွှတ်ဂုဏ်ပြုကြောင်းနဲ့ နွေဦးတော်လှန်ရေးမိဘပြည်သူတွေအနေနဲ့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက ရဲဘော်တွေအားလုံးရဲ့ မလျော့သောဇွဲဖြင့် ယနေ့အချိန်ထိ လိုချင်သော ပန်းတိုင်မရောက်မချင်း ဆက်လက်ပြီး ကြိုးစားနေမည်ဖြစ်ကြောင်းကိုလည်း သစ္စာကတိပြုတယ်”…

Read More

ချင်းပြည် ပလက်ဝမြို့နဲ့ရခိုင်ပြည်ကမြို့နယ်အချို့မှာ အာရက္ခတပ်တော်(ULA/AA) မှ ခရစ္စမတ်ပွဲကျင်းပပေးခဲ့

ဒီဇင်ဘာလ ၂၆ ရက်။ ချင်းပြည် ပလက်ဝမြို့ အပါအဝင် ရခိုင်ပြည်ကမြို့နယ်အချို့မှာ အာရက္ခတပ်တော် (ULA/AA )မှ မနေ့က ဒီဇင်ဘာလ ၂၅ ရက်မှာ ဒေသခံခရစ်ယာန်ဘာသာဝင်တွေနဲ့အတူခရစ္စမတ်ပွဲတော် ကျင်းပပေးခဲ့ကြောင်း ULA/AAနဲ့ Aarakan Princess Media ရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။ ဒေသနေပြည်သူတွေရဲ့ လုံခြုံရေးလိုအပ်ချက်အရ ခရစ္စမတ်ပွဲတော်ကျင်းပခဲ့တဲ့ နေရာအတိအကျကို ULA/AA မှ ဖော်ပြခြင်း မပြုပေ။ AA က ခရစ္စမတ်လက်ဆောင်အဖြစ် နွားထီးသုံးကောင်ကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းက CDF-Paletwa ကို ပေးအပ်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးနှင့် မြန်မာနိုင်ငံအနှံ့အပြားမှ ခရစ်ယာန်ဘာသာဝင်များ၊ အာရက္ခဒေသ နှင့် ပလက်ဝဒေသအတွင်းရှိ ခရစ်ယန်ဘာသာဝင်များအားလုံး “ခရစ္စမတ်အခါသမယတွင် ငြိမ်းအေးသာယာမှုရရှိကြစေပြီး စစ်မှန်သောလွတ်မြောက်မှုများနှင့်အတူ လိုအင်ဆန္ဒများ တစ်လုံးတစ်ဝ ပြည့်စုံနိုင်ကြပါစေ” ကြောင်း ULA/AA က ဒီဇင်ဘာလ ၂၄…

Read More