Headlines

မလေးရှားရောက် ချင်းဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး ICC နဲ့ချင်းဘာသာရေးနှင့်လူမှုရေးအဖွဲ့စည်းခေါင်းဆောင်များအစည်းအဝေးပြုလုပ်

ဇူလိုင်လ ၂၆ ရက်။ မလေးရှားရောက် ချင်းလူမျိုးဒုက္ခသည်များအရေးနဲ့ပတ်သက်ပြီး ချင်းဒုက္ခသည်ညွှန့်ပေါင်းအဖွဲ့ (ICC) နှင့် မလေးရှားရှိ ချင်းဘာသာရေးအသင်းတော်များအပါအဝင်လူမှုရေးအဖွဲ့စည်းခေါင်းဆောင်တွေက ICC Pre-Consultation Meeting အ‌ ဖြစ်အရေးကြီးအစည်းဝေးတစ်ရပ်ကို မနေ့ ဇူလိုင်လ ၂၅ ရက်နေ့က Chin Christian Fellowship (CCF), Pudu ဘုရားကျောင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးမှာပါဝင်တက်ရောက်ခဲ့တဲ့ ICC တာဝန်ရှိသူတစ်ဦးက “အဓိကဆွေးနွေးတာက မလေးရှားမှာ ရိုဟင်ဂျာပြီးရင် ချင်းလူမျိုးက ဒုတိယအများဆုံးဆိုတော့ နိုင်ငံတကာက ချင်းဒုက္ခသည်ခေါ်ယူရေး အရမ်းနှောက်နှေးနေတာရယ် အဲ့ဒါကို ချင်းလူမျိုးတွေထဲက ပညာတတ်လူကြီးတွေ သူတို့နေထိုင်တဲ့ နိုင်ငံမှာ လွှတ်တော်အထိ ချင်းဒုက္ခသည်အရေးစကားပြောတင်ပြနိုင်တဲ့သူတွေကို ခေါ်ပြီး ပြန်ဆွေးနွေးဖို့ပေါ့ ၄ နိုင်ငံလောက်က ဧည့်သည်တွေ ခေါ်ဖို့အစီအစဉ်ရှိတယ် ဒီမလေးရှားမှာ ဖြစ်ပျက်နေတဲ့ ချင်းဒုက္ခသည်အရေးကို သူတို့နဲ့…

Read More

မလေးရှားရောက် မြန်မာတွေ ဇူလိုင်လ ၂၆ ရက်နေ့မှာ ကွာလာလမ်ပူမြို့တွင်း မလိုအပ်ဘဲ သွားလာခြင်း မလုပ်ကြဖို့ အထူးသတိပေး

ဇူလိုင်လ ၂၄ ရက်။ မလေးရှားနိုင်ငံရောက် မြန်မာတွေအနေနဲ့ လာမယ့် စနေနေ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ မလေးရှားနိုင်ငံသားတွေ ဆန္ဒပြချီတက်တာတွေလုပ်နိုင်တာကြောင့် အထူးသဖြင့် အထောက်ထားမဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ Merdeka Dataran နေရာတဝိုက် (သို့မဟုတ် ) ကွာလာလမ်ပူမြို့ အတွင်းမလိုအပ်ဘဲ သွားလာခြင်း မလုပ်ကြဖို့ Alliance of Chin Refugees (ACR) က ဇူလိုင် ၂၃ ရက်နေ့မှာ သတိပေးချက်ထုတ်ထားပါတယ်။ လာမယ့် စနေနေ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ မလေးရှားနိုင်ငံသားတွေဟာ Sogo , Pasar, Seni , Masjid India နှင့် Kg Baru စတဲ့ နေရာအသီးသီးကနေ Merdeka Dataran…

Read More

မြန်မာစစ်ဘေးရှောင်တွေ မူးယစ်ဆေးဝါးလုပ်ငန်းမှာ ပါဝင်ရင် ဥပဒေအတိုင်း ထောင်ကျခံရမှာဖြစ်ပြီး ထောင်ကလွတ်လာရင်လည်း နေရပ်ပြန်ပို့ခံရမယ်ဆိုတဲ့ စည်းမျဥ်းသစ်အပါအဝင် စည်းမျဉ်းတွေ မီဇိုရမ်ပြည်မှာ ထုတ်ပြန်

ဇူလိုင်လ ၂၄ ရက်။ မြန်မာစစ်ဘေးရှောင်တွေအနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ရင် ဥပဒေအတိုင်း ဖမ်းဆီးထောင်ကျခံရပြီး ပြန်လွတ်လာရင်လည်း နေရပ်ကို ပြည်နှင်ဒဏ်ပေးခံရမယ်လို့ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင် ခရိုင် Champhai Sub – Headquarter YMA က ဇူလိုင်လ ၂၃ ရက်နေ့က မြန်မာစစ်ဘေးရှောင်တွေ လိုက်နာရမယ့် စည်းမျဉ်းသစ်တွေ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ လိုက်နာရမယ့် စည်းမျဉ်းသစ်တွေမှာ မြန်မာစစ်ဘေးရှောင်တွေအနေနဲ့ အသင်းတော်တည်ထောင်ခွင့် မရှိတာ၊ လူမျိုးနွယ်စု အခြေခံတဲ့ အသင်းအဖွဲ့ ဖွဲ့စည်းလို့မရတာ၊ မိမိနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်က YMA ထံ အမည်စာရင်းသွင်းပြီး မြန်မာမှတ်ပုံတင်ကဒ်ပြားတွေကိုလည်း အပ်နှံရမှာဖြစ်ပြီး ပြောင်းရွှေ့တာတွေလုပ်ရင်လည်း YMA ကတာဝန်ရှိသူတွေထံက ထောက်ခံစာဖြင့်သာ ပြောင်းရွှေ့ဖို့ နှင့် စစ်ရှောင်တွေအနေနဲ့ အစိုးရထံ…

Read More

မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်မှာ စိတ်ကြွ ရူးသွပ် ဆေးပြား ၁၀,၁၀၀ ကျော် နဲ့အတူ လူနှစ်ဦး ဖမ်းဆီးခံရ

ဇူလိုင်လ ၂၁ ရက်။ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ် ချမ်ဖိုင်း (Champhai) ခရိုင်မှာ မက်သမ်ဖက်တမင်း စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၁၀,၁၀၀ ကျော် နဲ့အတူ လူနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြည်နယ် အခွန်နှင့် မူးယစ်ဆေးဝါးဌာန (Excise and Narcotics Department) မှ တာဝန်ရှိသူတစ်ဦးကအတည်ပြု ပြောကြားခဲ့တယ်လို့ ဇူလိုင်လ (၂၁) ရက်နေ့မှာ India Today မီဒီယာကဖော်ပြပါတယ်။ အလေးချိန် ၁၀.၁ ကီလိုဂရမ်ခန့်ရှိသော အဆိုပါဆေးပြားများကို စနေနေ့ဇူလိုင် ၁၉ ရက် က စစ်ဆင်ရေးတစ်ခုအတွင်း သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ဌာန၏ ပြောရေးဆိုခွင့်ရှိသူ Peter Zohmingthanga က ဆိုပါတယ်။ သူက “စနေနေ့မှာ မဏိပူရ်ပြည်နယ်၊ Churachandpur မြို့ကနေ အသက် ၃၄ နှစ်အရွယ် Lunminlalzo…

Read More

MDF ဒု – ဥက္ကဌကို စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့ အတူ မီဇိုရမ်ပြည်နယ်မှာ ဖမ်းဆီးခံရတယ်လို့ သိရ

ဇူလိုင်လ ၂၁ ရက်။ အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟားခရိုင် Tuipangကျေးရွာမှာ ဇူလိုင်လ ၁၇ ရက်နေ့က Maraland Defense Force(MDF )ဒု – ဥက္ကဌဟာ စစ်ဘက်ဆိုင်ရာပစ္စည်း သယ်လာတဲ့ ကားပေါ်ပါလာလို့ ခဏဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ MDF ဘက်က တာဝန်ရှိသူတစ်ဦးက Chin World Mdeia ကို ပြောပါတယ်။ ချင်းညီနောင်အဖွဲ့ဝင် ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ Maraland Defense Force (MDF )တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “MDF ဒု – ဥက္ကဌကို ဖမ်းဆီးခံရတယ်ဆိုတာ ဟုတ်ပါတယ် သူ့ပစ္စည်းတော့ မဟုတ်ပေမဲ့ စစ်ဘက်ဆိုင်ရာ သယ်လာတဲ့ ကားပေါ်တက်လာလို့ သူ့လဲ ခဏစစ်ဆေးနေတဲ့ သဘောပါ သူက လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင်ဆိုတော့ ရဲတွေက…

Read More

မီဇိုရမ်ပြည်နယ် Champhai ခရိုင်မှာ ရူပီး ၃၆.၇၉ ကုဋေတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဇူလိုင် ၁၉ ရက်။ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင် Champhai ခရိုင်မှာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (Narcotics Control Bureau – NCB) နဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့ (Assam Rifles) တို့ ပူးပေါင်းစစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့ရာ ရူပီး ၃၆.၇၉ ကုဋေ (အိန္ဒိယရူပီး ၃၆၇.၉ သန်း) တန်ဖိုးရှိ ဘိန်းဖြူ (heroin) နဲ့ မက်သမ်ဖက်တမင်း (methamphetamine) ဆေးပြား အမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ ဇူလိုင်လ (၁၉) ရက်နေ့မှာ India Today မီဒီယာကဖော်ပြပါတယ်။ သတင်းပေးချက်အရ NCB အရာရှိများနှင့် အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များသည် ကြာသပတေးနေ့ ဇူလိုင် ၁၇ ရက်က ပူးပေါင်းစစ်ဆင်ရေးကို စတင်ခဲ့ပြီး ဘိန်းဖြူ ၆၄၂ ဂရမ်နှင့် မက်သမ်ဖက်တမင်း ဆေးပြား ၁၀.၄၄ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။ ‘ice’ သို့မဟုတ် ‘crystal meth’ ဟု လူသိများတဲ့ မက်သမ်ဖက်တမင်းသည် ကိုကိန်းနှင့် ဆင်တူသော ပြင်းထန် စိတ်ကြွစေသည့် အာနိသင်ရှိပြီး စွဲလမ်းမှု အလွန်အားကောင်းသော ဆေးဝါးတစ်မျိုး ဖြစ်ပါတယ်။ အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးများကို NCB သို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။ ယခုလအစောပိုင်းကလည်း အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့ပူးပေါင်းစစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့ပြီး Champhai ခရိုင်ရှိ အိန္ဒိယ-မြန်မာနယ်စပ် Zokhawthar ကျေးရွာမှာ ရူပီး ၆.၆၇ ကုဋေကျော် (အိန္ဒိယရူပီး ၆၆.၇ သန်း) တန်ဖိုးရှိ တားမြစ်ထားသော မက်သမ်ဖက်တမင်း ဆေးပြားများကို သိမ်းဆည်းရမိကာ မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မီဇိုရမ်ရဲတပ်ဖွဲ့ဝင်များက ဇွန်လကတည်းက အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ နယ်စပ်ဖြတ်ကျော်ဝင်ထွက်ရာ Zawkhawthar မှာ စစ်ဆေးရေးဂိတ်အသစ်ကိုလည်း ထပ်မံဖွင့်ထားခဲ့ပါတယ်။

Read More

မီဇိုရမ်ပြည်က မြန်မာဒုက္ခသည်များရဲ့ ဇီ၀ဆိုင်ရာ (biometric) အချက်အလက်ကောက်ယူရန်အတွက်ရူပီးငွေ ၃၈ သိန်းအသုံးပြုမယ်

ဇူလိုင်လ ၁၇ ရက်။ အိန္ဒိယနိုင်ငံ၊မီဇိုရမ်ပြည်နယ်မှာ ခိုလှုံလျက်ရှိတဲ့ မြန်မာဒုက္ခသည် များရဲ့ ဇီ၀ဆိုင်ရာ (biometric) နဲ့ လူဦးရေဆိုင်ရာ (demographic) အချက်အလက်ကောက်ယူရန်အတွက် ယခုဇူလိုင်လကုန်ပိုင်းမှာစတင်မှာဖြစ်ပြီး အိန္ဒိယ ဗဟိုအစိုးရက မီဇိုရမ်ပြည်နယ်အစိုးရ ကို အိန္ဒိယရူပီးငွေ ၃၈ သိန်း သတ်မှတ်ပေးထားခဲ့ပြီး လိုအပ်ပါက ရန်ပုံငွေထပ်မံ ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ India Today မီဒီယာက ဖော်ပြပါတယ်။ ဒုက္ခသည်များရဲ့ စာရင်းပေးသွင်းခြင်းအတွက် Foreigner Identification Portal ကိုအသုံးပြုကာ အွန်လိုင်းနည်းစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး အဓိကအားဖြင့် အင်တာနက်ချိတ်ဆက်မှုကောင်းမွန်တဲ့ မြို့များနဲ့ ကျေးရွာများမှ ဦးစွာဆောင်ရွက်တယ်လို့ မီဇိုရမ်ပြည်နယ်၊ ပြည်ထဲရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။ အဆိုပါဇီ၀ဆိုင်ရာ (biometric) နဲ့ လူဦးရေဆိုင်ရာ (demographic) အချက်အလက်စာရင်းကောက်ခံမှုမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း…

Read More

မလေးရှားမှာ ဆူပူရမ်းကားမှုတွေကို လက်တွဲဖြေရှင်းနိုင်ဖို့ ရဲအရာရှိအကြီးအကဲတွေနဲ့ ချင်းဒုက္ခသည်ညွှန့်ပေါင်းအဖွဲ့ ( ICC) ခေါင်းဆောင်တွေ ဒီကနေ့မှာ အရေးပေါ်အစည်းဝေးလုပ်ခဲ့

ဇူလိုင်လ ၁၇ ရက်။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့နေရာတချို့မှာ ချင်းလူမျိုးတွေရဲ့ စည်းကမ်းမဲ့ သောက်စားမူးရစ် ရမ်းကားတာတွေ စည်းကမ်းမဲ့ နေထိုင်သွားလာတာတွေနဲ့ ပက်သက်ပြီး လက်တွဲဖြေရှင်းနိုင်ဖို့ IPD – Dang Wangi ရဲဌာန အရာရှိအကြီးအကဲတွေနဲ့ မလေးရှားရောက် ချင်းဒုက္ခသည်ညွှန့်ပေါင်းအဖွဲ့ ( ICC) ခေါင်းဆောင်တွေ ဒီကနေ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ CRC ရုံးမှာ အရေးပေါ်တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အစည်းဝေးမှာ ပါဝင်တက်ရောက်ခဲ့တဲ့ ICC က တာဝန်ရှိသူတစ်ဦးက “သြဂုတ်လ ၉ ရက်နေ့ လူထုအစည်းအဝေးရှိမယ် ရဲအရာရှိက မိန့်ခွန်းလာပြောလိမ့်မယ် အဓိကတော့ လမ်းဘေးတွေမှာ အရက်သောက်မူးယစ်ရမ်းကားတဲ့သူတွေ ကင်းစင်အောင်ပေါ့ စီစဉ်ထားကြတာက မူးယစ်ရမ်းကားဖြစ်တဲ့သူတွေကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဝင်ထိန်းပေးမယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ပြောလို့မရရင် အာဏာပိုင်တွေကို အကြောင်းကြားရမယ်…

Read More

မလေးရှားနိုင်ငံမှာ ဖမ်းဆီးထားတဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား ၁၀ ရက်အတွင်း  နေရပ်ပြန်ပို့ရန် သတ်မှတ်

မလေးရှား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန အနေဖြင့် အချုပ်စခန်းများတွင် လူပြည့်ကြပ်နေမှုများကို ဖြေရှင်းရန်အတွက် ဖမ်းဆီးထားတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို (၁၀) ရက်အတွင်း သက်ဆိုင်ရာနိုင်ငံများကို ပြန်လည်ပို့ဆောင်ရန် သတ်မှတ်လိုက်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် Datuk Zakaria Shaaban က ဖမ်းဆီးရမိတဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများရဲ့ ၈၀ ရာခိုင်နှုန်းကိုလည်း အသေအချာစစ်ဆေးပြီ ဖြစ်ပြီး သတ်မှတ်ထားတဲ့ ၁၀ ရက်အတွင်း နိုင်ငံအတွင်းက နှင်ထုတ်ဖို့စီစဉ်ဆောင်ရွက်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ Datuk Zakaria Shaaban က ဖမ်းဆီးရမိတဲ့သူများအနက် စာရွက်စာတမ်းဆိုင်ရာမှာ စိစစ်မှုကြန့်ကြာမှုရှိသူများ ပါဝင်မှာမဟုတ်သေးပဲ၊ လူဝင်မှုကြီးကြပ်ရေးစခန်းအားလုံးမှာရှိတဲ့ ဖမ်းစီးခံရသူများအတွက် Key Performance Index ( အဓိက စွမ်းဆောင်ရည်အညွှန်းကိန်း) သတ်မှတ်ထားကာ နှင်ထုတ်ခြင်းအတွက်ပါဝင်တဲ့သူတွေကို ၁၀ ရက်အတွင်း ၎င်းတို့ရဲ့နိုင်ငံအသီးသီးကို ပြန်ပို့တာကိုဆောင်ရွက်သွားမှာဖြစ်တယ်လို့ Media Prima Bhd ကိုပြောကြားခဲ့ပါတယ်။…

Read More

မီဇိုရမ်ပြည်ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ရတဲ့ ချင်းစစ်ဘေးရှောင်တွေအတွက် မီဇိုလူငယ်အသင်းက ရူပီးငွေ ၆ သိန်းဖိုးလှူဒါန်း

ဇူလိုင်လ ၁၀ ရက်။ ဇူလိုင်လဆန်းကစပြီး ဖလမ်းမြို့နယ်အတွင်းမှာ ချင်းလက်နက်ကိုင်အဖွဲ့အချင်းချင်း ဖြစ်တဲ့ တိုက်ပွဲပဋိပက္ခတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးရှောင်လာတဲ့သူတွေအတွက် ဗဟိုမီဇိုလူငယ်အသင်း ( Central Young Mizo Association – CYMA) က အိန္ဒိယ ရူပီးငွေ ၆ သိန်းဖိုးထောက်ပံ့ လှူဒါန်းခဲ့တယ်လို့ All India Radio News Aizawl ရဲ့ ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့ ဖော်ပြချက်အရ သိရပါတယ်။ အိန္ဒိယ – မြန်မာ နယ်စပ် ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ (၂) ရက်နေ့ကစလို့ ချင်းအမျိုးသားအဖွဲ့ချုပ် ( CNO/ CNDF) နဲ့ CDF…

Read More